ဟန်းနီးမွန်း ခရီးစဉ်လေးက ပြန်တွေးလိုက်တိုင်း စိတ်ကျေနပ်စရာကောင်းစေဖို့

by: Nway Nway Aung
 0 comments  0 love

အဲ့ဒါကြောင့် ဟန်းနီးမွန်း ခရီးစဉ်လေးက ပြန်တွေးလိုက်တိုင်း စိတ်ကျေနပ်စရာကောင်းပြီး ပျော်စရာကောင်းစေဖို့ သတိပြုသင့်တာလေးတွေ ပြောပြပေးမယ်နော်။

အစားပြန်မရနိုင်တဲ့ အဖိုးတန် ခရီးစဉ်လေး တစ်ခုပါ

ဟန်းနီးမွန်း ခရီးဆိုတာ ဇနီးမောင်နှံ နှစ်ယောက်အတွက် နောက်တစ်ခါ အစားပြန်မရနိုင်တဲ့ အဖိုးတန် ခရီးစဉ်လေး တစ်ခုပါ။ နှစ်ကိုယ်တူ ကြည်ကြည်နူးနူး သွားခဲ့ရတဲ့ ပျားရည်ဆမ်းကာလရဲ့ ခရီးစဉ်လေးဟာ တစ်ဘဝလုံးစာအတွက် လုံလောက်တဲ့ အမှတ်တရ ဖြစ်နေမှာပါ။ အဲ့ဒါကြောင့် ဟန်းနီးမွန်း ခရီးစဉ်လေးက ပြန်တွေးလိုက်တိုင်း စိတ်ကျေနပ်စရာကောင်းပြီး ပျော်စရာကောင်းစေဖို့ သတိပြုသင့်တာလေးတွေ ပြောပြပေးမယ်နော်။

ရန်မဖြစ်ပါနဲ့

ရန်မဖြစ်ပါနဲ့

ဟန်းနီးမွန်းခရီးဆိုတာ ချစ်ပြီးရင်း ချစ်လို့ အချစ်တွေ တိုးပွါးလာရမယ့် ခရီးစဉ်လေးပါ။ ဒါကြောင့်မို့ လုံးဝ၊ လုံးဝ ရန်မဖြစ်ရဘူးလို့ တားမြစ်ပါရစေနော်။ အချင်းချင်း ကျီစယ်လို့ ဆော့ကစားလို့ ရပေမယ့် စိတ်ဆိုးစိတ်ကောက် ဖြစ်မယ်၊ ရန်ဖြစ်နေမယ် ဆိုရင်တော့ ဟန်းနီးမွန်း ခရီးလေးက ပျော်စရာ ကောင်းတော့မှာ မဟုတ်တာ သေချာပါတယ်။ ဒါကြောင့် ဟန်းနီးမွန်း ခရီးထွက်ရင် ရန်မဖြစ်ကြေး။

အစစ အရာရာ မချွေတာပါနဲ့

အစစ အရာရာ မချွေတာပါနဲ့

စာရင်းတွက်ပြီး အစစ အရာရာ ချွေတာနေရရင် ဟန်းနီးမွန်း ခရီးလေးက ဘယ်ပျော်စရာ ကောင်းပါတော့မလဲ။ စိတ်တိုင်းကျ ပျော်ရွှင်နိုင်ဖို့ အရေးကြီးတဲ့ ခရီးစဉ်လေးမို့ ဟန်းနီးမွန်းအတွက် ကြိုတင် ငွေစုဆောင်းထားဖို့ အကြံပေးပါရစေ။ မင်္ဂလာ စရိတ် ခွဲဝေတဲ့အခါမှာလည်း ဟန်းနီးမွန်းအတွက် ပမာဏ တစ်ခု သပ်သပ် ဖယ်ထားသင့်ပါတယ်။

ခရီးစဉ် အရမ်း မရှည်ပါနဲ့

ခရီးစဉ် အရမ်း မရှည်ပါနဲ့

ခရီးစဉ်က ထိုက်သင့်တာထက် ပိုပြီးရှည်သွားမယ် ဆိုရင် ခရီးပန်းတဲ့ ဒဏ်ကြောင့် ပျော်ရွှင်မှုရဲ့ အရသာတွေ ပေါ့သွားပါလိမ့်မယ်။ လည်ပတ်စရာတွေများတာ၊ နေရာအနှံရောက်တာတွေက ဒီအတိုင်းဆို စိတ်ကျေနပ်စရာ ကောင်းပေမယ့် လူပင်ပန်းတာ၊ ငွေကုန်ကြေးကျ များတာတွေကြောင့် ခရီးစဉ်ဟာ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်သွားနိုင်ပါတယ်။ အဓိကကတော့ ဟန်းနီးမွန်း ခရီးမှာ စိတ်လက် အပန်းပြေခဲ့ဖို့ပါပဲ။ ဒါကြောင့် Marry အခုပြောပြပေးထားတာတွေကို သတိပြုပေးပါနော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords