Advertisement

စုံတွဲလေးတို့ရဲ့ ဟန်းနီးမွန်း ခရီးစဉ်က မန္တလေးဆိုရင်တော့ လျှောက်လည်လို့ ရမယ့်နေရာတွေနဲ့ ဆောင်သွားရမယ့် အရာတွေကို သိထားပေးနော်။ ဒါဆို အဆင်ပြေမှာပါ။

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းဆိုတာ နှစ်ယောက်အတူတူ အမှတ်တရ ရှိတဲ့နေရာ ဒါမှမဟုတ် မရောက်ဖူးတဲ့ နေရာကို သွားကြတာမလား။ ဟန်းနီးမွန်းကို ရှေးဟောင်း အမွေအနှစ်တွေ၊ နန်းတော်တွေနဲ့ တခြားရှူခင်းတွေ မြင်ရမယ့် နေရာ သွားချင်တယ်ဆိုရင်တော့ မန္တလေးကို ရွေးချယ်လို့ ရပါတယ်။ ဒီတော့ မန္တလေးမှာ ဘယ်နေရာတွေ လည်ပတ်လို့ ရမလဲဆိုတာ ပြောပြမယ်နော်။

မန္တလေးတောင်

မန္တလေးတောင်  (photo: https://www.flickr.com/)

ပူပူနွေးနွေး ဇနီးမောင်နှံလေးတို့ရေ အတူလက်တွဲလို့ မန္တလေးတောင်ကို ယှဉ်တွဲ တက်လို့ ရပါပြီနော်။ မန္တလေးတစ်မြို့လုံးရဲ့ ရှူခင်းတွေကို တောင်ပေါ်ကနေ ခံစားလို့ ရပြီး ဘုရားအတူတူ ဖူးမျှော်လို့ ရမှာပါ။ အလှူဒါနလေးတွေ လုပ်ရင်း နှစ်ယောက်အတူတူလည်း ကုသိုလ်ယူလို့ ရတာမို့ တကယ့်ကို ကြည်နူးစရာ ကောင်းတဲ့နေရာလေး ဖြစ်မှာပါ။

မဟာမြတ်မုနိ

မဟာမြတ်မုနိ  (photo: https://www.flickr.com/)

စုံတွဲလေးတို့ရေ မန္တလေးကို ရောက်ပြီဆိုမှတော့ မသွားမဖြစ်က မဟာမြတ်မုနိဘုရားပါပဲ။ မနက်စောစော ဘုရားဖူးပြီး အတူကုသိုလ်ယူလို့ ရတာမို့ ဟန်းနီးမွန်း ခရီးစဉ်လေးက အကောင်းဆုံးတွေ စုစည်းထားတဲ့ ခရီးဖြစ်မှာပါ။

နန်းတော်

နန်းတော် (photo: https://www.flickr.com/)

ရှေးဟောင်းအမွေအနှစ်တွေနဲ့ သမိုင်းတွေ ပြည့်နှက်နေတဲ့ နေရာကို အတူတူ လေ့လာခွင့်ရမှာဆိုတော့ တကယ့်ကို ပျော်စရာကြီးပါပဲ။ နောက်ပြီး ဝတ်စုံ လှလှလေးတွေနဲ့ ဓါတ်ပုံ ရိုက်တာတွေ လုပ်လို့ရပြီး အချိန်ဘယ်လိုကုန်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူးနော်။ နန်းရာဇဝင်အကြောင်းတွေလည်း တဝကြီး ဆွေးနွေးလို့ ရပြီလေနော်။

တောင်သမန်အင်း (ဦးပိန်တံတား)

တောင်သမန်အင်း  (photo: https://www.flickr.com/)

စုံတွဲလေးတို့ရေ မန္တလေးရောက်ပြီဆိုရင်တော့ အချိန်နည်းနည်း ထပ်ပေးလိုက်ရင် အမရပူရမှာ ရှိတဲ့ တောင်သမန်အင်းကို ရောက်မှာပါ။ မဖြစ်မနေ သွားလည်သင့်တဲ့ နေရာပါပဲနော်။ တံတားအဆုံးထိ အတူတူလျှောက်ရင် လက်တွဲတွေ မြဲတယ်လို့ ပြောကြပါတယ်။ ညနေဘက်ဆိုရင်တော့ တံတားပေါ် လမ်းလျှောက်ရင်း လေညှင်းလေးခံ နောက်ပြီး တံတားအဆုံးမှာ အကြော်လေးတွေစား၊ ဓါတ်ပုံလေးတွေရိုက်နဲ့ ပျော်စရာ ဟန်းနီးမွန်း ဖြစ်မှာပါ။

  • နေရောင်ခြည်ကာ ခရင်(မ်)

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းထွက်တဲ့အခါ ယူသွားရမယ့် ပစ္စည်းနဲ့ သွားမယ့်နေရာရဲ့ ရာသီဥတုကို သိထားဖို့ လိုပါတယ်။ ရာသီဥတုကတော့ မန္တလေးက ပူတဲ့ရာသီမို့  နေရောင်ကာ ခရင်(မ်) မဖြစ်မနေ ယူသွားပါ။ လိမ်းပါ။ ဒါမှ စုံတွဲလေးတို့ အသားအရည် မပျက်စီးမှာပါ။

