Advertisement

 ပျော်စရာ အကောင်းဆုံး ကာလကို တစ်သက်လုံးစာ ဖမ်းဆုပ်ထားလို့ မရပေမယ့် ပုံရိပ်လေးတွေကိုတော့ သေချာ မှတ်တမ်းတင်ထားပြီး တစ်ဘဝလုံးစာ သိမ်းဆည်းထားလို့ ရပါတယ်နော်

 

ဟန်းနီးမွန်း ခရီးထွက်ရင် ဒီလိုဓာတ်ပုံလေးတွေ ရိုက်ခဲ့ပါ

ဟန်းနီးမွန်းဆိုတဲ့ ပျော်စရာ အကောင်းဆုံး ကာလကို တစ်သက်လုံးစာ ဖမ်းဆုပ်ထားလို့ မရပေမယ့် ပုံရိပ်လေးတွေကိုတော့ သေချာ မှတ်တမ်းတင်ထားပြီး တစ်ဘဝလုံးစာ သိမ်းဆည်းထားလို့ ရပါတယ်နော်။ နှစ်ယောက်သားရဲ့ ပျော်ရွှင်ချမ်းမြေ့မှု အကောင်းဆုံး အချိန်လေးတွေကို အလှပဆုံး မှတ်တမ်းတင်နိုင်ဖို့ အကြံကောင်းလေးတစ်ချို့ကို Marry က ပြောပြပေးချင်ပါတယ်။

 

ဓာတ်ပုံရိုက်ဖို့အတွက် အဖြူရောင် အင်္ကျီ တစ်စုံစီလောက် ထည့်သွားစေချင်ပါတယ်

ဟန်းနီးမွန်းအတွက် ခရီးဆောင်အိတ် ပြင်ဆင်တဲ့အခါ ဓာတ်ပုံရိုက်ဖို့အတွက် အဖြူရောင် အင်္ကျီ တစ်စုံစီလောက် ထည့်သွားစေချင်ပါတယ်။ ရောက်တဲ့နေရာမှာ ရောက်သလို မှတ်တမ်းတင်ရမှာ ဖြစ်သလို အင်္ကျီ အဖြူလေးတွေနဲ့ စုံတွဲပုံလေးတွေ သပ်သပ် ရိုက်ပေးသင့်ပါတယ်။ Pre wedding ရိုက်တုန်းကလို မိတ်ကပ်တွေ ပြင်စရာ အိုက်တင်ထုတ်စရာတွေ မလိုဘဲ လှပတဲ့ ဓာတ်ပုံလေးတွေ ရနိုင်ပါတယ်။

နဖူးလေးနမ်းပါ

ကြင်နာ မြတ်နိုးမှုကို ပြတဲ့ နဖူးအနမ်းလေးကို ဟန်းနီးမွန်းကာလရဲ့ လှပတဲ့ ပုံရိပ် တစ်ခုလို မှတ်တမ်းတင်ပေးပါ။ အဖြူရောင် ဝတ်စုံလေးတွေက ဓာတ်ပုံ သိပ်စားတာမို့ အရမ်းလှတာပဲနော်။

ချစ်စရာကောင်းတဲ့အနမ်း

အချစ်တွေကို ဖော်ကျူးတဲ့ နှုတ်ခမ်းချင်း အနမ်းလေးကတော့ လင်မယားကြားထဲ အမြဲပြောဖြစ်နေတဲ့ ဘာသာစကားလေး မဟုတ်လား။ ဒီတော့ ဟန်းနီးမွန်းကာလလေးမှာ ဒီအနမ်းတွေကို မှတ်တမ်းတင်ထားနော်။

ပျော်ပျော်ကြီး ပွေ့ချီလိုက်

ကိုယ့်သတို့သမီးကို မချီနိုင်တဲ့ သတို့သားတော့ မရှိလောက်ဘူးထင်တယ်နော်။ ဒီပိုစ့်လေးက သိပ်ချစ်စရာ ကောင်းတာမို့ သတို့သားတို့ရေ ရှိသမျှ အားကုန်ထုတ်ပြီး တစ်ခေါက်လောက် ချီပေးပါဦး။

လက်တွေ ခိုင်မြဲထားတယ်

တစ်ခါ တစ်ရံမှာ မျက်နှာအမူအရာတွေ မပါဘဲနဲ့လည်း အပြုအမှုလေးတွေက စကားတွေ အများကြီး ပြောတာကြောင့်မို့ ဒီလိုပုံလေးလည်း ရိုက်ထားသင့်ပါတယ်နော်။ မြဲမြဲတွဲထားတဲ့ လက်တစ်စုံ၊ နီနီရဲရဲ အသည်းပုံ ပူပေါင်းလေး . . . အချစ်တွေအကြောင်း သိပ်အများကြီး ဖော်ကျူးဖို့ မလိုတော့ဘူး ထင်ပါတယ်။

photo – pixelsforest

Tags: advicephotography

Comments

0 comments