Advertisement

စုံတွဲလေးတို့ ဟန်းနီးမွန်းမှာ ပျော်ရွှင်စရာတွေ လုပ်ဆောင်ချင်တယ်ဆိုရင်တော့ Marry က အခုပြောပြထားတဲ့ အချက်လေးတွေကို လုပ်ဆောင်ပေးနော်။ 

စုံတွဲလေးတို့ရေ ဟန်းနီးမွန်း ခရီးစဉ်ဆိုတာ ဘဝမှာ အမှတ်တရ အဖြစ်ဆုံး အချိန်အခါပါ။ လင်မယားအဖြစ် တသက်လုံး ပေါင်းသင်းနေထိုင်ခြင်းရဲ့ အစပဲ မဟုတ်လားနော်။ ဟန်းနီးမွန်းမှာ ပျော်စရာကောင်းစေဖို့ဆိုတာလည်း စုံတွဲလေးတို့က ဖန်တီးယူရမှာပါပဲနော်။ ပျော်စရာကောင်းစေမယ့် အစီအစဉ်လေးတွေ ထည့်သွင်းရမှာပါ။ ဘာတွေ ထည့်သွင်းမလဲဆိုတာ ပြောပြမယ်နော်။

 

ဂိမ်းဆော့ပါ

စုံတွဲလေးတို့ ဂိမ်းဆော့ဖို့လည်း မမေ့ပါနဲ့နော်။ ပစ္စည်းလေးတွေ ဆက်တာ၊ အိမ်ပုံစံလေးတွေ ဆောက်တာ အစရှိသလို ဖုန်းနဲ့ ဆော့တဲ့ ဂိမ်းတွေ မဟုတ်တာမျိူးး ဆော့ပါ။ ဒါဟာ တစ်သက်တာအတွက် အမှတ်တရ ရှိနေစေမှာပါ။ ကိုယ်ကြိုက်တဲ့ ဂိမ်းအစီအစဉ်လေးတွေ ထည့်သွင်းရေးဆွဲပါနော်။

လျှောက်လည်တာ

ဒါကတော့ စုံတွဲလေး တော်တော်များများ လျှောက်လည်ကြမှာ သေချာပါတယ်။ တချို့စုံတွဲလေးတွေက လျှောက်လည်ကြတာကို သိပ်ပြီး သဘောမကျလှပါဘူး။ ဒါပေမယ့်လည်း ဟန်းနီးမွန်း ခရီးစဉ်မှာတော့ အဲဒီနေရာကို လေ့လာတဲ့အနေနဲ့ သွားသင့်ပါတယ်နော်။ ဒါမှ အမှတ်တရတွေ ပိုများလာမှာပါ။

စုံတွဲလေးတို့ ဟန်းနီးမွန်း ခရီးစဉ်လေးမှာ ကုသိုလ်လည်း အတူတူ ယူပါ။ ဘုရားအတူတူ ဖူးတာ၊ အလှူ အတူတူ လုပ်တာမျိုးက စိတ်ကို ကြည်နူးစေသလို နှစ်ယောက်စလုံးအတွက် ပိုပြီး အကျိုးရှိစေပါတယ်။ လမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ မိဘမဲ့ဂေဟာတွေမှာ အလှူလုပ်တာမျိုးကလည်း ပိုပြီး အမှတ်တရ ဖြစ်စေမှာပါနော်။

သီချင်းအတူတူဆိုမယ်

စုံတွဲလေးတို့ ဟန်းနီးမွန်းမှာ ပျော်ရွှင်ချင်တယ်ဆိုရင် သီချင်းအတူတူ ဆိုတဲ့ အစီအစဉ်ကိုလည်း ထည့်သွင်းပါ။ KTV မှာ နှစ်ယောက်တည်း သီချင်းအတူတူ သွားဆိုတာမျိုး လုပ်ပါ။ သီချင်းအတူတူ ဆိုတာက စိတ်ကိုပေါ့ပါးစေတဲ့အပြင် ပျော်စရာအကောင်းဆုံး အစီအစဉ်လည်း ဖြစ်ပါတယ်။ စုံတွဲလေးတို့ သွားလည်တဲ့နေရာမှာ ဆိုခဲ့ဖို့ မမေ့နဲ့နော်။

ဓါတ်ပုံများများ ရိုက်ပါ

စုံတွဲလေးတို့ ဟန်းနီးမွန်းထွက်တဲ့အခါမှာ ဓါတ်ပုံများများ ရိုက်ခဲ့ဖို့ မမေ့နဲ့နော်။ ဓါတ်ပုံဆရာ မပါသွားဘူးဆိုရင်တောင် တစ်ခြားသူတွေကို အကူအညီတောင်းပြီး ရိုက်ခိုင်းတာမျိုး လုပ်ပါ။ Selfie ပုံတွေဖြစ်ဖြစ် အများကြီး ရိုက်ခဲ့နော်။

စုံတွဲလေးတို့ ဟန်းနီးမွန်းမှာ ပျော်ရွှင်စရာတွေ လုပ်ဆောင်ချင်တယ်ဆိုရင်တော့ Marry က အခုပြောပြထားတဲ့ အချက်လေးတွေကို လုပ်ဆောင်ပေးနော်။ 

Comments

0 comments