မင်္ဂလာပွဲနဲ့ ဟန်းနီးမွန်း အချိန်ဘယ်လောက်ခြားမလဲ

by: Phyo Pyae Thu
 0 comments  0 love

 ပျော်ရွှင်စရာ ကောင်းတဲ့ ပျားရည်ဆမ်းခရီးလေးဖြစ်ဖို့အတွက် မင်္ဂလာပွဲနဲ့ အချိန်ခြားပြီးမှသွားသင့်ပါတယ်နော်။  နောက်ပြီး ကြိုတင်ပြင်ဆင်ဖို့လည်း မမေ့နဲ့နော်။

စုံတွဲလေးတို့ရေ ပျားရည်ဆမ်းခရီးလို့ ကြားလိုက်တာနဲ့ ပျော်ရွှင်စရာကောင်းပြီး ပူပူနွေးနွေး လင်မယားတို့ ချစ်ချစ်ခင်ခင် ခရီးသွားတဲ့ အကြောင်းလေး ပြေးမြင်မိကြတယ်မလား၊  ပျားရည်ဆမ်းခရီးဆိုတာက ပျော်ပျော်ရွှင်ရွှင် သွားရမယ့် ခရီးဖြစ်တာမို့ စိတ်ရောကိုယ်ပါ ပင်ပန်းပြီး စီစဉ်ခဲ့ရတဲ့ မင်္ဂလာပွဲလေးနဲ့ အချိန်ခြားဖို့တော့ လိုပါတယ်။ အချိန်ဘယ်လောက်ခြားပြီး စီစဉ်ရင် အကောင်းဆုံး ဖြစ်မလဲဆိုတာ ပြောပြမယ်နော်။

မင်္ဂလာပွဲပြီးနောက်

စုံတွဲလေးတို့ မင်္ဂလာပွဲပြီးနောက်မှာ ချက်ချင်း သွားမယ်ဆိုရင်တော့ ပွဲက ပင်ပန်းထားသမျှရယ်၊ ခရီးက ပင်ပန်းတာတွေနဲ့ အဆင်မပြေနိုင်ပါဘူး။ မင်္ဂလာပွဲပြီးနောက်မှာ ချက်ချင်းသွားမယ်ဆိုရင်လည်း ပြင်ဆင်ချိန်က သိပ်မရတာမို့ မချောမွေ့တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပွဲပြီးပြီးချင်း မသွားသင့်ပါဘူးနော်။

မင်္ဂလာပွဲပြီးနောက် (photo: Phú Quốc Xanh)

မင်္ဂလာပွဲပြီး အချိန်ကြာမှ

မင်္ဂလာပွဲပြီး အချိန်ကြာမှ ပျားရည်ဆမ်းခရီးထွက်မယ်ဆိုရင်တော့ စစချင်းတုန်းကလောက်တော့ ဘယ်ပျော်စရာ ကောင်းမလဲနော်။ ရင်ခုန်သံတွေ လတ်ဆတ်နေဖို့ လိုတယ်လေ။ အချိန်တွေ အရမ်းခြားလိုက်တာက ကြားထဲမှာ စီးပွားရေး၊ လူမှုရေးတွေနဲ့ အလုပ်ရှုပ်ပြီး ပျားရည်ဆမ်းဖို့ အချိန်မပေးနိုင်သလို ဖြစ်သွားတတ်ပါတယ်။ မင်္ဂလာပွဲပြီးနောက် အချိန်ကြာမှ သွားတာမျိုး မလုပ်ပါနဲ့နော်။

မင်္ဂလာပွဲပြီး အချိန်ကြာမှ (photo: TripAdvisor)

မင်္ဂလာပွဲပြီး(၁) ပတ်

မင်္ဂလာပွဲပြီးနောက် (၁) ပတ်ကတော့ ဟန်းနီးမွန်း ထွက်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ မင်္ဂလာပွဲပြီးနောက် (၂) ရက်လောက်မှာ လင်မယားနှစ်ယောက် နေထိုင်ဖို့ စီစဉ်ပြီး သွားဖို့ လိုအပ်တာတွေလည်း အေးအေးဆေးဆေး ပြန်စစ်ချိန် ရမှာပါ။ ဒါဆိုရင် မင်္ဂလာပွဲလေး ပြီးနောက် ရင်ခုန်သံလေးတွေကလည်း လတ်ဆတ်နေမှာလေနော်။ (၁) ပတ်အတွင်း ဆိုရင်တော့ မင်္ဂလာပွဲမှာ ပင်ပန်းခဲ့သမျှကို အပန်းဖြေဖို့ အကောင်းဆုံး ဖြစ်မှာပါ။

မင်္ဂလာပွဲပြီး(၁) ပတ် (photo: Travbae)

ကြိုတင်ပြင်ဆင်ခြင်း

စုံတွဲလေးတို့ မင်္ဂလာပွဲပြီးနောက် (၁) ပတ်အတွင်း ခရီးထွက်နိုင်ဖို့ဆိုရင် ကြိုတင်ပြီး ပြင်ဆင်တာတွေ လုပ်ထားသင့်ပါတယ်နော်။ ပျားရည်ဆမ်းကို နိုင်ငံခြား ခရီးစဉ် ရွေးချယ်ထားတယ်ဆိုရင် ပိုပြီးတော့ ပြင်ဆင်ထားဖို့ လိုပါတယ်နော်။ ဟန်းနီးမွန်းကို ကြိုတင်ပြင်ဆင်မှုတွေ အားလုံးပြီးမှပဲ ထွက်ပါနော်။ ဒါမှ ဘေးကင်းပြီး ပျော်ရွှင်ရမယ့် ပျားရည်ဆမ်းခရီးလေး ဖြစ်မှာပါနော်။

စုံတွဲလေးတို့ရေ ပျော်ရွှင်စရာ ကောင်းတဲ့ ပျားရည်ဆမ်းခရီးလေးဖြစ်ဖို့အတွက် မင်္ဂလာပွဲနဲ့ အချိန်ခြားပြီးမှသွားသင့်ပါတယ်နော်။  နောက်ပြီး ကြိုတင်ပြင်ဆင်ဖို့လည်း မမေ့နဲ့နော်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords