ဟန်းနီးမွန်း ထွက်တဲ့အခါ လုပ်မိလေ့ ရှိတဲ့ အမှားတွေ

by: Phyo Pyae Thu
 0 comments  0 love

ဟန်းနီးမွန်းထွက်တဲ့အခါ ဖြစ်တတ်တဲ့ အမှားလေးတွေကို သိထားပြီးပြီဆိုရင်တော့ စုံတွဲလေးတို့ အနေနဲ့ ရှောင်လို့ ရမှာပါနော်။ ဒါမှ အချစ်တိုးမှာပါ။

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းဆိုတာ ချစ်သူနှစ်ဦးရဲ့ ဘဝအစခရီးဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ပျားရည်ဆမ်းခရီးလို့ တင်စားရလောက်အောင်ကို ကြင်ခါစ ဇနီးမောင်နှံတို့ရဲ့ ခရီးစဉ်က ပျားသကာလို ချိုနေဖို့ လိုပါတယ်။ ဒါမှ တကယ့်ကို ပျော်စရာ ကောင်းမှာပါ။ ဒါပေမယ့်လည်း တချို့စုံတွဲလေးတွေကတော့ ဟန်းနီးမွန်းမှာ စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရတာမျိုး ရှိတတ်ကြပါတယ်။ ဒီလိုဖြစ်ရတာကတော့ ဟန်းနီးမွန်းမှာ မထင်မှတ်ထားတဲ့ အမှားသေးသေးလေးတွေ ရှိလို့ပါပဲ။ အဲ့ဒိလိုတွေ မဖြစ်ရလေအောင် Marrry က ရှောင်ရမယ့် အမှားလေးတွေ ပြောပြပေးမယ်နော်။

လမ်းခရီးမှာ အရမ်းပင်ပန်းလွန်းတာ

စုံတွဲလေးတို့ ဟန်းနီးမွန်း ရွေးချယ်တဲ့အခါမှာ ပင်ပန်းလွန်းတဲ့ ခရီးစဉ် မဖြစ်ဖို့ သတိထားပေးပါ။ ကားအကြာကြီးတွေ စီးရပြီး လမ်းခရီးကြမ်းတာမျိုးတွေက အပန်းမပြေစေဘဲ ခရီးရောက်ရင် လူမော စိတ်မော ဖြစ်ပြီး မပျော်ရတာတွေ၊ နေမကောင်း ဖြစ်တာတွေ ဖြစ်တတ်ပါတယ်နော်။ ဒါကြောင့် စုံတွဲလေးတို့ ပျားရည်ဆမ်း ရွေးချယ်တဲ့အခါမှာ ခရီးဝေးတာတွေ မရွေးချယ်ပါနဲ့နော်။

ဟန်းနီးမွန်း ထွက်တဲ့အခါ (photo: Dusit Thani)

ကိုယ်လိုချင်တဲ့ ဝန်ဆောင်မှုတွေ မရတာ

ဒီအချက်ကတော့ စုံတွဲလေးတိုင်း အထူးသတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်နော်။ ခရီးသွားနေစဉ် တလျှောက်လုံးမှာ ကြုံရမယ့် ဝန်ဆောင်မှုတိုင်းက စိတ်ကျေနပ်စရာ ကောင်းမွန်တဲ့ ဝန်ဆောင်မှု ဖြစ်ဖို့ လိုပါတယ်။ ကိုယ်လိုချင်တဲ့ ဝန်ဆောင်မှုတွေ မရတာက ပျော်ရွှင်စရာ ကောင်းတဲ့ ဟန်းနီးမွန်းဖြစ်မှာ မဟုတ်ပါဘူးနော်။ ဟိုတယ်အခန်းက အဆင်မပြေတာ၊ အစားအသောက်မှာ အဆင်မပြေတာ၊ ကိုယ်မျှော်မှန်းထားသမလို ဖြစ်တာတွေက စိတ်ရှုပ်စေနိုင်ပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမှားမဖြစ်အောင် ကြိုတင်စီစဉ်သွားပါ။

တစုတစည်းတည်း ထည့်ပါ (photo: Travel + Leisure)

အလုပ်တွေဆီ စိတ်ရောက်တာ

ဒါက အမှားတွေထဲက တစ်ခုပါနော်။ အလုပ်ဆီကို စိတ်ရောက်နေတယ်ဆိုရင် ဟန်းနီးမွန်းက ပျော်စရာ ကောင်းမှာ မဟုတ်တော့ပါဘူးနော်။ ဒါကြောင့် စုံတွဲလေးတို့ အလုပ်တွေ လက်စသတ်ပါ။

ပစ္စည်း စုံစုံလင်လင် တစုတစည်းတည်း မထည့်တာ

ပစ္စည်းတွေ စုံစုံလင်လင် မလာတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အချက်တစ်ချက်ပါပဲ။ အကယ်လို့ ပစ္စည်းတွေ ထည့်မယ်ဆိုရင်လည်း တစ်စုတစည်းတည်း ထည့်ဖို့ လိုပါတယ်။ အထုပ်တွေ များပြီး တခုချင်းစီ လိုက်ပြီး ထိန်းသိမ်းရတာကလည်း အဆင်မပြေစေနိုင်ပါဘူး။ တချို့အတွဲလေးတွေဆိုရင် ဘာလို့အများကြီး သယ်လာတာလဲ အစရှိသလို စကားများတာတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သေချာစုစည်းပါ။

ဟန်းနီးမွန်းထွက်တဲ့အခါ ဖြစ်တတ်တဲ့ အမှားလေးတွေကို သိထားပြီးပြီဆိုရင်တော့ စုံတွဲလေးတို့ အနေနဲ့ ရှောင်လို့ ရမှာပါနော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords