ခရီးမထွက်ခင် လိုအပ်တာလေးတွေ(old)

by: Nway Nway Aung
 0 comments  0 love

နိုင်ငံရပ်ခြား ခရီးစဉ်အတွက် အဓိက လိုအပ်တဲ့အရာက Passport မဟုတ်လား။ ဒါကြောင့် Passport လုပ်ပြီး ဗီဇာလျှောက်ဖို့ အရင်ဆုံး လုပ်ရမှာပါ

ခရီးမထွက်ခင် လိုအပ်တာလေးတွေ (Photo – GET.com Singapore)

ဟန်းနီးမွန်း ခရီးစဉ်ဆိုတာ ကြင်စဦး မောင်နှံတွေအတွက် သိပ်ကို အဖိုးတန်တဲ့ ရွှေရောင်အခိုက်အတန့် တစ်ခုပါ။ နောင်အချိန် တစ်ခုမှာ စည်းစိမ်ချမ်းသာ ဘယ်လောက် ပုံပေးပေးပြန်ပြီး ဝယ်ယူလို့ မရတဲ့ အခိုက်အတန့်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်ဟန်းနီးမွန်းကာလရဲ့ အချိန်တိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ စိတ်အနှောင့်အယှက် မရှိဘဲ ပျော်နေနိုင်ဖို့ အရေးကြီးလှပါတယ်။ Marry ရဲ့ ကြင်စဦးမောင်နှံလေးတွေကိုလည်း ဟန်းနီးမွန်းမှာ စိတ်အေးလက်အေး ပျော်ရအောင်လို့ ခရီးမထွက်ခင် ဘာလေးတွေ လိုအပ်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ခရီးအတွက် လိုအပ်တာတွေ အဆင်သင့် ဖြစ်ပြီလား

ခရီးအတွက် လိုအပ်တာတွေ အဆင်သင့် ဖြစ်ပြီလား (Photo – Fotolia)

တကယ်လို့ ဟန်းနီးမွန်းကို ပြည်ပသွားချင်တယ် ဆိုရင် ပိုပြီးတောင် ကြိုတင် စီစဉ်သင့်ပါတယ်။ နိုင်ငံရပ်ခြား ခရီးစဉ်အတွက် အဓိက လိုအပ်တဲ့အရာက Passport မဟုတ်လား။ ဒါကြောင့် Passport လုပ်ပြီး ဗီဇာလျှောက်ဖို့ အရင်ဆုံး လုပ်ရမှာပါ။ နိုင်ငံဖြတ်ကျော်သွားလာမှာ ဖြစ်လို့ အချိန်ကြာမြင့်နိုင်တဲ့ အတွက်လည်း ဗီဇာရဖို့ စောစောလေး လုပ်ထားတာ အကောင်းဆုံးပါ။  Passport အသင့်ရှိပြီးသားဆိုရင်လည်း သက်တမ်းကုန်ဆုံးပြီလား စစ်ဆေးပါ။ လိုအပ်ရင် ကြိုကြိုတင်တင် သက်တမ်းတိုးထားပါ။ ပြည်တွင်းပဲ ဆိုရင်တော့ ရထားလက်မှတ်၊ ကားလက်မှတ်တွေ အဆင်သင့် လုပ်ထားဖို့လိုပါတယ်။ ဟန်းနီးမွန်း အပြီးမှာ လုပ်ငန်းခွင် တန်းဝင်ရမယ့် သူတွေအနေနဲ့ အပြန်လက်မှတ်ပါ ကြိုတင်ဝယ်ယူထားသင့်ပါတယ်။

ခရီးစဉ်အကြောင်း သိထားပြီးပြီလား

ခရီးစဉ်အကြောင်း သိထားပြီးပြီလား (Photo – Fotolia)

ဟန်းနီးမွန်းကို အစအဆုံး စီစဉ်ထားတဲ့ ခရီးသွား အစီအစဉ်နဲ့ သွားတာရယ်၊ ကိုယ့်ဟာကိုယ် စီစဉ်ပြီးသွားတာရယ်ဆိုပြီး ၂ မျိုး ရှိပေမယ့် ဘာနဲ့သွားသွား မသွားခင် ခရီးစဉ်အကြောင်းကို သေသေချာချာလေးတော့ သိထားသင့်ပါတယ်။ သွားမယ့်နေရာဒေသနဲ့ သက်ဆိုင်တဲ့ အရာတွေကို တတ်နိုင်သလောက် အချက်အလက် ရှာဖွေ စုဆောင်းပြီး  ဖတ်ရှုထားပေးပါ။ အထူးသဖြင့် မရောက်ဖူးတဲ့နေရာတွေ သွားတဲ့အချိန်မှာ ကြိုသိထားရင် အများကြီး အဆင်ပြေပြီး ခရီးစဉ်ကို အခက်အခဲ မရှိ ဖြစ်စေမှာပါ။  နိုင်ငံရပ်ခြားကို သွားမယ်ဆိုရင်လည်း ကိုယ်သွားမယ့် နိုင်ငံရဲ့ အရေးကြီးတဲ့ ဓလေ့ထုံးစံတွေနဲ့ လိုက်နာရမယ့် ဥပဒေသတွေကို ကြိုပြီး သိထားရမှာပါ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles