Advertisement

ပျားရည်ဆမ်း ခရီးဆိုတာ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြစ်ရမယ့် ခရီးစဉ်လေးပါ။ ပြန်မရနိုင်တဲ့ အမှတ်တရကောင်းတစ်ခုပါ

စုံတွဲလေးတို့ မင်္ဂလာပွဲလေး ပြီးပြီဆိုရင်တော့ နောက်ဆက်တွဲ လုပ်လေ့ရှိကြတာက ဟန်းနီးမွန်း ထွက်တာပါ။ ဟန်းနီးမွန်း ထွက်မယ်ဆိုရင် သိထားသင့်တာတွေလည်း ရှိပါတယ်။ ဟန်းနီးမွန်းအတွက် ပြင်ဆင်မယ်ဆိုရင် စုံတွဲလေးတို့ သတိထားရမှာတွေ၊ မဖြစ်မနေ စီစဉ်ထားရမှာတွေကို ထည့်စဉ်းစားထားဖို့ လိုပါတယ်။ ပျားရည်ဆမ်းမယ့် စုံတွဲလေးတိုင်း သိထားရမယ့် အချက်တွေလည်း ရှိတာမို့ Marry က ဖော်ပြပေးလိုက်ပါတယ်နော်။

ဟန်းနီးမွန်းရဲ့ ပုံစံကို သေချာတိုင်ပင်ထားပါ

ဟန်းနီးမွန်းက Relax ပုံစံလား၊ လျှောက်သွား လျှောက်စား ပုံစံမျိုးလေးလား၊ စွန့်စွန့်စားစား သွားမှာလား ဒါမျိုးလေးတွေ သေချာတိုင်ပင်ထားဖို့ လိုပါတယ်။ နှစ်ယောက်စလုံး ကွဲကွဲပြားပြား သိနေရပါမယ်နော်။ ဒါမှသာ ဟန်းနီးမွန်းမှာ စကားမများရမှာပါ။  မဟုတ်ရင် ဟိုရောက်မှ တစ်ယောက်က အနားယူချင်တယ်၊ တစ်ယောက်က လျှောက်စား၊ လျှောက်သွားလုပ်မယ်ဆိုရင် အဆင်မပြေနိုင်တာကြောင့်ပါ။

စိတ်လျှော့ထားပါ

စိတ်လျှော့ထားပါ

စိတ်လျှော့ထားပါ

ဟန်းနီးမွန်းအတွက် မျှော်လင့်ချက် အများကြီး ထားတာမျိုး မလုပ်ပါနဲ့နော်။ တစ်ခါတလေမှာ ကိုယ်စီစဉ်ထားသလို မဖြစ်တာမျိုး ရှိတတ်တာမို့ စိတ်လျှော့ထားပါ။ မဟုတ်ဘူးဆိုရင် စီစဉ်ထားသလို မဖြစ်လို့ဆိုပြီး စိတ်ညစ်၊ စိတ်ရှုပ်ဖြစ်နေတတ်ပါတယ်။ ဒါကလည်း စုံတွဲလေးတို့ သိထားရမယ့် အချက် တစ်ချက်ပဲနော်။

ကား/ လေယာဉ်လက်မှတ် စီစဉ်တဲ့အခါ

စုံတွဲလေးတို့အနေနဲ့ သယ်ယူပို့ဆောင်ရေးတွေ စီစဉ်တဲ့အခါ အသွားအပြန် လက်မှတ် တစ်ခါတည်း စီစဉ်ပါ။ နောက်ပြီး ဟန်းနီးမွန်းနေရာမှာ သွားမယ့် ပို့ဆောင်ဆက်သွယ်ရေးတွေအတွက်လည်း ကြိုတင်စီစဉ်သွားပါ။ ဒါမှသာ ပျားရည်ဆမ်း ခရီးမှာ အဆင်ပြေပြေ ဖြစ်မှာပါ။

ကား/ လေယာဉ်လက်မှတ် စီစဉ်တဲ့အခါ

ကား/ လေယာဉ်လက်မှတ် စီစဉ်တဲ့အခါ

ဖုန်းသုံးတာတွေ လျှော့ပါ

ပျားရည်ဆမ်း ခရီးဆိုတာ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြစ်ရမယ့် ခရီးစဉ်လေးပါ။ ပြန်မရနိုင်တဲ့ အမှတ်တရကောင်းတစ်ခုပါ။ ဒီလိုအချိန်မှာ ဖုန်းသုံးနေတာ၊ ဂိမ်းဆော့နေတာမျိုး ရှောင်ပါ။ တချို့ သတို့သားလေးတွေက ဂိမ်းဆော့ကြတယ်မလား။ ဒီလိုအချိန်မှာတော့ အချစ်ရိပ်တွေ လွှမ်းခြုံနေတာကလွဲပြီး ဘာကိုမှ အာရုံမရသင့်ပါဘူး။

ဟန်းနီးမွန်းထွက်မယ့် စုံတွဲလေးတိုင်း လမ်းခရီးမှာ အဆင်ပြေပြီး အချစ်တွေ ဖြောင့်ဖြူးနိုင်ဖို့ ဒီအချက်လေးတွေ လိုတယ်နော်။

Comments

0 comments