Advertisement

လေဆိပ်မှာ မမျှော်လင့်တဲ့ အပိုကုန်ကျစရိတ်တွေ ကုန်ကျရင် ကိုယ့်ရဲ့ အသုံးစရိတ်က အလွယ်တကူ လျော့နည်းသွားနိုင်ပါတယ်

မင်္ဂလာဆောင်အတွက် ငွေတွေအများကြီး ကုန်ကျပြီးပါပြီ။ အကောင်းဆုံး ဟန်းနီးမွန်းခရီးစဉ်ကို အသင့်တော်ဆုံးဈေးနှုန်းနဲ့ ရဖို့ အချိန်အကြာကြီး ကြိုးစားရှာခဲ့ပြီးပြီ။ ဒါပေမဲ့ လေဆိပ်မှာ မမျှော်လင့်တဲ့ အပိုကုန်ကျစရိတ်တွေ ကုန်ကျရင် ကိုယ့်ရဲ့ အသုံးစရိတ်က အလွယ်တကူ လျော့နည်းသွားနိုင်ပါတယ်။ ခရီးထွက်ဖို့ စောင်ဆိုင်းနေစဉ်မှာ အသုံးစရိတ်နည်းနိုင်သမျှ နည်းမှ ကိုယ်သွားချင်တဲ့နေရာကို ရောက်တဲ့အခါ များများသုံးနိုင်မှာပါ။

ဈေးအချိုဆုံးအချိန်မှာ ခရီးသွားပါ  (photo: pintrest)

ဈေးအချိုဆုံးအချိန်မှာ ခရီးသွားပါ

ညပိုင်းထွက်တဲ့ လေယာဉ်ခရီးစဉ်တွေက ဈေးပိုချိုတတ်ပါတယ်။ ဒါ့အပြင် လေဆိပ်တွေက ညဘက်မှာ သိပ်အလုပ်မများ တတ်ပါဘူး။ ဒါကြောင့် check-in လုပ်ရတာ နေ့ဘက်မှာထက် ညဘက်က ပိုပြီး လွယ်ကူလျင်မြန်တတ်ပါတယ်။

ရေဘူးတွေ ယူသွားပါ

ရေထည့်ထားတဲ့ ရေဘူးတွေကို လုံခြုံရေးဂိတ်ကို ဖြတ်ပြီး သယ်လို့မရပေမဲ့ ရေမပါတဲ့ ရေဘူးတွေကို သယ်ပြီး အထဲရောက်မှ ရေဖြည့်တာကို ဘယ်သူမှ မတားပါဘူး။ လေဆိပ်မှာ ရေဝယ်ရတာ အရမ်းဈေးကြီးတာမို့ ဒီလိုလုပ်ခြင်းက ငွေကြေးအကုန်အကျ များစွာ သက်သာစေပါတယ်။

အစားအစာတွေ သယ်သွားပါ

အစားအစာတွေ သယ်သွားခြင်းအားဖြင့် လေဆိပ်မှာ ဝယ်စားစရာမလိုတော့ပါဘူး။ အစားအစာတွေမှာ အရည်မပါသရွေ့ သယ်လို့ရပါတယ်။ သွားရေစာတွေနဲ့ ဆင်းဒွတ်ခ်ျတွေ သယ်လို့ရပါတယ်။ အခွံမာသီးတွေ၊ သစ်သီးခြောက်တွေက သင့်ရဲ့ ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲကို မရောက်ခင်အထိ သင့်ဗိုက်ကို ဖြည့်ပေးထားနိုင်ပါတယ်။ လေဆိပ်နဲ့ လေယာဉ်ပေါ်မှာ အစားအစာဝယ်စားတာနဲ့ နှိုင်းယှဉ်ရင် ဒီလိုစီစဉ်သွားတာက ငွေအနည်းငယ် သက်သာစေမှာ ဖြစ်ပါတယ်။

အလေးချိန်စစ်ပါ (photo: pintrest)

အိမ်က မထွက်ခင် ခရီးဆောင်အိတ်ကို အလေးချိန် ချိန်ကြည့်ပါ

လေယာဉ်လက်မှတ်မဝယ်ခင်မှာ အများဆုံးသယ်နိုင်တဲ့ အလေးချိန်ကို လေ့လာပါ။ လေဆိပ်ကို ရောက်မှာ ခွင့်ပြုတဲ့ အလေးချိန်ထက် ပိုနေတဲ့အတွက် ငွေတွေ အများကြီး ပေးရတတ်ပါတယ်။ ဒါကြောင့် အိမ်က မထွက်ခင်ကတည်းက အိတ်ကို အလေးချိန် ချိန်ကြည့်ပြီး ပိုနေတယ်ဆိုရင် မလိုတဲ့ပစ္စည်းတွေကို ပြန်ထုတ်ထားပါ။

လက်ဆောင်/ဒစ်စကောင့်တောင်းဖို့ မရှက်ပါနဲ့

မင်္ဂလာဆောင်နဲ့ မွေးနေ့တွေလို အထူးခရီးစဉ်တွေအတွက် တချို့လေကြောင်းလိုင်းက လေယာဉ်လက်မှတ်ခ လျှော့  ပေးတာ၊ ထိုင်ခုံကို ဈေးနှုန်းပိုမြင့်တဲ့နေရာပြောင်းပေးတာ ဒါမှမဟုတ် လက်ဆောင်ပေးတာ စတဲ့ မူဝါဒတွေ ရှိပါတယ်။ ဟန်းနီးမွန်းခရီးစဉ်ဖြစ်ကြောင်း သူတို့ကို အသိပေးဖို့ မရှက်ပါနဲ့။ ပိုပြီး အမှတ်တရဖြစ်ရတဲ့ ဟန်းနီးမွန်းခရီးစဉ်ဖြစ်ဖို့ လေဆိပ်က ပေးတဲ့ လက်ဆောင်ကို လက်ခံလိုက်ပါ။

ဘက်ထရီအပို ဆောင်သွားပါ

လေဆိပ်တိုင်းမှာ သင့်ရဲ့အီလက်ထရောနစ်ပစ္စည်းတွေကို အားသွင်းဖို့ ပလတ်ပေါက်တွေ ထားပေးထားပါတယ်။ ဒါပေမဲ့ တခါတရံ တခြားသူတွေ သုံးနေတာမျိုး ကြုံရတတ်ပါတယ်။ ဘက်ထရီအပိုဆောင်သွားပြီး ဖုန်း၊ တက်ဘလက်တို့ကို အားသွင်းမယ်ဆိုရင် အချိန်အကြာကြီး စောင့်နေစရာမလိုတော့ဘူးပေါ့။

တက္ကစီတွေ မစီးဘဲ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေကို သုံးပါ

တစ်နေရာကနေ တစ်နေရာသွားဖို့ အသက်သာဆုံးနည်းလမ်းက တက္ကစီစီးခြင်းဖြစ်လို့ အများစုက ဒီနည်းပဲ သုံးကြပါတယ်။ တချို့နေရာတွေမှာ တက္ကစီခက အရမ်းဈေးကြီးပါတယ်။ ဥပမာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဆိုရင် ယာဉ်ကြောထဲမှာ ပိတ်မိနေရင်တောင် အဲဒီအချိန်ကို တက္ကစီခထဲမှာ ထည့်တွက်ပါတယ်။ မြေအောက်ရထား ဒါမှမဟုတ် ဘတ်စ်ကားတွေကို စီးကြည့်ပါ။ တစ်ခါတလေမှာ အဲဒီလိုသွားတာ ပိုမိုလွယ်ကူတဲ့အပြင် ဈေးလည်း အများကြီး ပိုသက်သာပါတယ်။

Google map ကို offline နဲ့ သုံးပါ (photo: pintrest)

Google map ကို offline နဲ့ သုံးပါ

ဟန်းနီးမွန်းခရီးစဉ် စီစဉ်တဲ့အခါ လေဆိပ်ကနေ ကိုယ်သွားမယ့်နေရာအထိ လမ်းကြောင်း အတိအကျသိရဖို့ Google Map ကို ကြည့်ပြီး Screenshot ရိုက်ထားပါ။ အဲဒါဆိုရင် wifi ဒါမှမဟုတ် 3G မရှိရင်တောင် ကြည့်လို့ရပါတယ်။

မသွားခင်ကတည်းက ငွေလဲထားပါ

လေဆိပ်မှာ ငွေလဲခြင်းက ဈေးအကြီးဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ သေချာလေ့လာ ပြင်ဆင်ပါ။ လေဆိပ်မှာ ငွေလဲရင် ပေးရမယ့် ဈေးကြီးလှတဲ့ ဝန်ဆောင်ခတွေကို ချွေတာပါ။

Tags: honeymoonloveplacetripwedding tips

Comments

0 comments
Advertisement