  • အဝတ်အစား

ကမ်းခြေသွားရင် သူနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေ ရွေးချယ်ရသလိုပဲ မန္တလေးသွားရင်လည်း မန္တလေးနဲ့ ကိုက်ညီမယ့် ဝတ်စုံတွေ ယူသွားဖို့ လိုပါတယ်။ အပြင်ထွက်ရင် နေပူမှာ ဖြစ်တဲ့အတွက် အမည်းရောင် ရှောင်ပါ။ ချည်သားပါတဲ့ ဝတ်စုံတွေပဲ ထည့်ပါ။ အထူကြီးတွေ မထည့်ပါနဲ့နော်။

မန္တလေးကနေ ခရီးဆက်မယ်ဆိုရင်

မန္တလေးကနေ ခရီးဆက်မယ်ဆိုရင်

စုံတွဲလေးတို့ မန္တလေးကနေ ခရီးဆက်မယ်ဆိုရင်တော့ အေးချမ်းလှတဲ့ ပြင်ဦးလွင် မြို့နဲ့ စစ်ကိုင်းမြို့တွေကို အလည်အပတ် ဆက်သွားလို့ ရပါတယ်နော်။ ပြင်ဦးလွင်မှာဆိုရင်လည်း မဟာအံ့ထူးကံသာဘုရား၊ ကန်တော်ကြီးတွေကို သွားလို့ ရပြီး စစ်ကိုင်းမှာဆိုရင်တော့ တန်ခိုးကြီးဘုရား ရှိတဲ့ ကောင်းမှုတော်ဘုရားကိုလည်း ဖူးမျှော်လို့ ရပါသေးတယ်နော်။ ပြင်ဦးလွင်မှာ ရထားလုံးလေးစီးပြီး အလှဓါတ်ပုံတွေလည်း ရိုက်လို့ ရတာမို့ စုံတွဲလေးတို့အတွက် တကယ့်ကို ပျော်စရာ ကောင်းမှာပါ။

မန်းမြေမှ ချစ်တတ်သူတွေအားလုံး

ကိုယ်ချစ်ရတဲ့သူနဲ့ စိတ်ကူးအိပ်မက်ထဲကမင်္ဂလာပွဲကြီးအတိုင်း စီစဉ်ဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး “မန်းမြေမှ ချစ်သက်သေ” ဆိုတဲ့ Retro စတိုင်လ် Marry Wedding Day မန္တလေး ပွဲကြီးလာပါပြီ။

ဒီပွဲကြီးမှာ နိုင်ငံကျော်အနုပညာရှင်များစွာ တက်ရောက်မှာဖြစ်ပြီး မင်္ဂလာဆောင်တော့မယ့် သတို့သား သတို့သမီးလောင်းတွေအတွက်လည်း ဒီဇိုင်းနာ မျိုးမင်းစိုးရဲ့ ခမ်းနားဆန်းပြားသစ်လွင်တဲ့ မင်္ဂလာဝတ်စုံများကိုလဲ တစ်ဝကြီး မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်မှာမှမရနိုင်တဲ့ မင်္ဂလာ Package တွေ ၊ မင်္ဂလာပွဲအတွက် လိုအပ်တဲ့အရာမှန်သမျှကို တစ်နေရာတည်းမှာ ဆိုင်ခန်းပေါင်း (၃၀) ကျော်က ၆၀% ဒစ်စကောင့်တွေနဲ့အတူ အကောင်းဆုံး အတန်ဆုံးသော အထူးလျှော့ဈေးတွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

 ချစ်သူစုံတွဲတွေအားလုံးအတွက်လည်း

  • ထူးခြားထူးခြားနဲ့ ပျော်စရာကောင်းတဲ့ Couple Game အစီအစဉ်တွေ
  • ချစ်သူနဲ့အတူ အခမဲ့ Pre wedding ဓာတ်ပုံရိုက်ရမယ့် Bride to be အစီအစဉ်
  • ချစ်သူလေးကို Surprise လုပ်နိုင်ဖို့အတွက် Surprise Proposal အစီအစဉ်
  • သိန်း (၁၀၀) ကျော် ပေါက်မဲပေါင်းများစွာပါဝင်မယ့် Lucky Draw အစီအစဉ်နဲ့ လက်ဆောင်တွေမြောက်များစွာလည်း ပေးသွားဦးမှာပါ။

ဒီတော့ ကိုယ်ချစ်ရတဲ့မန္တလာမြေမှာ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ချစ်သက်သေတည်နိုင်ဖို့ ချစ်သူ့လက်ကိုဆွဲပြီး ပွဲကြီးစီလှမ်းလာလိုက်ပါတော့ …

နေ့ရက် : သြဂုတ်လ ၂၄ နှင့် ၂၅
အချိန် : မနက် (၉) နာရီ မှ ည (၇) နာရီ
နေရာ : Mandalay Convention Centre (MCC) ၊ သိပ္ပံလမ်း ၊ ၆၉ နှင့် ၇၂ ၊ မန္တလေးမြို့။
ဝင်ကြေး : အခမဲ့

 

Comments

0 comments