စုံတွဲလေးလို့ ဟန်းနီးမွန်းနေရာ ရွေးဖို့ခက်နေရင်

by: Phyo Pyae Thu
 0 comments  0 love

ပျားရည်ဆမ်းသလို ချိုမြိန်နေဖို့ဆိုတာ စီစဉ်ထားတဲ့ ခရီးစဉ်ပေါ်မှာ မူတည်ပါတယ်

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်း ထွက်မယ်ဆိုရင် ဘယ်နေရာကို သွားမယ်လို့ စိတ်ကူးထားလဲ၊ ဟန်းနီးမွန်းဆိုတာ စုံတွဲလေးတို့ရဲ့ တကယ့်ကို ပျားရည်ဆမ်းတဲ့ ကာလလေး ဖြစ်ရမှာပါနော်။ ပျားရည်ဆမ်းသလို ချိုမြိန်နေဖို့ဆိုတာ စီစဉ်ထားတဲ့ ခရီးစဉ်ပေါ်မှာ မူတည်ပါတယ်။ ခရီးစဉ်ရွေးချယ်တဲ့အခါမှာ ပျော်ရွှင်ရဖို့ အဆင်ပြေစေဖို့ ဦးစားပေး ရွေးချယ်ရမှာပါ။

အမှတ်တရ ရှိတဲ့နေရာလား

ဟန်းနီးမွန်း ခရီးစဉ် ရွေးချယ်တဲ့နေရာမှာ ဘယ်သွားရမလဲ မသိဘူးဖြစ်နေရင်တော့ နှစ်ယောက်စလုံး အမှတ်တရ ရှိခဲ့တဲ့နေရာကို ရွေးချယ်လို့ ရပါတယ်။ စုံတွဲလေးတို့ ရည်းစားစဖြစ်ခဲ့တာက နယ်မှာဆိုရင် အဲဒီနယ်ကို ခရီးပြန်သွားတာမျိုးပေါ့။ ဒီလိုဆိုရင် ဟိုးအရင် ချစ်ခဲ့စဉ်က အတိတ်လေးတွေကိုလည်း အမှတ်တရ ပြန်လည်တွေးပြီး မှတ်မိနေဦးမှာပေါ့နော်။

ပျော်ရွှင်ဖို့ ဦးစားပေးပါ (photo: TuArt Wedding – Da Nang)

တစ်ခါမှ မရောက်ဖူးတဲ့နေရာလား

နှစ်ယောက်စလုံး တစ်ခါမှ မရောက်ဖူးတဲ့ နေရာကိုလည်း ရွေးချယ်လို့ ရပါတယ်။ ပြည်ပပဲဖြစ်ဖြစ်၊ ပြည်တွင်းပဲ ဖြစ်ဖြစ် တစ်ခါမှ မရောက်ဖူးတဲ့ နေရာသွားမယ်ဆိုရင်တော့ အသစ်အဆန်းတွေ ကြုံရမှာပါ။ နှစ်ယောက်စလုံးက အသစ်အဆန်းတွေ လေ့လာရတာကို ကြိုက်တယ်ဆိုရင်တော့ တစ်ခါမှ မရောက်ဖူးတာမျိုးကို ရွေးချယ်သင့်ပါတယ်။

Activities လုပ်ရတာကို ကြိုက်လား

စုံတွဲလေးတို့ရေ ခရီးထွက်ရင် ကားစီး၊ ဟိုတယ်မှာတည်း၊ နည်းနည်းပါးပါး လျှောက်လည်၊ အေးဆေးနားချင်တဲ့သူလား၊ ဒါမှမဟုတ် ဟိုစပ်စပ် ဒီစပ်စပ် Activities လုပ်ရတာကို ကြိုက်တဲ့သူလား သေချာစဉ်းစားပါ။ Activities လုပ်ရတာကို ကြိုက်တဲ့သူဆိုရင်တော့ Trekking လုပ်တာ၊ တောင်တက်တာ စတာတွေပါတဲ့ ဟန်းနီးမွန်း ခရီးစဉ်ကို ရွေးချယ်သင့်ပါတယ်။

Activities လား အေးဆေးနေချင်လား တွေးပါ (photo: TuArt Wedding – Da Nang)

အေးအေးဆေးဆေးလေး နားချင်လား

မင်္ဂလာပွဲမှာ စီစဉ်ရတာတွေနဲ့ ပင်ပန်းလို့ ဟန်းနီးမွန်းလေး အေးအေးဆေးဆေး ထွက်ပြီး အနားယူချင်တာမျိုးဆိုရင်တော့ တိတ်ဆိတ်ငြိမ်သက်တဲ့ ခရီးစဉ်မျိုးကို ရွေးချယ်သင့်ပါတယ်။ စုံတွဲ အများစု ရွေးချယ်တဲ့ ပင်လယ်ကမ်းခြေမျိုးပေါ့။ ဟိုတယ်ကောင်းကောင်းလေးမှာ အေးဆေးအနားယူလိုက် ရေကူးလိုက်လုပ်တာမျိုးဆိုရင် အဆင်ပြေပါတယ်နော်။ Romantic ညစာလေးတော့ မမေ့နဲ့နော်။

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းထွက်တယ်ဆိုတာ ပျော်ရွှင်ချင်လို့ပါပဲ။ ဒီတော့ ဘယ်လိုခရီးစဉ်ကိုပဲ ရွေးချယ် ရွေးချယ် ပျော်ရွှင်ဖို့ တက်ကြွဖို့ အရေးကြီးပါတယ်။

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords