ပဲရစ်ကို ဟန်းနီးမွန်း ထွက်မယ့် ရွှေထူး

by: Nway Nway Aung
 0 comments  2 love

မင်္ဂလာပွဲလေးကိုတော့ ဘုန်းကြီးကျောင်းမှာပဲ ခင်မင်ရင်းနှီးတဲ့ လူအနည်းအကျင်းလောက်နဲ့ ရိုးရိုးရှင်းရှင်းလေးပဲ ကျင်းပချင်တယ်လို့ ပြောပါတယ်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုကို ရွှေထူးက ပဲရစ်ကို ဟန်းနီးမွန်း ထွက်မှာပါတဲ့။ လတ်တလောမှာ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပေမယ့် ရွှေထူးက သူ့ရဲ့ ဟန်းနီးမွန်း စိတ်ကူးလေးကို Myanmar People Magazine နဲ့ အင်တာဗျူးမှာ ပြောပြခဲ့တာပါ။

Pre wedding ဓာတ်ပုံတွေ ရိုက်ရင်လည်း နိုင်ငံခြား ခရီးထွက်ပြီး ဆန်းဆန်းပြားပြားလေးတွေ ရိုက်ချင်တယ်လို့ ပြောပါတယ်။

မင်္ဂလာပွဲလေးကိုတော့ ဘုန်းကြီးကျောင်းမှာပဲ ခင်မင်ရင်းနှီးတဲ့ လူအနည်းအကျင်းလောက်နဲ့ ကျင်းပချင်တယ်လို့ စိတ်ကူးယဉ် မင်္ဂလာပွဲလေး အကြောင်း ပြောပြခဲ့ပါတယ်။

လူတွေ အများကြီးနဲ့ ကြီးကြီးကျယ်ကျယ် ရှုပ်ရှုပ်ထွေးထွေး ကျင်းပတဲ့ မင်္ဂလာပွဲမျိုးကိုတော့ မကြိုက်ဘူးလို့ ပြောပါတယ်။ မင်္ဂလာပွဲလေးကို ရိုးရိုးရှင်းရှင်းလေးပဲ ကျင်းပချင်တဲ့ အဆိုတော် ရွှေထူးက လတ်တလောမှာတော့ အိမ်ထောင်ပြုမယ့် အစီအစဉ် မရှိသေးပါဘူးတဲ့။

Source – Myanmar People Magazine

Photo –  Shwe Htoo Facebook

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords