ပျားရည်ဆမ်းခရီးကို ခရီးသွားအေဂျင်စီနဲ့ သွားမယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

ကိုယ့်အိမ်ကနေ စထွက်မယ့် အချိန်ကစလို့ အိမ်ပြန်ရောက်တဲ့အချိန်ထိ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်နေရာရှိနေမယ် အစရှိသလို အတိအကျ သိနေပါစေ

စုံတွဲလေးတို့ရေ ပျားရည်ဆမ်းခရီးလေး သွားဖို့ စိတ်ကူးနေပြီလား။ နှစ်ယောက်စလုံးရဲ့ အမှတ်တရ ခရီးစဉ် ဖြစ်တာမို့ သေချာပြင်ဆင်သွားဖို့ လိုပါတယ်။ ခရီးအတွက် စီစဉ်တဲ့အခါမှာလည်း ကိုယ်တိုင်စီစဉ်လို့ ရသလို ခရီးသွား အေဂျင်စီနဲ့ Package တွေ ချိတ်ဆက်ပြီး သွားလို့ ရပါတယ်။ ပျားရည်ဆမ်းကို ကိုယ်တိုင်စီစဉ်တာမဟုတ်ဘဲ အေဂျင်စီတွေနဲ့ ချိတ်ပြီး စီစဉ်တာဆိုရင်တော့ သိထားရမှာတွေ ရှိပါတယ်နော်။

ပျားရည်ဆမ်း ခရီး (photo: /www.sunwing.ca)

 

အေဂျင်စီရဲ့ Review

ပျားရည်ဆမ်းကို အေဂျင်စီနဲ့ ချိတ်ပြီး သွားမယ်ဆိုရင်တော့ အရင်ဆုံး သူတို့ရဲ့ Review ကို အရင်ကြည့်ပါ။ ကိုယ့်ရဲ့ မိတ်ဆွေတွေထဲမှာ သွားဖူးတဲ့သူတွေရဲ့ အေဂျင်စီတွေ အဆင်ပြေလား စုံစမ်းပါ။ စိတ်ချပြီး ဝန်ဆောင်မှု ကောင်းတဲ့ အေဂျင်စီ ဖြစ် မဖြစ် အရင်သိအောင် လုပ်ပါ။ပြီးမှ ရွေးချယ်ပါ။

သွားမယ့်ခရီးစဉ်

သွားမယ့် ခရီးစဉ် သိပြီးလို့ အေဂျင်စီလည်း ရွေးပြီးပြီိဆိုရင်တော့ ကိုယ့်ရဲ့ ပျားရည်ဆမ်းကို ဖြစ်ချင်တဲ့ပုံစံလေး ရည်ရွယ်ထားတာ ရှိရင် သေချာ ပြောပြပါ။ အေဂျင်စီက လူအစုလိုက်စီစဉ်ပေးမှာလား၊ နှစ်ဦးတည်း စီစဉ်ပေးမှာလား။ သူတို့ ဘာတွေ တာဝန်ယူပြီး ဆောင်ရွက်ပေးမလဲ ဆိုတာကအစ မေးပါ။

ကု န်ကျစရိတ်(photo: /www.sunwing.ca)

ဝန်ဆောင်မှု

ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အတိအကျ သိဖို့လိုပါတယ်နော်။ အေဂျင်စီနဲ့ သွားမယ်ဆိုရင်တော့ ကိုယ့်အိမ်ကနေ စထွက်မယ့် အချိန်ကစလို့ အိမ်ပြန်ရောက်တဲ့အချိန်ထိ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်နေရာရှိနေမယ် အစရှိသလို အတိအကျ သိနေပါစေ။ မနက်စာ၊ နေ့လည်စာ၊ ညစာ ဘယ်နေရာမှာ စားရမယ်၊ လည်ပတ်မယ့်နေရာမှာ Tour guide ပါမှာလား၊ လည်ပတ်ဖို့ ပိုက်ဆံထပ်ပေးရမယ့် နေရာတွေ ဘယ်လောက် ရှိလဲ၊ ဘယ်လောက်လောက် ကုန်ကျနိုင်မလဲ အကုန်လုံး မေးပါနော်။ ဥပမာ- စုံတွဲလေးတို့က သွားမယ့်နေရာမှာ မီးပုံလွှတ်တာ၊ နေဝင်ချိန်ကြည့်မယ်၊ အပျော်စီးသင်္ဘောစီးမယ် အစရှိတာတွေ လုပ်ချင်တယ်ဆိုရင်လည်း ကြိုတင်မေးပါ။ ဟိုတယ်မှာ စီစဉ်ပေးထားတယ်ဆိုရင်လည်း ဟိုတယ်ရဲ့ နာမည်၊ အခန်းရဲ့ ပုံတွေကို ကြည့်ပါ။ ခရီးစဉ် အစအဆုံးကို ဝန်ဆောင်မှု ပေးမယ့် အေဂျင်စီကို ရွေးချယ်ပါ။

ဝန်ဆောင်မှု (photo: /www.sunwing.ca)

ကုန်ကျစရိတ်

ကုန်ကျစရိတ်ကို အရစ်ကျ ပေးလို့ရတာ ရှိသလို၊ နှစ်ကြိမ်ခွဲပေးလို့ရတာလည်း ရှိပါတယ်။ ကုန်ကျစရိတ်အကြောင်းလည်း သေချာဆွေးနွေးပါ။ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး စိတ်မညစ်ရအောင် သေချာစုံစမ်းပါ။ ကိုယ်တိုင်စီစဉ်ရတာထက်တော့ ပိုပြီးကုန်ကျနိုင်ပေမယ့် အေဂျင်စီနဲ့ ဆိုရင်တော့ မပင်ပန်းတော့ဘူးပေါ့။

ပျားရည်ဆမ်းခရီးကို ခရီးသွား အေဂျင်စီနဲ့ သွားမယ်ဆိုရင်တော့ မေးထားရမှာတွေ၊ သိထားရမှာတွေ ကြိုတင်သိထားပြီး စုံစမ်းထားနော်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with

Tag: honeymoonadviceTourreview

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords