Advertisement

ဟန်းနီးမွန်း ခရီးလေးဟာ နှစ်ယောက်တစ်ဘဝ တည်ထောင်ကြမယ့် ချစ်ခရီးလမ်းရဲ့ ကနဦးဆုံး ခရီးတစ်ခု ဖြစ်ပြီး ပထမဦးဆုံး ချစ်မှတ်တိုင်လည်း ဖြစ်ပါတယ်

မင်္ဂလာမောင်နှံတွေအတွက်တော့ ဟန်းနီးမွန်းကာလလေးဟာ နှစ်ခါပြန်မရနိုင်တဲ့ ချိုမြိန်ခြင်းတွေ ပြည့်ဝနေတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ကာလလေးပါ။ အဲ့လို အချိန်ကာလလေးကို အေးဆေးငြိမ်းချမ်းစွာ အပန်းဖြေ အနားယူရင်း ကုန်ဆုံးလေ့ရှိသလို၊ သဘာဝ အလှတရားတွေကို ခံစားပြီး နှစ်ဦးသားရဲ့ ချစ်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့  နေ့စဉ် လုပ်ငန်းခွင်နဲ့ မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ရုန်းထွက်လို့ လှပတဲ့နေရာအသီးသီးကို ခရီးထွက်လေ့ရှိကြတယ် မဟုတ်လား။ ဒီ ဟန်းနီးမွန်း ခရီးလေးဟာ နှစ်ယောက်တစ်ဘဝ တည်ထောင်ကြမယ့် ချစ်ခရီးလမ်းရဲ့ ကနဦးဆုံး ခရီးတစ်ခု ဖြစ်ပြီး ပထမဦးဆုံး ချစ်မှတ်တိုင်လည်း ဖြစ်ပါတယ်။ Marry ရဲ့ ပရိတ်သတ်ထဲမှာလည်း ပထမဦးဆုံး ချစ်မှတ်တိုင် စိုက်ထူမယ့် မင်္ဂလာ စုံတွဲလေးတွေရှိရင် အလှပဆုံး၊ ရင်ခုန်ချင်စရာ အကောင်းဆုံး နေရာလေးတွေမှာ ချစ်မှတ်တိုင်လေးတွေ ထူရအောင် ကမ္ဘာအရပ်ရပ်က အလှပဆုံး၊ ဟန်းနီးမွန်းထွက်ဖို့ အကောင်းဆုံး နေရာလေးတွေကို စုစည်းဖော်ပြပေးလိုက်တယ်နော်။

Tags: advicehoneymoonidea

Comments

0 comments
Advertisement