Advertisement

ဂိမ်းလေးတွေကို ရှုံးတဲ့ လူက တစ်ချက်နမ်းကြေး၊ နှုတ်ခမ်းနီ ဆိုးပေးကြေးလိုမျိုး ပျော်စရာကောင်းတဲ့ လောင်းကြေးလေးတွေနဲ့ ကစားကြဖို့ အကြံပေးချင်ပါတယ်

နှစ်ခါ ပြန်မရနိုင်တဲ့ ဟန်းနီးမွန်းဆိုတဲ့ စိတ်လှုပ်ရှား ရင်ခုန်ချင်စရာ ကာလလေး

မင်္ဂလာ သက်တမ်း တစ်လျှောက် နှစ်ခါ ပြန်မရနိုင်တဲ့ ဟန်းနီးမွန်းဆိုတဲ့ စိတ်လှုပ်ရှား ရင်ခုန်ချင်စရာ ကာလလေးမှာ စုံတွဲလေးတွေအနေနဲ့ လုပ်ကို လုပ်ရမယ့် ကိစ္စလေးတွေ ရှိပါတယ်။ တကယ့်ကို ချစ်ကြည်နူးစရာလေးတွေ ဖြစ်ပြီး တစ်ဘဝလုံးစာအတွက် လုံလောက်တဲ့ အမှတ်တရလေးတွေ ဖြစ်သွားမှာ အသေအချာပဲမို့ ဘာလေးတွေလဲ ဆိုတာ Marry က ပြောပြပေးမယ်နော်။

ကြယ်လေးတွေ ရေတွက်ပါ

ကြယ်လေးတွေ အတူတူ ရေတွက်ကြည့်ပါ

ကောင်းကင်ကြီးကို မျက်နှာမူပြီး ကြယ်လေးတွေ အတူတူ ရေတွက်ကြည့်ပါ။ ချစ်သူရဲ့ လက်မောင်းလေးပေါ် ခေါင်းအုံးအိပ်ပြီး ညဘက်ကောင်းကင်ပြင်ကြီးထဲက ကြယ်လေးတွေကို နံပါတ်စဉ်တပ် အတူတူရေတွက်လို့ ရောက်တတ်ရာရာ စကားပြောကြည့်ပါနော်။ တကယ့်ကို ကြည်နူးစရာကောင်းပြီး တစ်သက်တာ အမှတ်ရနေမှာ သေချာတဲ့ အပြုအမူလေးပါနော်။

သီချင်းအတူဆိုပါ

သီချင်းအတူဆိုပါ

ကေတီဗီ အတူတူသွားပြီး သီချင်းဆိုရင် ပိုလို့တောင် ကောင်းပါသေးတယ်။ သီချင်းဆိုခြင်းဟာ စိတ်ဖိစီးမှုကို လျော့ပါးစေပြီး စိတ်ကို ပျော်ရွှင်စေတဲ့ အပြုအမူ တစ်ခုပါ။ နှစ်ယောက်သား အတူတူ သီချင်းဆိုခြင်းက စိတ်ကို ထူးထူးခြားခြား တက်ကြွပျော်ရွှင်စေပါတယ်။ နှစ်ဦးသား ကြားထဲက အမှတ်တရ သီချင်းလေးတွေကို အတူတူ ပြန်လည် သီဆိုပြီး ပျားရည်ဆမ်းကာလ လေးမှာ ချိုမြိန်တဲ့ အမှတ်တရလေးတွေ ဖန်တီးလိုက်ပါ။

အိပ်ရာ မဝင်ခင် ဂိမ်းကစားပါ

ဂိမ်းလေးတွေ ကစားပြီး ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးလိုက်ပါနော်

အိပ်ရာ မဝင်ကြခင်မှာ နှစ်ယောက်သား အတူကစားလို့ ရတဲ့ ဂိမ်းလေးတွေ ကစားပြီး ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးလိုက်ပါနော်။ စစ်တုရင်ထိုးတာ၊ ဉာဏ်စမ်းကစားတာ၊ စာလုံးဆက်တာ အစရှိတဲ့ ပျော်စရာ ကောင်းတဲ့ ဂိမ်းလေးတွေကို ရှုံးတဲ့ လူက တစ်ချက်နမ်းကြေး၊ နှုတ်ခမ်းနီ ဆိုးပေးကြေးလိုမျိုး ပျော်စရာကောင်းတဲ့ လောင်းကြေးလေးတွေနဲ့ ကစားကြဖို့ အကြံပေးချင်ပါတယ်။ တကယ့်ကို ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေ ကျန်ခဲ့မှာ အသေအချာပါပဲနော်။

 

Comments

0 comments