ပြည်ပကို ဟန်းနီးမွန်းထွက်မယ် တွေးထားရင်

by: Phyo Pyae Thu
 0 comments  0 love

ဟန်းနီးမွန်းဆိုတဲ့ အသံလေး ကြားလိုက်တာနဲ့ ရင်ခုန်သွားပြီမလား၊ သတို့သား၊ သတို့သမီးလေးတို့ မင်္ဂလာပွဲပြီးတာနဲ့ ဟန်းနီးမွန်း ထွက်တာမျိုး ရှိသင့်တယ်နော်။

သတို့သား၊ သတို့သမီးလေးတို့ မင်္ဂလာပွဲပြီးတာနဲ့ ဟန်းနီးမွန်း ထွက်တာမျိုး ရှိသင့်တယ်နော် (photo: honeymoonalways.com)

သတို့သား၊ သတို့သမီးလေးတို့ရေ ဟန်းနီးမွန်းဆိုတဲ့ အသံလေး ကြားလိုက်တာနဲ့ ရင်ခုန်သွားပြီမလား၊ သတို့သား၊ သတို့သမီးလေးတို့ မင်္ဂလာပွဲပြီးတာနဲ့ ဟန်းနီးမွန်း ထွက်တာမျိုး ရှိသင့်တယ်နော်။ တစ်သက်မှာ တစ်ခါဆောင်ပြီး အိမ်ထောင့်တာဝန်တွေ မယူရသေးခင် ပျော်ပျော်ပါးပါးလေး ခရီးထွက်ဖို့ လိုပါတယ်နော်။ တချို့စုံတွဲလေးတွေကတော့ နိုင်ငံတွင်းပဲ ဟန်းနီးမွန်း ထွက်ကြပေမယ့် တချို့ကတော့ ပြည်ပနိုင်ငံတွေကို ဟန်းနီးမွန်းအဖြစ် ရွေးချယ်ကြပါတယ်။

ကြိုတင်ပြင်ဆင်သင့်တာတွေ

စုံတွဲလေးတို့ရေ ပြည်ပကို ဟန်းနီးမွန်းထွက်မယ်ဆိုရင် ကြိုတင်ပြီး ပြင်ဆင်ထားသင့်ပါတယ်။ မင်္ဂလာပွဲ မကျင်းပမီ (၃) လလောက် အလိုတည်းက ပြင်ဆင်ထားရပါမယ်။ ဒါမှ မင်္ဂလာပွဲပြီးတာနဲ့ ခရီးထွက်ဖို့ အသင့်ဖြစ်မှာပါ။ ပထမဆုံးတော့ passport သက်တမ်းကျန်သေးလား၊ တိုးဖို့လိုသေးလား ဒါတွေ အရင်ကြိုလုပ်ရပါမယ်။ သတို့သား သတို့သမီးလေးတို့ သွားမယ့်နိုင်ငံပေါ် မူတည်ပြီး Visa ကြိုလျှောက်ဖို့ လိုပါတယ်။ သတို့သား၊ သတို့သမီးလေးတို့ မင်္ဂလာပွဲစီစဉ်တာနဲ့ အလုပ်တွေ အရမ်းများနေတယ်ဆိုရင် online ကနေ Air ticket ဝယ်တာမျိုး လုပ်နိုင်ပါတယ်။ ဒါဆိုရင် သတို့သမီးလေးတို့ အချိန်ကုန်သက်သာမှာပါ။

ပြည်ပ ဟန်းနီးမွန်းထွက်တဲ့အခါမှာ အရမ်းမစွန့်စားရတာမျိုး ရွေးပါ (photo: honeymoonalways.com)

နေရာဒေသ

သတို့သား၊ သတို့သမီးလေးတို့ရေ ဟန်းနီးမွန်း ခရီးထွက်တဲ့အခါမှာ နှစ်ယောက်လုံး မရောက်ဖူးတဲ့ နေရာဆိုရင် ပိုကောင်းပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေရမယ့် ခရီးစဉ်တော့ မဖြစ်သင့်ပါဘူး။ မဟုတ်ရင် ကောင်းကောင်းပျော်ရမှာ မဟုတ်ပါဘူးနော်။ ဒါကြောင့် ပြည်ပ ဟန်းနီးမွန်းထွက်တဲ့အခါမှာ အရမ်းမစွန့်စားရတာမျိုး ရွေးပါ။

