ဟန်းနီးမွန်းထွက်မယ့် သတို့သားလေးတို့ သိထားရမှာတွေ

by: Phyo Pyae Thu
 0 comments  0 love

တစ်သက်မမေ့နိုင်တဲ့ ဟန်းနီးမွန်း ခရီးစဉ်လေး ဖြစ်ချင်တယ်ဆိုရင်တော့  ပြောပြထားတဲ့ အချက်လေးတွေကို လုပ်ဆောင်ပေးနော်။ သတို့သားလေးတိုင်း သိထားသင့်တဲ့အချက်တွေပါပဲ။

ဟန်းနီးမွန်း ဆိုတဲ့ ခရီးစဉ်လေးမှာ သတို့သမီးလေးပဲ ရင်ခုန်စိတ်ကူးယဉ်တာ မဟုတ်ပါဘူးနော်။ သတို့သားလေးတို့လည်း ကိုယ်ချစ်ရတဲ့ ဇနီးလေးနဲ့ ခရီးထွက်ခွင့် ရပြီး ပျော်ရွှင်စရာ အခိုက်အတန့်လေး ပိုင်ဆိုင်ရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားနေမှာ သေချာပါတယ်နော်။ ဒီလိုမျိုး နှစ်ယောက်စလုံး ပျော်ရွှင်ရမယ့် ဟန်းနီးမွန်း ခရီးစဉ်လေးမှာ အဆင်ပြေစေဖို့ သတို့သားလေးတို့ သိရမယ့် အချက်တွေလည်း ရှိပါတယ်နော်။

ခရီးစဉ်တစ်လျှောက်လုံးကို သိနေပါစေ

ဟန်းနီးမွန်း ခရီးစဉ်နဲ့ ပတ်သက်ပြီး မိန်းကလေးကပဲ အများဆုံး စီစဉ်လေ့ ရှိပြီး စိတ်တိုင်းကျ ရွေးချယ်လေ့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သတို့သားကလည်း သိထားဖို့ လိုပါတယ်နော်။ ဟန်းနီးမွန်း ခရီးစဉ်တလျှောက်လုံး သိထားဖို့ ကြိုးစားရမှာပါ။ လမ်းရောက်မှ ဘယ်ဟာက ဘယ်လိုလဲ အစရှိသလို တစ်ခုချင်းစီလိုက်မေးနေရင် သတို့သမီးလေးက စိတ်ဆိုးမှာ သေချာပါတယ်နော်။

ကိုယ့်တကိုယ်ရည်စာတွေ ပါအောင် ထည့်ပါ (photo: مجلة هي)

စိတ်ရှည်ပြီး အလိုလိုက်ပါ

ဟန်းနီးမွန်းဆိုတာ တစ်ဘဝလုံးမှာ တစ်ခါသာရတဲ့ အခိုက်အတန့်လေးပါ။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်လေးကို သေချာ ဂရုစိုက်ပါ။ စိတ်ရှည်ပြီး အလိုလိုက်ပါ။ ဟန်းနီးမွန်းလေးမှာတော့ ကိုကိုက အရမ်းဂရုစိုက်တာပဲနော်လို့ ပြောရလောက်တဲ့အထိဖြစ်အောင်ကို ဂရုစိုက်ပေးပါ။ ဒါဟာ အမှတ်တရ အဖြစ်ဆုံး နည်းလမ်းလေးပါ။

ကိုယ့်တကိုယ်ရည်စာတွေ ပါအောင် ထည့်ပါ

သတို့သားလေးတို့ရေ ကိုယ့်တရည်စာ ပစ္စည်းပစ္စယတွေကို ဇနီးက အစအဆုံး လိုက်ထည့်ပေးရတာမျိုး မဖြစ်ပါစေနဲ့နော်။ သူက အကုန်စီစဉ်ပေးထားတယ်ဆိုရင်တောင် ကိုယ်က ပြန်စစ်တာမျိုး၊ ကိုယ်လိုချင်တာတွေ ပါ မပါ သေချာ ပြန်ကြည့်ဖို့ လိုပါတယ်။ ဒါမှ ဟန်းနီးမွန်းအတွက် တစ်ယောက်တည်းကပဲ အကုန်ပင်ပန်းနေတာမျိုး မဖြစ်မှာပါ။

ခရီးစဉ်တစ်လျှောက်လုံးကို သိနေပါစေ (photo: WeddingWire)

လက်ဆောင်ပစ္စည်းလေး ပါပါစေ

သတို့သားလေးရေ ဟန်းနီးမွန်း ထွက်ပြီဆိုရင် ဇနီးလေးအတွက် Surprise လက်ဆောင် ပါပါစေ။ ဒါက ဇနီးလေးအတွက် အပျော်ရွှင်ဆုံး ဟန်းနီးမွန်း ခရီးလေး ဖြစ်မှာပါ။ တန်ဖိုးနည်းတာ များတာထက် သူလိုချင်တဲ့ ပစ္စည်းလေး ဖြစ်အောင် စီစဉ်ပါ။ ဇနီးလေးကို ပျော်အောင် ထားဖို့က ကိုယ့်တာဝန်ပဲလေနော်။

တစ်သက်မမေ့နိုင်တဲ့ ဟန်းနီးမွန်း ခရီးစဉ်လေး ဖြစ်ချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေကို လုပ်ဆောင်ပေးနော်။ သတို့သားလေးတိုင်း သိထားသင့်တဲ့အချက်တွေပါပဲ။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords