ဟန်းနီးမွန်းမှာ မဖြစ်မနေလုပ်ရမယ့် အမှတ်တရတွေက ဘာတွေများလဲ

by: Editor
 0 comments  2 love

ပြန်တွေးလိုက်ရုံနဲ့ ရင်ဘတ်ထဲ စိမ့်ပြီး နွေးသွားရတဲ့ ခံစားမှုလေးတွေ ခံစားရအောင်လို့ ဟန်းနီးမွန်းခရီးမှာ အမှတ်တရ ခြေရာလေးတွေ ချန်ခဲ့ဖို့လိုတာပေါ့

(Photo – Pinterest)

ဟန်းနီးမွန်း ဆိုတာက  နှစ်ကိုယ်တူ ချစ်စမှာ နှစ်ယောက်တည်း အတူသွားရတဲ့ ခရီးလေး ဖြစ်တာကြောင့် တစ်ဘဝလုံးစာအတွက် အမြဲအမှတ်တရ ဖြစ်နေမှာပါ။ ဒါပေမယ့် အဲ့အမှတ်တရလေးတွေကို ပြန်တွေးလိုက်ရုံနဲ့ ရင်ဘတ်ထဲ စိမ့်ပြီး နွေးသွားရတဲ့ ခံစားမှုလေးတွေ ခံစားရအောင်လို့ ဟန်းနီးမွန်းခရီးမှာ အမှတ်တရ ခြေရာလေးတွေ ချန်ခဲ့ဖို့လိုတာပေါ့။ သတို့သားနဲ့ သတို့သမီးလေးတို့ ဖိုးဖိုးကြီးနဲ့ ဖွားဖွားကြီး ဖြစ်သွားတဲ့အချိန်အထိ ပြန်တွေးရင်း၊ ပြန်ပြောရင်း ကြည်နူးရတဲ့ ဟန်းနီးမွန်းအမှတ်တရတွေ ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုအမှတ်တရလေးတွေ ဖန်တီးသင့်သလဲ ဆိုတာ Marry က ပြောပြပေးမယ်နော်။

တစ်ယောက်ကို တစ်ယောက် လက်ဆောင်ပေးပါ

ဟန်းနီးမွန်းခရီးစဉ်လေးမှာ ပေးတဲ့လက်ဆောင်ဆိုတော့ မှတ်မှတ်ရရ ဖြစ်နေမှာ သေချာပါတယ် (Photo – Hollywood Life)

ဟန်းနီးမွန်းခရီးမှာ ပေးဖို့ လက်ဆောင်ပစ္စည်းလေး တစ်ခုလောက်တော့ ခရီးဆောင်အိတ်ထဲ ဖွက်ထည့်သွားပါ။ အဲ့လက်ဆောင်က အဖိုးတန်တာ မတန်တာထက် ဟန်းနီးမွန်းခရီးစဉ်လေးမှာ ပေးတဲ့လက်ဆောင်ဆိုတော့ မှတ်မှတ်ရရ ဖြစ်နေမှာ သေချာပါတယ်။ အကောင်းဆုံးကတော့ သူက လိုချင်လိုက်တာလို့ အမှတ်တမဲ့ ပြောထားဖူးတဲ့ ပစ္စည်းလေးတွေပေါ့။ ဒါမှမဟုတ်လည်း သူကြိုက်တတ်တဲ့ ပစ္စည်းလေးတွေ ဖြစ်နိုင်ရင် အဆင်ပြေပါတယ်။ ချစ်ရတဲ့သူ အချင်းချင်း တစ်ယောက် လိုအပ်တာကို တစ်ယောက် ဖြည့်ဆည်းပေးရတာလောက် ပျော်စရာကောင်းတာ မရှပါဘူး။

သတို့သမီးလေးကို လိုတာထက် ပိုပြီး ဂရုစိုက်ပေးပါ

သူမကို မင်းသမီးတစ်ပါးလို၊ အလှဘုရင်မလေးလို ရိုရိုကျိုးကျိုးလေး ဆက်ဆံပေးပါ (Photo – weheartit.com)

ဟန်းနီးမွန်းခရီးစဉ်လေးမှာ သူမကို မင်းသမီးတစ်ပါးလို၊ အလှဘုရင်မလေးလို ရိုရိုကျိုးကျိုးလေး ဆက်ဆံပေးပါ။ တစ်ခါတစ်ခါ သင့်ရဲ့ လွန်လွန်ကဲကဲ ရိုကျိုးမှုတွေကြောင့် သူမ ဟက်ဟက်ပက်ပက် ရယ်မောရတဲ့အထိ ကိုယ့်ရဲ့ မင်းသမီးလေး၊ ကိုယ့်ရဲ့ ဘုရင်မလေးလို့ တဖွဖွခေါ်ပြီး ဂရုစိုက်ပေးကြည့်ပါ။ ဟန်းနီးမွန်းခရီး ပြီးဆုံးလို့ လက်တွေ့ဘဝနဲ့ လုပ်ငန်းခွင်ထဲ ပြန်ရောက်ကြတဲ့ အခါ အဲ့လိုဂရုစိုက်မပေးနိုင်တော့တာ တစ်ရာ ရာခိုင်နှုန်း သေချာပါတယ်။ ဒါပေမယ့်လည်း သတို့သမီးလေးအတွက်တော့ အဲ့အချိန်က သင့်ရဲ့ဂရုစိုက်မှုတွေဟာ တစ်ဘဝလုံးစာအခက်အခဲတွေကို ရင်ဆိုင်နိုင်တဲ့ အားအင်ဖြစ်ဖို့ လုံလောက်ပါတယ် သတို့သားတို့ရေ။

စိတ်လှုပ်ရှားစရာတွေ ဖန်တီးကြပါ

စိတ်လှုပ်ရှားစရာ အပြုအမှုတွေကို နှစ်ယောက်သား လုပ်ဆောင်ကြည့်ဖို့ အကောင်းဆုံးအချိန်ပါ (Photo -yandex.ru)

တောင်တက်တာ၊ ရေကူးပြိုင်တာ စတဲ့ စိတ်လှုပ်ရှားစရာ အပြုအမှုတွေကို နှစ်ယောက်သား လုပ်ဆောင်ကြည့်ဖို့ အကောင်းဆုံးအချိန်ပါ။ ပျော်ရွှင်မှုတွေထဲမှာ စိတ်လှုပ်ရှား ပျော်ရွှင်မှုကလည်း အကောင်းဆုံး ပျော်ရွှင်မှုလို့ ပြောနိုင်ပါတယ်။ မလွယ်ကူတဲ့၊ ခက်ခဲ့တဲ့ ကိစ္စတွေကို အတူတကွ လုပ်ဆောင်ရင်းနဲ့ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်အားကိုးခြင်းတွေ၊ ချစ်ခြင်းတွေ ပိုလာမှာပါ။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords