Advertisement

အဲ့ဒိပျော်စရာတွေကို ထာဝရအတွက် သိမ်းထားလို့ရအောင် ဓာတ်ပုံလေးတွေရိုက်ပြီး မှတ်တမ်းတင်ထားလိုက်ရင် ပိုပြီးတော့ မကောင်းဘူးလား

ဟန်းနီးမွန်းခရီးလေးကတော့ ပျော်စရာတွေ အတိပြီးနေမယ်ဆိုတာ အထူးတလည်တောင် ပြောစရာလိုမယ်မထင်ပါဘူးနော်။ အဲ့ဒိပျော်စရာတွေကို ထာဝရအတွက် သိမ်းထားလို့ရအောင် ဓာတ်ပုံလေးတွေရိုက်ပြီး မှတ်တမ်းတင်ထားလိုက်ရင် ပိုပြီးတော့ မကောင်းဘူးလား။ ပုံလေးတွေကို တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးရသလို Facebook ပေါ်တင်ပြီးလည်း သူငယ်ချင်းတွေကို ကြွားလို့ရတယ်လေ။ ဒီတော့ ဟန်းနီးမွန်းထွက်ရင်း စုံတွဲပုံလှလှလေးတွေ ဘယ်လိုဖန်တီးလို့ရတယ် ဆိုတာ Marry က ပြောပြပေးမယ်လေ။

ခရီးအတွက် အစီအစဉ် ဆွဲနေတယ်ပေါ့။ ဟန်းနီးမွန်း Album လေးကို ဒီပုံလေးနဲ့ အစပြုလိုက်နော်။

မင်္ဂလာဆောင်ပြီးချင်းချင်း ဟန်းနီးမွန်းသွားတဲ့ အလေ့အထက ဒီမှာတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် အဲ့လိုသွားဖို့ စီစဉ်ထားရင် ဝတ်စုံမလဲသေးခင် ဒီပုံလေးအရင် ရိုက်လိုက်ပါဦး။

ဒါကတော့ တကယ်ခရီးထွက်တဲ့ နေ့မှာ ရိုက်ဖို့ပါ။ ပိုစ့်က ထူးထူးခြားခြား မဟုတ်ပေမယ့် အထာတော့ကျတယ်နော်။

ကားလေးနဲ့ ခရီးထွက်ရင် ဒီလိုပုံလေးရိုက်ဖို့မမေ့နဲ့နော်။

ရထားလေးနဲ့ သွားမှာလား။ ဘူတာရုံကိုကြိုသွား။ ရထားကြီးတွေနားမှာ ဒါမျိုးရိုက်လို့ရတယ်နော်။

လေယာဉ်ပျံကြီးနဲ့ သွားမယ်ဆိုလည်း ဒါမျိုးရိုက်ပေါ့။ သတို့သားလေးနဲ့ သတို့သမီးလေး တစ်ယောက် တစ်လှည့်စီရိုက်။

ဒါကတော့ သွားချင်တဲ့နေရာကိုရောက်ပြီး ဘယ်လိုဆက်သွားကြမလဲ တိုင်ပင်နေကြတဲ့စတိုင်။

ဟန်းနီးမွန်းက ကမ်းခြေလား။ သဲသောင်ပြင်ကြီး တစ်ခုလုံးကို ဒါမျိုးအသုံးချလိုက်ပါ။

ကမ်းခြေဆိုတာ အဖြူရောင်အင်္ကျီနဲ ဓာတ်ပုံရိုက်လို့ သိပ်လှတာနော်။ ဒါကြောင့် ကမ်းခြေသွားရင် နှစ်ယောက်စလုံး အဖြူရောင်အင်္ကျီလေးတွေ ထည့်သွားဖို့ မမေ့နဲ့နော်။

အဲ့ဒိအဖြူရောင် အင်္ကျီလေးနဲ့ပဲ ကမ်းခြေမှာ ဒီလိုလေးခါးဖက်ပြီး လမ်းလျှောက်မယ်။

ပင်လယ်ကြီးကို မျက်နှာမူပြီး အခုလိုကြည်နူးနေကြတဲ့ ပုံလေးရိုက်မယ်။

ဒါလေးက တစ်ယောက်ကို တစ်ယောက် ဓာတ်ပုံရိုက်ပေးနေတဲ့ ပိုစ့်။

ဒါကတော့ နှစ်ယောက်သား ဆယ်လ်ဖီ ရိုက်တဲ့စတိုင်။

ဒီပုံလေးကတော့ ဟန်းနီးမွန်းခရီးမှာ ကိုယ်တွေဘယ်လောက်တောင် သာယာနေသလဲဆိုတာကို သက်သေပြတဲ့ ပုံလေးပေါ့။

Marry ကတော့ ဟန်းနီးမွန်းခရီးမှာ ဓာတ်ပုံရိုက်လို့ရမယ့် စိတ်ကူးကောင်းလေးတွေကို ရှာဖွေပြီး ဝေမျှပေးထားတယ်နော်။ တကယ်လို့ သူငယ်ချင်းလေးတို့ဆီမှာ ဒိထက်မိုက်တဲ့ အိုင်ဒီယာအလန်းလေးတွေ ရှိသေးရင် တခြားစုံတွဲလေးတွေ သိသွားအောင် comment ကနေဝေမျှပေးသွားနော်။

Tags: advicehoneymoonideainspiration

Comments

0 comments
Advertisement