ဟန်းနီးမွန်းသွားတော့မယ် ဆိုရင် သိထားရမယ့်အချက်များ

by: seng yar
 1 comments  0 love

ပင်ပန်းတာတွေကို ပြေအောင် အားပြန်မွေးတဲ့ခရီးလို့ ဆိုရမှာ ဖြစ်တဲ့အတွက် ခရီးလေးမှာ လိုလေသေးမရှိအောင် အသေးစိတ် ပြင်ဆင်မှ ဖြစ်မှာပါ။

ပင်ပန်းတာတွေကို ပြေအောင် အားပြန်မွေးတဲ့ခရီး (Photo:pexels)

မင်္ဂလာပွဲလေးအတွက် ပြင်ဆင်ရင်း မင်္ဂလာပွဲ ပြီးဆုံးသွားတဲ့အချိန် ပွဲအတွက် စိတ်ရော ကိုယ်ပါ ပင်ပန်းထားသမျှကို ပြေပျောက်နိုင်အောင်အတွက်ရော ကြင်စဦးမောင်နှံနှစ်ယောက်ကြား ရင်းနှီးမှုတွေ ပိုတိုးနိုင်ဖို့ပါ ဟန်းနီးမွန်းခရီးလေးကို သွားပေးရပါတယ်။ ပင်ပန်းတာတွေကို ပြေအောင် အားပြန်မွေးတဲ့ခရီးလို့ ဆိုရမှာ ဖြစ်တဲ့အတွက် ခရီးလေးမှာ လိုလေသေးမရှိအောင် အသေးစိတ် ပြင်ဆင်မှ ဖြစ်မှာပါ။ ဟန်းနီးမွန်းခရီးလေးမှာ ဘက်စုံက လိုအပ်တာ မရှိရလေအောင် ဟန်းနီးမွန်းသွားတော့မယ် ဆိုရင် သိထားရမယ့်အချက်များကို Marry က ပြောပြပေးလိုက်ပါတယ်။

ကုန်ကျစရိတ်ကို တွက်ထားပါ

ခရီးစဉ်အတွက် စုစုပေါင်း ကုန်ကျစရိတ် ဘယ်လောက်ကို အသုံးပြုမလဲ ဆိုတာအတွက် တတ်နိုင်သလောက် အတိအကျ တွက်ချက်ထားပါ။ ကုန်ကျခံမယ့် ကုန်ကျစရိတ်အပေါ်မှာ မူတည်ပြီးမှ သွားရောက်မယ့်နေရာနဲ့ နေ့ရက်ကို တွက်ချက်လို့ ရမှာမို့လို့ပါ။ ဟန်းနီးမွန်းကာလအတွက် ကုန်ကျစရိတ် လုံလောက်အောင် မသွားခင်ကတည်းက ပြင်ဆင်သွားမှာ ဖြစ်မှာပါနော်။

ခရီးသွားတယ်ဆိုတာက သူ့ရာသီဥတုနဲ့ သူ သွားသင့်တဲ့နေရာဆိုတာမျိုး ရှိပါတယ် (Photo:pexels)

အချိန်ကို ကြည့်ပါ

တကယ်လို့ မင်္ဂလာမောင်နှံတို့ အနေနဲ့ ဟန်းနီးမွန်းအတွက် အချိန် အများကြီး မရဘူးဆိုရင်တော့ နီးနီးနားနားကိုပဲ သွားပါ။ လမ်းမှာပဲ အချိန်တွေ အများကြီး ကုန်သွားတာမျိုးကို ရှောင်ရှားပါနော်။ တကယ်လို့ ခရီးအတွက် အချိန်က သုံးရက်လောက်ပဲ ရတာမျိုးဆိုရင် လမ်းမှာ တစ်ညအိပ် သွားရမယ့်နေရာမျိုးကို ရှောင်ပါ။ မဟုတ်ရင် အသွားအပြန် ဖြစ်နေပြီး ပင်ပန်းထားတာကိုတောင် မနားလိုက်ရဘဲ ခရီးပန်းတာပဲ ပိုလာနိုင်တဲ့အတွက်ပါ။

ရာသီဥတုကို ကြည့်ပါ

ခရီးသွားတယ်ဆိုတာက သူ့ရာသီဥတုနဲ့ သူ သွားသင့်တဲ့နေရာဆိုတာမျိုး ရှိတဲ့အတွက် ဟန်းနီးမွန်း သွားတော့မယ်ဆိုရင် သွားချင်တဲ့နေရာရဲ့ ရာသီဥတုက သွားဖို့ သင့်တော်လား ဆိုတာကို သိထားရမှာပါနော်။ သွားချင်တာပဲ သိတယ် အချိန်လည်း လောက်တယ်ဆိုပြီး ရာသီဥတာကို မကြည့်ဘဲ သွားလိုက်တာမျိုးကတော့ ဟsန်းနီးမွန်းလေးကို အပြည့်ဝဆုံး ပျော်ရွှင်မှု ပေးနိုင်မှာ မဟုတ်တဲ့အတွက်ပါ။

ဘဝရဲ့မှတ်မှတ်ရရ နေ့ရက်လေးတွေထဲမှာ ပါဝင်တဲ့ဟန်းနီးမွန်းလေးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုအချက်လေးတွေကို ကြည့်ပြီး ပြင်ဆင်ရမလဲ ဆိုတာအတွက် Marry က ပြောပြလိုက်ရပါတယ်နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords