တကယ်လို့များ ဟန်းနီးမွန်းကာလမှာ ခရီးမထွက် ဖြစ်ခဲ့ဘူး ဆိုရင်

by: Nway Nway Aung
 0 comments  3 love

ခရီးမထွက် ဖြစ်တာကြောင့် ခရီးထွက်ဖို့ ရည်စူးထားတဲ့ ငွေရဲ့ တစ်ဝက်ကို နှစ်ယောက်သား စိတ်တိုင်းကျ ရှော့ပင်ထွက်ပါ။ တစ်ဝက်ကို စုလိုက်ပါ။

 

အချိုမြိန်ဆုံး ကာလလေး

လက်ထပ်ပြီး တစ်လတာကာလဟာ ချစ်သူလင်မယားတွေအတွက် ချစ်စခင်စ၊ ကြင်နာစ အချိန်ဆိုတော့ ချိုမြိန်တဲ့ ပျားရည်ဆမ်း ဟန်းနီးမွန်း ကာလလို့တောင် တင်စား ခေါ်ဝေါ်ကြတယ် မဟုတ်လား။ ဒါကြောင့်လည်း ဇနီးမောင်နှံတွေဟာ သူတို့ရဲ့ အချိုမြိန်ဆုံး ကာလလေးမှာ အလှပဆုံး အမှတ်တရတွေ ဖန်တီးနိုင်ဖို့ မြို့ပြရဲ့ မွန်းကျပ်မှုတွေ၊ လုပ်ငန်းတာဝန်တွေရဲ့ အဝေး အေးချမ်းတဲ့ နေရာလေးတွေဆီ ခရီးထွက်လေ့ရှိကြပါတယ်။

အိမ်မှာပဲ နေပြီး ပျော်စရာအမှတ်တရလေးတွေ ဖန်တီးကြမယ်

တကယ်လို့များ ရာသီဥတု အခြေအနေကြောင့် ဖြစ်ဖြစ်၊ မမျှော်လင့်ထားတဲ့ အကြောင်းတစ်ခုခု ကြောင့် ဖြစ်ဖြစ်၊ ခရီးထွက်လောက်ရအောင် အချိန်မရှိတာကြောင့် ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဟန်းနီးမွန်းကို ခရီးမထွက် ဖြစ်ခဲ့ဘူး ဆိုရင်ရော . . . ပျော်စရာ အမှတ်တရတွေ ဖန်တီးလို့ မရတော့ဘူးနော်။ နိုးပါနော်။ ဘယ်မှ မသွားဘဲ အမှတ်တရ လှလှလေးတွေကို အတူတူ ဘယ်လို ဖန်တီးလို့ ရသလဲ ဆိုတာ အောက်မှာ ပြောပြပေးထားတယ်နော်။

 

အိမ်နေရင်း ဆယ်ဖီ

 

  • တစ်နေကုန် ဘယ်မှ မသွားကြဘဲ ဖုန်းပိတ်၊ တံခါးပိတ်ပြီး တစ်ရက်လောက် အိမ်မှာ တနေကုန် နေပါ။
  • အိမ်နေရင်း ပုံလေးတွေကို တစ်ယောက်နဲ့ တစ်ယောက် ဓာတ်ပုံရိုက်ပေးပါ။
  • အတူတူ ဟင်းချက်ပါ။ အတူတူ ထမင်းစားပါ။

 

အတူတူ ဟင်းချက်ပါ

 

  • တစ်ခါမှ မချက်ဖူးတဲ့ ဟင်းလျာ တစ်ခုခုကို ဟင်းချက်နည်း စာအုပ်ကြည့်ပြီး အတူတူ ချက်ကြည့်ပါ။
  • ကိုယ့်အင်္ကျီသူဝတ်၊ သူ့အင်္ကျီ ကိုယ်ဝတ်ပြီး ဓာတ်ပုံရိုက်ပါ။
  • သတို့သမီးလေးတို့က ကိုယ့်ရဲ့ သတို့သားလေးကို မိတ်ကပ်ပြင်ပေးကြည့်လို့လည်း ရတယ်နော်။

 

အေးအေးဆေးဆေး အပန်းဖြေ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရတဲ့အချိန်

 

  • ဂိမ်းသေးသေးလေးတွေ ကစားပါ။
  • ဘာလုပ်လုပ် ပြိုင်လုပ်ပါ။ ဥပမာ – ဘယ်သူထမင်း အရင်စားပြီးတာ၊ ဘယ်သူက ဖိနပ်ကြိုး အရင်ချည်ပြီးတာ။
  • ခရီးမထွက် ဖြစ်တာကြောင့် ခရီးထွက်ဖို့ ရည်စူးထားတဲ့ ငွေရဲ့ တစ်ဝက်ကို နှစ်ယောက်သား စိတ်တိုင်းကျ ရှော့ပင်ထွက်ပါ။ တစ်ဝက်ကို စုလိုက်ပါ။
  • စားသောက်ဆိုင်ကောင်းကောင်းမှာ ညစာကောင်းကောင်း သွားစားပါ။

 

ဆိုင်ကောင်းကောင်းမှာ ဒိတ်ကြဖို့လည်း မမေ့နဲ့နော်

Marry အခုပြောပြထားတဲ့ အချက်လေးတွေက ဘဝမှာ နှစ်ခါ ပြန်မရနိုင်တဲ့ ပျားရည်ဆမ်းကာလလေးကို ကြည်ကြည်နူးနူး ဖြတ်သန်းလို့ရမယ့် နည်းလမ်းလေးတွေမို့ ဟန်းနီးမွန်းအတွက် ခရီးမထွက် ဖြစ်ရင်လည်း စိတ်မပူပါနဲ့နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords