Advertisement

စကားပြောတယ် ဆိုတဲ့အချိန်မှာလည်း ရောက်တတ်ရာရာတွေကို ပြောနေတာထက် ကိစ္စတစ်ခု အပေါ်မှာ တစ်ယောက်ရဲ့ ထင်မြင်ချက်ကို ဆွေးနွေးတာမျိုးကို ပြုလုပ်ပေးပါ။

အမှတ်တရလေးတွေ ပြည့်နေမယ့် ဟန်းနီးမွန်းလေး (Photo:.pexels)

သိပ်ချစ်ရတဲ့ချစ်သူလေးနဲ့ အတူတူ ရှိမယ့်နေ့ရက်လေးတွေတိုင်း အထဲမှာမှ ဟန်းနီးမွန်းနေ့ရက်လေးကတော့ အမှတ်တရလေးတွေ ပြည့်နှက်နေရမယ့်ရက်လေးတွေထဲက  ထိပ်ဆုံးက ပါဝင်နေမှာပါ။ ဒီလိုနေ့ရက်လေးမှာမှ အမှတ်တရလေးတွေ ပြည့်နှက်နေအောင်လို့ ဘယ်လို ဖန်တီးလို့ ရမလဲ ဆိုတာကို Marry က ပြောပြပေးလိုက်ရပါတယ်နော်။

စကားကို အေးအေးဆေးဆေး ပြောချိန်ယူပါ

စကားပြောတယ် ဆိုတာကတော့ ပြောလေ ပြောလေ နှစ်ယောက်သားကြားက ရင်းနှီးမှုတွေကို ပိုတိုးလာလေ ဆိုတာကို သတိရပေးပါနော်။ စကားပြောတယ် ဆိုတဲ့အချိန်မှာလည်း ရောက်တတ်ရာရာတွေကို ပြောနေတာထက် ကိစ္စတစ်ခု အပေါ်မှာ တစ်ယောက်ရဲ့ ထင်မြင်ချက်က ဘာလဲ။ ကျန်တစ်ယောက်ကရော ဘယ်လိုလဲဆိုတာကို ပြောဆိုပါ။ တူညီတဲ့အရာတွေ ရှိသလို မတူညီတဲ့အရာတွေတိုင်းကို အချင်းချင်း လက်ခံပေးနိုင်အောင် ပြုလုပ်လို့ရမယ့်အချက်လေးတွေကို ပြောဆိုပါ။ ဒီအချက်ကတော့ ဟန်းနီးမွန်းလေးအတွက် အရေးပါတဲ့အရာပဲ ဖြစ်ပါတယ်။ မင်္ဂလာဦးလေးက စပြီး နှစ်ယောက်သားကြားမှာ ရှိလာနိုင်မယ့် မတူညီမှုတွေကို အရင်ဆုံး  ကြိုတင် ပြောဆိုထားတာကတော့ အိမ်ထောင်ရေးနေ့ရက်လေးကို အများကြီး အထောက်အကူ ပေးမှာ ဖြစ်သလို ဟန်းနီးမွန်းလေး အချိန်လေးကိုလည်း အမှတ်ရနေစေမှာပါ။

ဘုရားဖူးရင်း အေးချမ်းမယ် (Photo:Pinterest)

ဘုရား အတူတူ ဖူးပါနော်

လူကောင်း တစ်ယောက် ဖြစ်ဖို့ အတွက်ကတော့ ဘာသာတရားကို မေ့ထားလို့ မရပါဘူး။ ဒီလို ပြောလို့ ဘာသာ မရှိတိုင်း မကောင်းဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူးနော်။ ဒါပေမယ့် ဘာသာတရားရဲ့ အေးချမ်းတဲ့အဆုံးအမကြားမှာ ရှိတဲ့အိမ်ထောင်ရေးလေးကတော့ သာယာတာ များပါတယ်။ ဒီအချက်လေးကိုတော့ သတိရပေးပါနော်။ ဒါကြောင့် မင်္ဂလာဦးလေးမှာ စတင်ခဲ့တဲ့ ဟန်းနီးမွန်းအချိန်လေးမှာ ဘုရား အတူတူ ဖူးပြီး ဘုရားရိပ် တရားရိပ်ရဲ့ အေးချမ်းခြင်းတွေကို အမှတ်ရနေလိုက်ပါနော်။

Marry ရဲ့ ဟန်းနီးမွန်းမောင်နှံလေးတွေအတွက် အမှတ်တရလေးတွေ ပြည့်နေမယ့် ဟန်းနီးမွန်း အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ပြောပြပေးလိုက်ရပါတယ်နော်။

Comments

0 comments