Advertisement

ခုက ခရီးတွေသွားမရသေးတော့ ဟန်းနီးမွန်းကာလလေးကို အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရအောင်နော်။

ဟန်းနီးမွန်းကာလဆိုတာ မင်္ဂလာပွဲလေး ကျင်းပပြီးတဲ့နောက်မှာ နှစ်ယောက်သား အေးအေးဆေးဆေးလေး အနားယူပြီး ပျော်ရွှင်စရာ ဖြတ်သန်းကြတဲ့ အချိန်ပါ။ တချို့တွေကတော့ ပတ်ဝန်းကျင်အသစ်လေးဖြစ်အောင်ဆိုပြီး ခရီးတွေ ထွက်တာမျိုး ရှိပါတယ်။ အနည်းဆုံးတော့ (၂) ညအိပ် (၃) ရက်ခရီးပေါ့။ ခုက ခရီးတွေ မသွားရဘူးဆိုတော့ ကိုယ့်ရဲ့ မင်္ဂလာဦးအိမ်လေးမှာ ပျော်ဖို့ စဥ◌်းစားရမယ်လေနော်။ အဓိကက နှစ်ဦးသား ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာလေး ဖြတ်သန်းဖို့ပဲဆိုတော့ ဟန်းနီးမွန်း မထွက်ဖြစ်လည်း ချစ်ချစ်ခင်ခင်လုပ်လို့ရမယ့် ကိစ္စတွေများပါတယ်။

ဇာတ်ကားကောင်းကောင်း ကြည့်ပါ

အလုပ်ကိစ္စတွေ၊ တခြားသူငယ်ချင်းဆီက ဖုန်းတွေကြောင့် ဟန်းနီးမွန်းကာလလေးမှာ အနှောင့်အယှက် မဖြစ်တာ အကောင်းဆုံးပါ။ အိမ်မှာနေပြီး ချစ်သူနဲ့ အတူတူ ပျော်စရာကောင်းမယ့် ဇာတ်ကားလေးတွေ ကြည့်တာမျိုး လုပ်ပါ။ ဇာတ်လမ်းတွဲတော့ မကြည့်သင့်ပါဘူးနော်။

အိမ်မှုကိစ္စ အတူတူလုပ်ပါ

စားချင်တဲ့ ဟင်းလျာအသစ်လေးတွေ အတူတူ ချက်တာ၊ ဟင်းချက်စာအုပ်ထဲက သရေစာမုန့် လုပ်တဲ့နည်းတွေ ကြည့်ပြီး ချက်တာမျိုး လုပ်ကြည့်ပါ။ ဒါက ပျော်ရွှင်စရာကောင်းမယ့် အစီအစဉ်ဆိုတာ သေချာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခွံ့ကျွေးတာမျိုး လုပ်ပါ။ ဒါက တစ်ယောက်အကြောင်း တစ်ယောက် ပိုသိစေနိုင်မယ့် အချက်ပါပဲ။

အမှတ်တရဓါတ်ပုံ

အမှတ်တရအနေနဲ့ အိမ်နေရင်းအင်္ကျီလေးတွေ ဝတ်ပြီး ဓါတ်ပုံ ရိုက်ပါ။ စိတ်ကူးရှိတယ်ဆိုရင်တော့ အပေါ်မှာပြောပြထားသလို ထမင်း၊ ဟင်းချက်တဲ့အခါမှာ ဓါတ်ပုံ၊ ဗီဒီယိုလေးတွေနဲ့ မှတ်တမ်းတင်ထားပါ။

ဂိမ်းလေးတွေ ဖန်တီးပါ

ဖုန်း၊ laptop တွေနဲ့ ကစားရတဲ့ ဂိမ်းမျိုး မဟုတ်ဘဲ ဒိုးဆက် ဆော့တာမျိုး၊ ဘောပင်လေးနဲ့ အစက်လေးတွေမှတ်ပြီး အကွက်လေးဖြစ်အောင် ဆက်တာမျိုး စတဲ့ နှစ်ဦးလုံး ပါဝင်ပျော်ရွှင်ရမယ့် ဂိမ်းအသေးစားလေးတွေ ဆော့ပါ။

အိမ်မှာ ဝိုင်သောက်ပါ

ညစာကို  Romantic ဆန်ဆန် ကိုယ့်အိမ်မှာပဲ ပြင်ဆင်ပြီး အချိန်တွေ ဖြတ်သန်းကြည့်ပါ။  ဝိုင်လေးတစ်ခွက်လောက် သောက်တာမျိုးလည်း လုပ်ပါ။ ဝိုင်က အချစ်စိတ်ကို နိုးကြားစေပါတယ်နော်။ ဒီအချိန်မှာ စကားလေးတွေ ကြည်ကြည်နူးနူးပြောကြတာမျိုး လုပ်ပါ။

 

Comments

0 comments