ဓါတ်ပုံကောင်းကောင်းရဖို့ဆို ဟန်းနီးမွန်းမှာ ဒီလိုလေးတွေရိုက်ရအောင်

by: Phyo Pyae Thu
 0 comments  0 love

Pre Wedding နဲ့ မင်္ဂလာပွဲကြီး ဓါတ်ပုံ အမှတ်တရတွေ ရိုက်ခဲ့ကြသလိုမျိုးပဲ ပထမဆုံး အကြင်လင်မယား ဖြစ်ခါစ ပျားရည်ဆမ်းကာလလေးတွေကိုရော အမှတ်တရ မရိုက်ချင်ဘူးလား။

ကိုယ်သွားမယ့်နေရာမှာ သူများတွေရိုက်ထားတဲ့ ပုံလေးတွေ များများ ကြည့်ပါနော်

စုံတွဲလေးတို့ရေ Pre Wedding နဲ့ မင်္ဂလာပွဲကြီး ဓါတ်ပုံ အမှတ်တရတွေ ရိုက်ခဲ့ကြသလိုမျိုးပဲ ပထမဆုံး အကြင်လင်မယား ဖြစ်ခါစ ပျားရည်ဆမ်းကာလလေးတွေကိုရော အမှတ်တရ မရိုက်ချင်ဘူးလား။ စုံတွဲလေးတို့ရေ ဟန်းနီးမွန်းဆိုတာ နှစ်ယောက်တည်း သွားရတဲ့ ခရီးဆိုတော့ စုံတွဲပုံလေး ကောင်းကောင်းရဖို့က အတော်လေး ကြိုးစားယူရမှာပါနော်။

ဟန်းနီးမွန်းမှာ ဓါတ်ပုံရဖို့

ဟန်းနီးမွန်းမှာ ဓါတ်ပုံကောင်းကောင်း ရဖို့အတွက်ဆိုရင် ကင်မရာ တစ်လုံးလောက်တော့ ယူဆောင်သွားပါ။ ဖုန်းနဲ့ပဲ ရိုက်မယ်စိတ်ကူးထားရင်လည်း selfie stick လေး သယ်သွားဖို့ မမေ့ပါနဲ့။ နောက်တစ်ခုကတော့ ကိုယ်သွားမယ့်နေရာမှာ သူများတွေရိုက်ထားတဲ့ ပုံလေးတွေ များများ ကြည့်ပါနော်။ ဒါမှ ကိုယ်ဘယ်နေရာမှာ ရိုက်လို့လှမယ်ဆိုတာ ကြိုတင်ပြီး သိမှာပါ။

အချိန်

ဟန်းနီးမွန်းကို ရက်နည်းနည်း ကြာကြာလေး ထွက်မယ်ဆိုရင်တော့ ဓါတ်ပုံလှလှလေးတွေ အများကြီး ရလာမှာ သေချာပါတယ်။ ဟန်းနီးမွန်းက ဓါတ်ပုံရိုက်ဖို့ချည်း ထွက်တာမဟုတ်ဘူးဆိုတော့ ဓါတ်ပုံလေး ရိုက်လိုက် အနားယူလိုက်လေး လုပ်ဆောင်ရမှာပါ။ ရက်နည်းနည်းကြာရင် ပိုအဆင်ပြေပါတယ်နော်။

ဒေသခံ ဓါတ်ပုံဆရာ

ကိုယ်သွားမယ့် နေရာမှာ ဓါတ်ပုံဆရာ ရှိလားဆိုတာ သေချာလေး မေးမြန်းစုံစမ်းပါ။ ဟန်းနီးမွန်းထွက်တဲ့ ရက်တွေထဲက တစ်ရက်ကိုတော့ ဓါတ်ပုံရိုက်ဖို့ တမနက်ခင်းလောက် အချိန်ပေးပြီး ဓါတ်ပုံဆရာနဲ့ ရိုက်တာမျိုး လုပ်ပါ။ ပေါ့ပေါ့ပါးပါး ဖြစ်မယ့် ပုံစံလေးတွေ ရိုက်တာက ပိုကောင်းမှာပါနော်။

ပေါ့ပေါ့ပါးပါး ဖြစ်မယ့် ပုံစံလေးတွေ ရိုက်တာက ပိုကောင်းမှာပါနော်

အဝတ်အစား

စုံတွဲလေးတို့ သွားမယ့် နေရာနဲ့ လိုက်ဖက်တဲ့ အဝတ်အစားလေးတွေဆိုရင် ဓါတ်ပုံထဲမှာ ပိုပြီး လှနေမှာပါနော်။ သဘာဝဆန်ဆန်လေးပေါ့။ ပေါပေါ့့ပါးပါးလေးတွေ ရွေးချယ်ပါ။ ဓါတ်ပုံအတွက် ပိုကောင်းမယ့် ဝတ်စုံလေးတွေ ထည့်သွားပါနော်။

အခန်းတွင်း

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းအတွက် စီစဉ်ပြီးသွားတာတွေဆိုရင် ဟိုတယ်တွေက ကြည်နူးစရာ အပြင်အဆင်လေးတွေ လုပ်ဆောင်ပေးထားတတ်ပါတယ်နော်။ ဒီလိုဆိုရင်လည်း အခန်းတွင်းမှာ ဓါတ်ပုံရိုက်လို့ရမယ့် နေရာလေး ရှာပြီး ရိုက်ပါ။ Romantic ဆန်တဲ့ အခန်းလေးနဲ့ အမှတ်ရတပေါ့နော်။ ဒါက နှစ်ယောက်အတူတည်ရှိမယ့် ပထမဆုံး အခန်းလေးပဲ မဟုတ်လားနော်။

အခန်းတွင်းမှာ ဓါတ်ပုံရိုက်လို့ရမယ့် နေရာလေး ရှာပြီး ရိုက်ပါ

လိုအပ်တာတွေ

ဓါတ်ပုံအတွက် လိုအပ်တာလေးတွေ ထည့်ချင်တယ်ဆိုရင်လည်း ထည့်သွားပါ။ ဥပမာ ကိုယ်က Temp လေးနဲ့ နေတဲ့ပုံလေး ရချင်တယ်ဆိုရင်လည်း ကြိုတင်ပြီး သယ်သွားပေါ့နော်။ ဒါက ဓါတ်ပုံဆရာနဲ့ ညှိနှိုင်းတာမျိုးလုပ်ပါ။ သူ စီစဉ်ပေးထားမလားပေါ့နော်။

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းထွက်တဲ့အခါ ဓါတ်ပုံကောင်းကောင်းရချင်တယ်ဆိုရင်တော့ အပေါ်က အချက်လေးတွေ မမေ့ပါနဲ့နော်။ 

photo: Mug Wedding

From Marry with


Comments

0 comments
Latest video