Advertisement

ပျားရည်ဆမ်း ခရီးမှာ စိတ်ပင်ပန်း လူပင်ပန်း မဖြစ်ဘဲ သက်တောင့်သက်သာ ပျော်စရာခရီးလေး ဖြစ်အောင် ဒီအချက်တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်နော်

ချစ်တို့ရေ မင်္ဂလာပွဲလေး ပြီးသွားရင် ပျားရည်ဆမ်း ခရီးလေး ထွက်ဖို့ စဉ်းစားနေလား။ ပျားရည်ဆမ်းခရီးမှာ စိတ်မော လူမော ငွေမောတွေ ဖြစ်ပြီး မပျော်မရွှင်နဲ့ ရန်ဖြစ်ရတာမျိုးတွေ မဖြစ်ချင်ဘူးဆိုရင် ကြိုတင်ပြင်ဆင်သွားဖို့ လိုပါတယ်။

အချိန်

အစီအစဉ်တကျ စီစဉ်နိုင်မှ အဆင်ပြေမှာဖြစ်တဲ့အတွက် အချိန် သိထားဖို့ လိုပါတယ်။ နှစ်ယောက်စလုံး ဟန်းနီးမွန်းထွက်ဖို့ အဆင်ပြေတဲ့အချိန် ဖြစ်ဖို့လိုပါတယ်။ တစ်ယောက်က အချိန်ရပြီး တစ်ယောက်က အလုပ်ကိစ္စတွေကို ပူပန်နေရတာမျိုးတွေက ပျော်စရာကောင်းတဲ့ ခရီးစဉ် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စုံတွဲလေးတို့ အချိန်ရမယ့် ရက်၊ အလုပ်ကိစ္စတွေ မေ့ထားလို့ရမယ့် ရက် ညှိပြီးမှ ဟန်းနီးမွန်း ထွက်ပါ။

အနားယူဖို့ ညှိပါ

ဟန်းနီးမွန်းထွက်တယ်ဆိုရင် အနည်းနဲ့ အများတော့ ပင်ပန်းကြတာပါပဲ။ စွန့်စားမယ့် ခရီးစဉ်သွားတယ်ဆိုလည်း အနားယူဖို့တော့ စီစဉ်ရမှာပါပဲ။ တောင်တက်တာမျိုး၊  Adventure trip လုပ်တာမျိုးဆိုရင် အနားယူဖို့ကို သေချာ ညှိနှိုင်းထားရပါမယ်။

ကိုယ်တိုင်စီစဉ်မလား၊ Agency နဲ့ သွားမလား

ဟန်းနီးမွန်းအစီအစဉ်ဆိုတာက မင်္ဂလာပွဲစီစဉ်နေရင်း စီစဉ်ရတာ ဖြစ်တဲ့အတွက် ပင်ပန်းရမှာတော့ သေချာပါတယ်။ ဒီလို စီစဉ်တဲ့အခါမှာလည်း မင်းကြိုက်တဲ့နေရာသွား၊ မင်းကြိုက်တာ စီစဉ်ဆိုတာမျိုး မဟုတ်ဘဲ နှစ်ယောက်အတူတူ စီစဉ်ပါ။ အတူတူ ဆုံးဖြတ်ချက်ချပါ။ ကိုယ်တိုင်စီစဉ်မယ်ဆိုရင်ရော ဘယ်လိုအပိုင်းတွေကို တာဝန်ခွဲပြီး စီစဉ်မလဲ၊ Agency နဲ့ ချိတ်မယ်ဆိုရင်ရော ဘယ်ဟာက ဝန်ဆောင်မှု ကောင်းလဲ၊ ဒါမျိုးတွေ အရင်ကြိုညှိပါ။ ဒီအချက်က ခရီးစဉ်မှာ ပျော်ရွှင်ရဖို့ အဓိက ကျတဲ့ အချက်ပါနော်။

လူမောငွေမော မဖြစ်ရအောင်

လူမောငွေမော မဖြစ်ရအောင်

လူမောငွေမော မဖြစ်ရအောင်

ဟန်းနီးမွန်းကိုတော့ စိတ်တိုင်းကျ သွားလိုက်တယ်၊ ပြန်လာကာမှ ကုန်ကျစရိတ်တွေပြန်တွက်ပြီး စိတ်မောနေရတယ်ဆိုရင် အိမ်ထောင်ဦးစမှာ အဆင်မပြေတာတွေ ကြုံရနိုင်ပါတယ်။ ဒီတော့ ကုန်ကျစရိတ်ကို ကြိုညှိပါ။ ဘယ်လောက်ရှိတယ်၊ ဘယ်လောက် သုံးမယ်ဆိုတာ အရင်ညှိပါ။ ဒါမှ စုံတွဲလေးတို့ အဆင်ပြေနိုင်မှာပါ။

ချစ်တို့ရေ ပျားရည်ဆမ်း ခရီးမှာ စိတ်ပင်ပန်း လူပင်ပန်း မဖြစ်ဘဲ သက်တောင့်သက်သာ ပျော်စရာခရီးလေး ဖြစ်အောင် ဒီအချက်တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်နော်။

Comments

0 comments