ပျားရည်ဆမ်းခရီးလေးအတွက် အရေးကြီးတဲ့အချက်လေးတွေ

by: seng yar
 0 comments  0 love

ပျားရည်ဆမ်းခရီးမှာ အများကြီး မမျှော်လင့်ပါနဲ့။ ဘဝမှာ အကောင်းဆုံးခရီး ဖြစ်နေရမယ်တို့ ဘာတို့ကို အများကြီး မမျှော်လင့်ထားပါနဲ့။

ကုန်ကျစရိတ်အတွက် ကြိုတင်  စုဆောင်းပါ (Photo:pinterest)

မင်္ဂလာပွဲလေး ပြီးတာနဲ့ ဟန်းနီမွန်းလေးကတော့ လာပါပြီနော်။ ဒီလို ကြည်နူးစရာကောင်းလှတဲ့ အချိန် အခိုက်အတန့်လေးအတွက် ဘယ်လို အချက်တွေက အရေးအကြီးဆုံးဖြစ်မလဲ ဆိုတာကို Marry က ပြောပြပေးမယ်နော်။

  • ပျားရည်ဆမ်းခရီးအတွက် ကုန်ကျစရိတ်ကို မင်္ဂလာပွဲ မတိုင်ခင်ကတည်းက ကြိုတင် စုဆောင်းထားပါနော်။
  • နှစ်ယောက်လုံး သဘောကျတဲ့နေရာကိုပဲ ရွေးချယ်ပါ။ တစ်ယောက် သဘောကျတဲ့နေရာကို ကျန်တစ်ယောက်က သဘောမကျဘဲ လိုက်လျောပြီး ပျားရည်ဆမ်းခရီးသွားဖို့ မရွေးလိုက်ပါနဲ့နော်။
  • ကြိုတင် မှန်းထားတာထက် ပိုပြီး မသုံးမိပါစေနဲ့။
  • မင်္ဂလာပွဲမှာ ရခဲ့တဲ့လက်ဖွဲ့ငွေတွေကို ပျားရည်ဆမ်းခရီးအတွက် မသုံးလိုက်မိပါစေနဲ့နော်။ လက်ဖွဲ့ငွေ ဆိုတာကတော့ မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်တွေကို ပြန်ကာမိဖို့နဲ့ မိသားစု နောင်ရေးအတွက် လိုအပ်တဲ့အရာတွေမှာ အသုံးပြုရမှာဖြစ်လို့ ပျားရည်ဆမ်းခရီးလေးမှာ မသုံးလိုက်မိပါစေနဲ့။

ပျားရည်ဆမ်းခရီးလေးကို အကောင်းဆုံး ပုံဖော်မယ် (Photo:onethreeonefour)

  • သွားမယ့်နေရာကို ရွေးချယ်တဲ့အချိန်မှာလည်း သွားဖူးတဲ့သူတွေကို အရင်ကြိုမေးမြန်းပါ။
  • ပျားရည်ဆမ်းခရီးမှာ အများကြီး မမျှော်လင့်ပါနဲ့။ ဘဝမှာ အကောင်းဆုံးခရီး ဖြစ်နေရမယ်တို့ ဘာတို့ကို အများကြီး မမျှော်လင့်ထားပါနဲ့။ တကယ်တန်း တွေ့ကြုံရတဲ့အချိန်မှာ မျှော်လင့်ထားသလို မဖြစ်လာရင် ခံနိုင်ရည်မရှိမှာ စိုးရလို့ပါ။
  • အိမ်မှာ နားဖို့ အချိန် အတွက် တစ်ရက်ထားပေးပါ။ ဒီအချက်ကတော့ အရေးကြီးတဲ့အချက် တစ်ချက်ပဲ ဖြစ်ပါတယ်။ ဟန်းနီးမွန်းအတွက် ရတဲ့အချိန်တွေထဲက တစ်ရက်ကို အိမ်မှာ နားဖို့ ထားထားပါ။ ဥပမာ – အလုပ်က ခွင့် (၅) ရက်ရတယ် ဆိုရင် (၅) ရက်လုံး ခရီးသွားတာမျိုး မလုပ်ပါနဲ့။ လေးရက်သွားပြီး ကျန်တစ်ရက်ကို အိမ်မှာ ပြန်နားပါ။ ဒါမှ အလုပ်ပြန်ဝင်တဲ့အချိန်မှာ အဆင်ပြေမှာပါ။ ရတဲ့နေ့တွေ အကုန်လုံးကို ခရီးသွားလိုက်မယ်ဆိုရင် ခရီးပန်းပြီး အဆင်မပြေနိုင်ပါဘူးနော်။
  • ခရီးအတွက် လိုအပ်တဲ့အရာတွေကို သေချာပြင်ဆင်ပါ။ သေချာ မပြင်ဆင်သွားရင်တော့ ဟိုကျမှ ဟိုဟာလိုတယ်။ ဒီဟာ လိုတယ် ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်လို့ပါ။

Marry ပြောပြပေးတဲ့အချက်လေးတွေကို ပျားရည်ဆမ်းခရီး မသွားခင်လေးမှာ သိထားပေးပြီး Marry ရဲ့ မောင်နှံလေးတိုင်း အကောင်းဆုံး ပျားရည်ဆမ်းခရီးလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles