ဟန်းနီးမွန်း မထွက်ဖြစ်လည်း ချစ်ချစ်ခင်ခင်လုပ်လို့ရမယ့် ကိစ္စတွေ

by: Phyo Pyae Thu
 0 comments  0 love

ဟန်းနီးမွန်းကာလဆိုတာ မင်္ဂလာပွဲလေး ကျင်းပပြီးတဲ့နောက်မှာ နှစ်ယောက်သား အေးအေးဆေးဆေးလေး အနားယူပြီး ပျော်ရွှင်စရာ ဖြတ်သန်းကြတဲ့ အချိန်ပါ

ဟန်းနီးမွန်းကာလဆိုတာ မင်္ဂလာပွဲလေး ကျင်းပပြီးတဲ့နောက်မှာ နှစ်ယောက်သား အေးအေးဆေးဆေးလေး အနားယူပြီး ပျော်ရွှင်စရာ ဖြတ်သန်းကြတဲ့ အချိန်ပါ။ တချို့တွေကတော့ ပတ်ဝန်းကျင်အသစ်လေးဖြစ်အောင်ဆိုပြီး ခရီးတွေ ထွက်တာမျိုး ရှိပါတယ်။ အနည်းဆုံးတော့ (၂) ညအိပ် (၃) ရက်ခရီးပေါ့။ တစ်ခါတစ်လေမှာ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ တခြားအကြောင်းအရာတွေကြောင့်ဖြစ်ဖြစ် ဟန်းနီးမွန်းခရီး မထွက်ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ အဓိကက နှစ်ဦးသား ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာလေး ဖြတ်သန်းဖို့ပဲဆိုတော့ ဟန်းနီးမွန်း မထွက်ဖြစ်လည်း ချစ်ချစ်ခင်ခင်လုပ်လို့ရမယ့် ကိစ္စတွေများပါတယ်။

(၁) စကားပြောပါ

ငယ်ငယ်တုန်းက အမှတ်တရလေးတွေ ပြန်ပြောဖြစ်ကြတာက အမှတ်တရ ဖြစ်စေနိုင်ပါတယ် (photo: Colourbox)

ချစ်သူဘဝတုန်းကလည်း စကားပြောခဲ့တာပဲဆိုပြီး အရေးမကြီးဘူးတော့ မထင်ပါနဲ့နော်။ ငယ်ငယ်တုန်းက အမှတ်တရလေးတွေ ပြန်ပြောဖြစ်ကြတာက အမှတ်တရ ဖြစ်စေနိုင်ပါတယ်။ အိမ်ထဲမှာပဲ အနားယူရင်း ငယ်ငယ်တုန်းကတော့ ကိုယ်က ဘယ်လိုပုံစံမျိုး၊ အတန်းထဲမှာ စာအရမ်းတော်တာ အစရှိတာလေးတွေ စကားပြောပါ။ ဒါတွေက အမှတ်တရပါပဲ။

(၂) ဖုန်းတွေ ပိတ်ထားလိုက်ပါ

ဖုန်းတွေကြောင့် ဟန်းနီးမွန်းကာလလေးမှာ အနှောင့်အယှက် မဖြစ်တာ အကောင်းဆုံးပါ (photo: Colourbox)

အလုပ်ကိစ္စတွေ၊ တခြားသူငယ်ချင်းဆီက ဖုန်းတွေကြောင့် ဟန်းနီးမွန်းကာလလေးမှာ အနှောင့်အယှက် မဖြစ်တာ အကောင်းဆုံးပါ။ အိမ်မှာနေပြီး ချစ်သူနဲ့ အတူတူ ပျော်စရာကောင်းမယ့် ဇာတ်ကားလေးတွေ ကြည့်တာမျိုး လုပ်ပါ။ ဇာတ်လမ်းတွဲတော့ မကြည့်သင့်ပါဘူးနော်။

(၃) ထမင်း၊ ဟင်းအတူတူ ချက်ကြည့်ပါ

ဟင်းချက်စာအုပ်ထဲက သရေစာမုန့် လုပ်တဲ့နည်းတွေ ကြည့်ပြီး ချက်တာမျိုး လုပ်ကြည့်ပါ

စားချင်တဲ့ ဟင်းလျာအသစ်လေးတွေ အတူတူ ချက်တာ၊ ဟင်းချက်စာအုပ်ထဲက သရေစာမုန့် လုပ်တဲ့နည်းတွေ ကြည့်ပြီး ချက်တာမျိုး လုပ်ကြည့်ပါ။ ဒါက ပျော်ရွှင်စရာကောင်းမယ့် အစီအစဉ်ဆိုတာ သေချာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခွံ့ကျွေးတာမျိုး လုပ်ပါ။

(၄) ဓါတ်ပုံရိုက်ပါ

အိမ်နေရင်းအင်္ကျီလေးတွေ ဝတ်ပြီး ဓါတ်ပုံရိုက်ပါ (Photo:Madrid Tours)

အမှတ်တရအနေနဲ့ အိမ်နေရင်းအင်္ကျီလေးတွေ ဝတ်ပြီး ဓါတ်ပုံရိုက်ပါ။ စိတ်ကူးရှိတယ်ဆိုရင်တော့ အပေါ်မှာပြောပြထားသလို ထမင်း၊ ဟင်းချက်တဲ့အခါမှာ ဓါတ်ပုံ၊ ဗီဒီယိုလေးတွေနဲ့ မှတ်တမ်းတင်ထားပါ။

(၅) ဂိမ်းဆော့ပါ

နှစ်ဦးလုံး ပါဝင်ပျော်ရွှင်ရမယ့် ဂိမ်းအသေးစားလေးတွေ ဆော့ပါ (photo: zeusfactor.com)

ဖုန်း၊ laptop တွေနဲ့ ကစားရတဲ့ ဂိမ်းမျိုး မဟုတ်ဘဲ ဒိုးဆက် ဆော့တာမျိုး၊ ဘောပင်လေးနဲ့ အစက်လေးတွေမှတ်ပြီး အကွက်လေးဖြစ်အောင် ဆက်တာမျိုး စတဲ့ နှစ်ဦးလုံး ပါဝင်ပျော်ရွှင်ရမယ့် ဂိမ်းအသေးစားလေးတွေ ဆော့ပါ။

(၆) ဈေးဝယ်ထွက်ပါ

နှစ်ဦးသား ပစ္စည်းလေးတွေ တစ်ယောက်တလှည့် ရွေးပေးတာမျိုးဆိုရင် ပိုပြီး ပျော်စရာကောင်းပါတယ် (Photo:Madrid Tours)

ဟန်းနီးမွန်းခရီးအတွက် ကုန်ကျမယ့် စရိတ်တွေအစား ဈေးဝယ်ထွက်ပါ။ တူနှစ်ကိုယ်အိမ်လေးအတွက် လိုအပ်တာပဲဖြစ်ဖြစ်၊ ကိုယ်လိုတဲ့ အရာတွေပဲ ဖြစ်ဖြစ် ဝယ်ပါ။ နှစ်ဦးသား ပစ္စည်းလေးတွေ တစ်ယောက်တလှည့် ရွေးပေးတာမျိုးဆိုရင် ပိုပြီး ပျော်စရာကောင်းပါတယ်။

(၇) Dinner dating လုပ်ပါ

ဝိုင်လေးတစ်ခွက်လောက် သောက်တာမျိုးလည်း လုပ်ပါ (photo: Bones Du Jour)

ညစာကို  Romantic ဆန်ပြီး  အရသာရှိတဲ့ ဆိုင်ကောင်းကောင်းမှာ စားပါ။ ဝိုင်လေးတစ်ခွက်လောက် သောက်တာမျိုးလည်း လုပ်ပါ။ ဝိုင်က အချစ်စိတ်ကို နိုးကြားစေပါတယ်နော်။ ဒီအချိန်မှာ စကားလေးတွေ ကြည်ကြည်နူးနူးပြောကြတာမျိုး လုပ်ပါ။

အသစ်စက်စက် ဇနီးမောင်နှံတို့ရေ ဟန်းနီးမွန်းအတွက် ခရီးမထွက်ဖြစ်ဘူးဆိုရင် Marry က ပြောပြထားတဲ့ နည်းလမ်းလေးတွေ လုပ်ကြည့်ပါနော်။ နှစ်ခါပြန်မရနိုင်တဲ့ ဘဝအမှတ်တရတွေမို့ ပျော်စရာကောင်းမှာပါ။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords