Advertisement

အရင်ဆုံး Review လေးတွေ ဖတ်ထားသင့်ပါတယ်။ Review လေးတွေ ဖတ်ထားမယ်ဆိုရင် စိတ်တိုင်းကျ မဖြစ်နိုင်တဲ့ နေရာတွေကို သေချာရှောင်နိုင်မှာပါ

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းထွက်မယ် စိတ်ကူးနေလား။ ဟန်းနီးမွန်းထွက်တဲ့အခါမှာ အဆင်ပြေချောမွေ့ချင်တယ်ဆိုရင်တော့ မထွက်သင့်တဲ့နေရာတွေကို အထူးရှောင်ဖို့ လိုပါတယ်နော်။ ဟန်းနီးမွန်း ထွက်တဲ့အခါမှာ ဘယ်လိုနေရာတွေကို ရှောင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ရာသီဥတု

သွားမယ့်နေရာရဲ့ ရာသီဥတုကို မဖြစ်မနေ ကြည့်ပါ။ ရာသီဥတု ဆိုးတာက စိတ်ညစ်စရာ အကောင်းဆုံးပါ။ ပူလွန်းတာ၊ အေးလွန်းတာ၊ ဂျပန်လိုနေရာမျိုးဆိုရင် မုန်တိုင်း၊ ငလျင် မကြာခဏ ဖြစ်နေတတ်တာ စတဲ့ ရာသီဥတု အဆင်မပြေတာတွေ မရွေးပါနဲ့။ ရာသီဥတု ဆိုးတာက လေယာဉ် အပြောင်းအလဲတွေလည်း ဖြစ်နိုင်ပြီး စီစဉ်ထားတာတွေပါ ပျက်ကုန်နိုင်တာကြောင့်ပါ။ ဒါကြောင့် ရာသီဥတုဆိုးတဲ့နေရာတွေ မရွေးပါနဲ့။

ရာသီဥတု (photo:grapherphuketthailand.com)

လူများလွန်းတဲ့နေရာ

စုံတွဲလေးတို့ရေ လူများလွန်းတဲ့နေရာတွေကိုလည်း မရွေးချယ်ပါနဲ့နော်။ လူများလွန်းတဲ့နေရာတွေ ရွေးထားမယ်ဆိုရင် နှစ်ယောက်စလုံး လူတွေရှုပ်လို့ ပင်ပန်းပြီး ဘယ်မှမသွားဖြစ်တာမျိုး၊ အေးအေးဆေးဆေး မရှိတာမျိုး ဖြစ်တတ်တာကြောင့်ပါ။ လူများလွန်းတဲ့နေရာတွေကို မကြိုက်ရင် ရှောင်ပါ။

ပင်ပန်းမယ့်နေရာ (photo: photographerphuketthailand.com)

လမ်းကြမ်းတဲ့နေရာ

ခရီးကြမ်းတဲ့နေရာတွေကို မရွေးချယ်ပါနဲ့။ အပန်းဖြေဖို့ သွားတဲ့ ဟန်းနီးမွန်းက အပန်းမပြေဘဲ ပိုပြီး ပင်ပန်းစေနိုင်တာကြောင့်ပါ။ ခရီးကြမ်းလို့ ပင်ပန်းထားတဲ့အခါ ချစ်တင်းနှောမယ့် ကိစ္စတွေမှာလည်း အနှောင့်အယှက် ဖြစ်စေမှာပါ။ ဒါကြောင့် ခရီးကြမ်းတဲ့နေရာတွေကို အထူးရှောင်ရပါမယ်။ လမ်းဝေးလွန်းတာကလည်း အချိန်တွေပိုကြာစေပြီး စိတ်ညစ်ရနိုင်ပါတယ်။

စိတ်တိုင်းကျ မဖြစ်နိုင်တဲ့နေရာတွေ

စုံတွဲလေးတို့ ဟန်းနီးမွန်းထွက်တော့မယ်ဆိုရင် အရင်ဆုံး Review လေးတွေ ဖတ်ထားသင့်ပါတယ်။ Review လေးတွေ ဖတ်ထားမယ်ဆိုရင် စိတ်တိုင်းကျ မဖြစ်နိုင်တဲ့ နေရာတွေကို သေချာရှောင်နိုင်မှာပါ။ အစားအသောက် မကောင်းတာ၊ ဝန်ဆောင်မှု ညံ့တာတွေကို ရှောင်နိုင်မယ်ဆိုရင် ဟန်းနီးမွန်းက ပျော်စရာကောင်းမှာပါ။ ဒါကြောင့် Review မကောင်းတဲ့နေရာတွေကို ရှောင်ပါ။

ဟန်းနီးမွန်းမထွက်သင့်တဲ့နေရာတွေ (photo:grapherphuketthailand.com)

 

အသိမိတ်ဆွေတွေများတဲ့နေရာ

ဟန်းနီးမွန်းလေး အေးအေးဆေးဆေ ထွက်ပါတယ်ဆိုမှ အသိမိတ်ဆွေတွေက လာနှုတ်ဆက်တာ၊ သူတို့တွေဆီ ဝင်လာတာ၊ ဧည့်ခံရတာတွေ ဖြစ်နေရင် ဘယ်အဆင်ပြေပါ့မလဲနော်။ အဲဒါကြောင့် မိတ်ဆွေတွေ များတဲ့နေရာတွေ ရှောင်ပါ။ အကယ်လို့ သွားရင်လည်း သူ့တို့ကို မပြောပြထားပါနဲ့။

ဟန်းနီးမွန်း မထွက်သင့်တဲ့နေရာတွေ သိပြီဆိုရင်တော့ အဆင်ပြေမှာပါ။

Comments

0 comments