Advertisement

နှစ်ယောက်လုံးတစ်ခါမှ မရောက်ဖူးတဲ့နေရာတွေကို သွားမယ်ဆိုရင်တော့ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ဖို့ သိထားရမှာတွေ ရှိပါတယ်။

ဟန်းနီးမွန်းထွက်တယ်ဆိုတာ မင်္ဂလာဦးအမှတ်တရနဲ့ မင်္ဂလာဆောင်ကိစ္စတွေ စီစဉ်ပြီးလို့ စိတ်ရောကိုယ်ပါ အနားယူတဲ့ အချိန်ကာလလေးပါပဲ။ ခရီးထွက်ရပြီဆိုကတည်းကတော့ ကိုယ့်ရဲ့ ပုံမှန်မြင်တွေ့နေကျအရာ မဟုတ်တာတွေကို မြင်တွေ့ရဖို့က ရာခိုင်နှုန်းပိုများပါတယ်နော်။ ဟန်းနီးမွန်းခရီးစဉ်ရွေးချယ်တဲ့အခါမှာ ကမ်းခြေကတော့ ရွေးချယ်မှု အများဆုံး ဖြစ်ပြီး တချို့ကလည်း ပြည်တွင်းက နှစ်ယောက်စလုံးမရောက်ဖူးတဲ့နေရာ ဒါမှမဟုတ် ပြည်ပက နေရာတွေကို ရွေးချယ်တာ ရှိပါတယ်။

ရောက်ဖူးနေကျ နေရာတွေကို သွားမယ်ဆိုရင် ပြဿနာ မရှိပေမယ့် နှစ်ယောက်လုံးတစ်ခါမှ မရောက်ဖူးတဲ့နေရာတွေကို သွားမယ်ဆိုရင်တော့ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ဖို့ သိထားရမှာတွေ ရှိပါတယ်။

စိတ်ပိုင်းဆိုင်ရာ

တစ်ခါမှ မရောက်ဖူးတဲ့နေရာကို သွားမှာဖြစ်လို့ ဘယ်နားမှာ ဘာရှိမလဲဆိုတာ တိတိကျကျ မသိရနိုင်ပါဘူး။ ဒီတော့ ကျန်းမာရေးအတွက် ဆေးကတ်လေးတွေ၊ ဆေးဗူးတွေ၊ လိမ်းဆေးတွေ ဆောင်သွားဖို့ မမေ့ပါနဲ့နော်။ အသုံးအဆောင်ပစ္စည်း သေးသေးမွှားမွှားလေးတွေလည်း ယူသွားပါနော်။ အလှပြင်ပစ္စည်းတွေနဲ့ အဝတ်အစားအပိုလည်း ထည့်သွားပါ။ ဟိုရောက်မှ ဝယ်တာမျိုး မလုပ်ပါနဲ့နော်။ ဝယ်မယ်ဆိုလည်း အမှတ်တရ တစ်ထည်၊ နှစ်ထည်ပဲပေါ့နော်။

စုံစမ်းခြင်း

နှစ်ယောက်လုံး တစ်ခါမှ မရောက်ဖူးတဲ့နေရာကို ဟန်းနီးမွန်းအဖြစ် ရွေးချယ်လိုက်ပြီဆိုရင်တော့ သေသေချာချာလေး စုံစမ်းရမှာပါ။ သွားဖူးတဲ့သူတွေဆီမေးတာမျိုး၊ review တွေ များများ ဖတ်ရမှာပါ။ ပြည်ပနိုင်ငံဆိုရင် ပိုပြီးတော့ လေ့လာဖို့ လိုပါတယ်။ ဘယ်နေရာကနေ ဘယ်နေရာကို ဆက်သွားမယ်ဆိုတာမျိုး တစ်ခါတည်း သတ်မှတ်ထားရင် ပိုကောင်းပါတယ်။

ဟိုရောက်မှ ဟိုနားသွားရမလား၊ ဒီနားသွားရမလား ဝေခွဲနေရမယ်ဆိုရင် အချိန်ကုန် လူပန်းဖြစ်မှာပါ။ တစ်နေရာနဲ့ တစ်နေရာ ဘယ်လောက်အကွာအဝေးရှိတယ်ဆိုတာမျိုးလည်း သိထားဖို့လိုပါတယ်နော်။တည်းဖို့နေရာလည်း ကြိုတင်ပြီး ချိတ်သွားပါ။ ပုံမှန်ထက် နှစ်ဆ သေချာစီစဉ်ဖို့လိုပါတယ်။

နေရာအသစ်လေး ရွေးချယ်ထားရင်

နေရာအသစ်လေး ရွေးချယ်ထားရင်

ဘာတွေ ပြင်ဆင်သွားမလဲ

တစ်ခါတစ်လေ ကြိုတင်စီစဉ်ထားတာတောင်မှ လွဲချော်တတ်တဲ့ အခြေအနေဆိုတာ ရှိပါတယ်။ မရောက်ဖူးတဲ့နေရာ သွားတဲ့အခါမှာလည်း နည်းနည်းပါးပါး လွဲချော်တာလေးတွေ ရှိနိုင်ပါတယ်။ ဟန်းနီးမွန်း ခရီးစဉ်လေးကို အကောင်းဆုံး ရင်ခုန်မျှော်လင့်တတ်ကြတာ စုံတွဲတိုင်းပါပဲ။

ဒါပေမယ့်လည်း မမျှော်လင့်ထားတာလေးတွ ဖြစ်လာနိုင်တာမို့ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုတွေ ကြုံတိုင်း လမ်းခရီးမှာ “နင့်ကြောင့်၊ ငါ့ကြောင့်” ဆိုတာမျိုးနဲ့ ရန်ဖြစ်မနေဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ မျှေ်ာလင့်မထားတာတွေ ဖြစ်လာတတ်တာမို့ အကုန်လုံး အဆင်ပြေနေမယ်ဆိုတာမျိုး မမျှော်လင့်ထားတာ အကောင်းဆုံးပါ။

ပိုက်ဆံ

ပိုက်ဆံ

ပိုက်ဆံ

ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် တစ်ခါမှ မရောက်ဖူးတဲ့နေရာတွေ သွားမယ်ဆိုရင်တော့ ပိုက်ဆံက မပါမဖြစ်လေပဲနော်။ ပိုက်ဆံကို ငွေသားနဲ့လည်း ယူဆောင်ဖို့လိုသလို ကတ်နဲ့လည်း သယ်သွားပါ။ နှစ်ယောက်စလုံး မရောက်ဖူးတဲ့နေရာမှာ ပိုက်ဆံ ပြတ်လပ်တာမျိုး မဖြစ်ဖို့က အရေးအကြီးဆုံး မဟုတ်လား။ ဒီတော့ ပိုက်ဆံများများ ယူသွားပါ။

Tags: honeymoonnew place

Comments

0 comments