Advertisement

ကိုဗစ်ကာလ ကျော်လွန်လို့ ခရီးတွေ ထွက်ခွင့်ရတော့မယ်ဆိုရင် ကိုယ့်ရဲ့ဟန်းနီးမွန်းခရီးစဥ◌်လေး အဆင်ပြေအောင် ကြိုဖတ်ထားသင့်တယ်နော်။

သတို့သား၊ သတို့သမီးလေးတို့ရေ ဟန်းနီးမွန်းမှာ အစအဆုံး အဆင်ပြေဖို့အတွက် စီစဉ်တဲ့အခါမှာ သေချာလေး အစဉ်လိုက် စီစဉ်ဖို့ လိုပါတယ်။ ပြည်တွင်းပဲ ဖြစ်ဖြစ် ပြည်ပခရီးစဉ်ပဲ ဖြစ်ဖြစ် ကြိုတင်ပြင်ဆင်မှသာ အဆင်ပြေမှာမလားနော်။ ဒီတော့ အဆင်ပြေစေဖို့ အစဉ်လိုက် စီစဉ်ရမှာလေးတွေ ပြောပြမယ်နော်။

ချရေးပါ

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းနဲ့ ပတ်သက်ပြီး သွားချင်တာတွေ လုပ်ချင်တာတွေ အကုန်လုံး ချရေးပါ။ ပြည်တွင်း၊ ပြည်ပ ဘယ်နေရာပဲဖြစ်ဖြစ် အကုန်လုံး ချရေးပါ။ စိတ်ကူးထဲမှာ ရှိတာတွေ အကုန်သာ ချရေးပါ။ ဒီလိုမျိုး နှစ်ယောက်စလုံးရဲ့ စိတ်ကူးစိတ်သန်းလေးတွေ ထွက်လာပြီဆိုမှ အဲဒီထဲက အကောင်းဆုံး တစ်ခုကို ရွေးချယ်ပါ။ ဒီလိုဆိုရင် ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးတွေ လျော့သွားမှာပါ။

ဟန်းနီးမွန်းခရီး စီစဥ◌်မယ်ဆိုရင်

ဟန်းနီးမွန်းခရီး စီစဥ◌်မယ်ဆိုရင်

 

 

စုံစမ်းပါ

ဟန်းနီးမွန်း ခရီးစဉ်အတွက် စီစဉ်တဲ့အခါ အကုန်လုံးကို အင်တာနက်ကနေပဲ စီစဉ်လို့ ရသလို စုံစမ်းတာလည်း လုပ်လို့ ရပါတယ်။ ဟန်းနီးမွန်းအတွက် ဘယ်သွားမယ်ဆိုတဲ့ တိကျတဲ့ ဆုံးဖြတ်ချက် ရပြီဆိုရင် အဲဒီခရီးစဉ် တစ်လျှောက်လုံးအတွက် ခရီးလမ်းစဉ်၊ စားသောက်စရာ၊ နေထိုင်ရေး၊ လည်ပတ်ဖို့ သွားရေးလာရေး ဒါတွေအားလုံး စီစဉ်ရမှာ ဖြစ်ပါတယ်။

အချိန်

တချို့က ဟန်းနီးမွန်းကို အချိန်တိုအတွင်း စီစဉ်ကြပါတယ်။ တကယ်တော့ အစီအစဉ်ကျကျလေး စီစဉ်သွားမှသာ အကုန်လုံး ချောမွေ့မှာမလားနော်။ ဟန်းနီးမွန်းဆိုတာက ပုံမှန်ခရီးသွားတာထက် ပိုတဲ့အမှတ်တရတွေရှိဖို့ လိုပါတယ်။ကြိုးစား ဖန်တီးရမှာပါနော်။ ဒီတော့ အချိန်တို အတွင်းမစီစဉ်ဘဲ အနည်းဆုံးတော့ အချိန်(၆) လလောက်ကြိုပြီး စတင်ပါ။

Tour နဲ့ သွားမယ်ဆိုရင်

Tour နဲ့ သွားမယ်ဆိုရင်

Tour နဲ့ သွားမယ်ဆိုရင်

စုံတွဲလေးတို့ရေ ခရီးသွားလုပ်ငန်းတွေနဲ့ သွားမယ်ဆိုရင် သူတို့ကို အပ်လိုက်ရုံပါပဲ။ တကူးတကတွေ ကိုယ်တိုင် စီစဉ်နေစရာ မလိုတော့ဘဲ ခရီးသွားလုပ်ငန်းကပဲ စီစဉ်ပေးမှာပါ။ ဒါပေမယ့် Tour နဲ့ ပတ်သက်ပြီး ကိုယ်ကြိုက်တဲ့အချက်တွေ ရှိ မရှိ၊ ဝန်ဆောင်မှု ကောင်း မကောင်းတော့ စုံစမ်းရမှာပါနော်။

သွားဖို့အတွက် ပြင်ဆင်မယ်

ဘယ်ခရီးစဉ်သွားမယ်၊ ကိုယ်ပိုင်အစီစဉ် ဒါမှမဟုတ် Tour ဘယ်လိုပဲစီစဉ် စီစဉ် သွားတဲ့အခါ အဆင်ပြေဖို့ လိုအပ်တာတွေ ယူသွားဖို့တောာ့ လိုပါတယ်နော်။ ကမ်းခြေသွားမယ်ဆိုရင်လည်း ကမ်းခြေနဲ့ လိုက်ဖက်တဲ့ အဝတ်အစား အပြင်အဆင်တွေ လိုပါတယ်။ ပြည်ပခရီးစဉ်ဆိုရင်တော့ ပတ်စ်ပို့သက်တမ်း ထပ်တိုးဖို့ လိုမလား၊ ဗီဇာ ကြိုလျှောက်တာမျိုး လုပ်ပါ။ ခရီးသွားအေဂျင်စီကို ရွေးချယ်ထားရင် သူတို့တောင်းတဲ့ ဈေးနှုန်းထဲမှာ ခရီးသွားအာမခံ ပါဖို့ လိုပါတယ်နော်။ ဒါတွေပါမလား မေးပါ။ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပါ။ စီနီယာတွေကို မေးမြန်းတာတွေလုပ်ပါ။

အလုပ်တွေ ရှင်းခဲ့ပါ

အလုပ်တွေ ရှင်းခဲ့ပါ

အလုပ်တွေ ရှင်းခဲ့ပါ

ဟန်းနီးမွန်းသာ ထွက်နေတယ် စိတ်က မပြီးပြတ်တဲ့ အလုပ်တွေဆီမှာဆိုရင် ဘယ်လိုမှ ပျော်စရာ မကောင်းပါဘူးနော်။ ဟန်းနီးမွန်းအတွက် စုံစမ်း စီစဉ်ပြီးပြီဆိုရင်တော့ အလုပ်တွေ ရှင်းခဲ့ဖို့ လိုပါပြီ။ စီစဉ်ရမယ့်အချက်ထဲမှာ အလုပ်ကိစ္စတွေလည်းပါပါတယ်။

ချစ်တို့ရေ ကိုဗစ်ကာလ ကျော်လွန်လို့ ခရီးတွေ ထွက်ခွင့်ရတော့မယ်ဆိုရင် ကိုယ့်ရဲ့ဟန်းနီးမွန်းခရီးစဥ◌်လေး အဆင်ပြေအောင် ကြိုဖတ်ထားသင့်တယ်နော်။

Comments

0 comments