ရာသီဥတု

ပြည်ပဟန်းနီးမွန်းထွက်ရင် သတိပြုရမှာက ရာသီဥတုပါ။ နိုင်ငံရပ်ခြားက ရာသီဥတုတွေက ကိုယ်သွားမယ့်အချိန်မှာ အဆင်ပြေရဲ့လား ကြည့်ပါ။ အရမ်းအေးနေတာ၊ အရမ်းပူလွန်းနေတာ စတဲ့ ရာသီဥတု အခြေအနေ ဆိုးရွားနေတယ်ဆိုရင် အပြင်လျှောက်မလည်ဖြစ်ဘဲ ဟိုတယ်မှာပဲ နေနေရမှာ စိုးလို့ပါ။

အစားအစာ

အစားအစာကတော့ ကိုယ်သွားလည်တဲ့ နိုင်ငံက အစားအစာလေးတွေ စားကြည့် မြည်းကြည့်သင့်ပါတယ်နော်။ မတည့်ဘူးဆိုရင်တော့ များများစားစား မစားပါနဲ့။ ဟန်းနီးမွန်းမှာ နေမကောင်းတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ ဒေသစာတွေက ရောက်တုန်းစားရတာမို့ စားတော့စားကြည့်ပါနော်။

ဒေသစာတွေက ရောက်တုန်းစားရတာမို့ စားတော့စားကြည့်ပါနော် (photo: honeymoonalways.com)

ပျော်စရာလေးတွေ

သတို့သား၊ သတို့သမီးလေးတို့ရေ လည်ပတ်တာတွေ ပြီးရင်တော့ ညဘက်မှာ နှစ်ယောက်အတူတူ ဆော့လို့ရမယ့် ဂိမ်းကစားနည်းလေးတွေ စီစဉ်သွားပါ။ စစ်တုရင် ကစားတာ၊ ဂိမ်းအတူ ပြိုင်ဆော့တာ၊ ဥာဏ်စမ်းကစားတာမျိုးလုပ်ပါ။ ရှူံးတဲ့သူက တချက်နမ်းကြေးလေးတွေ ဆော့မယ်ဆိုရင် အရမ်းကို အမှတ်ရစရာ ဖြစ်နေမှာပါ။

အချိန်

သတို့သား၊ သတို့သမီးလေးတွေအနေနဲ့ ပြည်ပခရီးဟန်းနီးမွန်းထွက်မယ်ဆိုရင် သတိထားရမယ့် အချက်တစ်ချက်ရှိပါသေးတယ်။ ဟန်းနီးမွန်းထွက်တဲ့အခါ အချိန်ဘယ်နှရက် ထွက်မလဲဆိုတာလည်း အရမ်းအရေးကြီးပါတယ်။ ပြည်ပဟန်းနီးမွန်းကနေ ပြန်လာပြီး ချက်ချင်း အလုပ်ခွင်ထဲ တန်းဝင်တာမျိုး မလုပ်သင့်ပါဘူး။ ခွင့်က တပတ်လောက်ရတယ်ဆိုရင် (၅) ရက်လောက်ကို ဟန်းနီးမွန်းမှာ ကုန်ဆုံးပါ။ ဒါမှ အိမ်မှာ နှစ်ရက်လောက် အေးဆေးနားရင်း ဟန်းနီးမွန်းက အကြောင်းအရာလေးတွေကို ပြန်ကြည်နူးလို့ ရပါတယ်။ မဟုတ်ရင် အရမ်းပင်ပန်းပြီး ဟန်းနီးမွန်းကို ပြန်မတွေးချင်ဘူး ဖြစ်နေမှာ စိုးတာကြောင့်ပါ။

သတို့သား၊ သတို့သမီးလေးတွေ ပြည်ပခရီးစဉ်သွားဖို့ မကြောက်ပါနဲ့။ package တွေနဲ့ မသွားဘဲ နှစ်ယောက်တည်း စီစဉ်ပြီးသွားမယ်ဆိုရင်လည်း ပျော်စရာကောင်းပါတယ်နော်။

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords