ဟန်းနီးမွန်းခရီး မထွက်ခင် ကြိုသိထားသင့်တဲ့ကိစ္စတွေ

by: Editor
 0 comments  0 love

အဖိုးတန်တဲ့ ကာလလေးမှာ စိတ်အနှောင့်အယှက်တွေ အခက်အခဲတွေ မဖြစ်စေဖို့ ဟန်းနီးမွန်းခရီး မထွက်ခင် ကြိုသိထားသင့်တဲ့ကိစ္စတွေအကြောင်း ပြောပြပေးချင်ပါတယ်

ဟန်းနီးမွန်းခရီး မထွက်ခင် ကြိုသိထားသင့်တဲ့ကိစ္စတွေ (Photo – mappingmegan.com)

မင်္ဂလာမောင်နှံလေးတွေအတွက်တော့ ဟန်းနီးမွန်း ကာလဆိုတာ အဖိုးအတန်ဆုံး အချိန်တစ်ခုပါ။ ဒီလို အဖိုးတန်တဲ့ ကာလလေးမှာ စိတ်အနှောင့်အယှက်တွေ အခက်အခဲတွေ မဖြစ်စေဖို့ ဟန်းနီးမွန်းခရီး မထွက်ခင် ကြိုသိထားသင့်တဲ့ကိစ္စတွေအကြောင်း ပြောပြပေးချင်ပါတယ်။

အကောင်းတွေချည်း မမျှော်လင့်ပါနဲ့

ဟန်းနီးမွန်းခရီးက အကောင်းဆုံး ခရီးဖြစ်မှာ၊ ထူးဆန်းတာတွေ ပျော်စရာတွေ အများကြီးရမှာ၊ လေ့လာစရာတွေ အရင်က မတွေ့ဖူး၊ မမြင်ဖူးတာတွေ မြင်တွေ့ရမှာ ဆိုတဲ့ အလွန်အမင်း မျှော်လင့်တဲ့ စိတ်ကို လျှော့ချပါ။ များသောအားဖြင့် လောကကြီးက ကြိုမတွေးထားတာတွေ ပိုပြီး ဖြစ်လာတတ်လို့ပါ။ စိတ်ကို အေးအေးဆေးဆေးထားပြီး မရောက်ဖူးတဲ့ခရီး တစ်ခုအတွက် သွားတယ်ဆိုတဲ့ စိတ်နဲ့ပဲ သွားပါ။ အများကြီးမျှော်လင့်ထားပြီး ထင်ထားသလို ဖြစ်မလာရင် ခရီးထွက်ခြင်းရဲ့  ပျော်စရာကောင်းတဲ့ အရသာတွေကို ခံစားရနိုင်မှာ မဟုတ်တော့ပါဘူး။

နှစ်ဦးသဘောတူတာကို ရွေးပါ

တစ်ယောက်ထည်း ခရီးသွားတာ မဟုတ်တဲ့အတွက် အရာရာ ကိုယ့်စိတ်တိုင်းကျပဲ မဖြစ်ချင်ပါနဲ့။ ကိုယ့်ရဲ့  အိမ်ထောင်ဘက်နဲ့ အစစ အရာရာ ညှိနှိုင်းပါ။ သွားတဲ့သူ အချင်းချင်း တစ်ယောက် တစ်မျိုးဖြစ်နေရင် ဟန်းနီးမွန်းက ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။ နှစ်ဦးသဘောတူထားတဲ့အရာကိုပဲ ရွေးချယ်ပါ။ ဟန်းနီးမွန်းခရီးစ စီစဉ်တဲ့အချိန်ကတည်းက နှစ်ဦး သဘောတူ ကြိုတင်ညှိနှိုင်းပြီး အစီအစဉ် ဆွဲထားဖို့ လိုပါတယ်။ ခရီး တကယ်သွားတဲ့ အချိန်ကျမှ တစ်ယောက် တစ်ပေါက် ညှိရ ခက်နေရင် ပျော်စရာခရီးကနေ သဘောထားမညီတော့ မပျော်ရဘဲ ဖြစ်သွားနိုင်ပါတယ်။

နားရက်မရှိတဲ့ ခရီးစဉ် မဖန်တီးပါနဲ့

အချိန်မလောက်တာကြောင့် ဟန်းနီးမွန်းခရီးသွားတဲ့ မောင်နှံအများစုက အများစုက အလုပ် ကနေ ခွင့်ရတာနဲ့ ဟန်းနီးမွန်း ခရီးစထွက် ဟန်းနီးမွန်း ကနေ ပြန်ရောက်တာနဲ့ အထုပ်ချပြီး ရုံးပြန်တက် တစ်ဆက်တည်း ဖြစ်သွားတတ်ပါတယ်။ ကြားမှာ နားချိန် မရှိတော့ဘဲ ဟန်းနီးမွန်းက ပြန်လာတာနဲ့ ချက်ချင်း အလုပ်ခွင်ထဲ ပြန်ဝင်လိုက်ရတာမျိုးဆို ခရီးပန်းထားတာ မပျောက်သေးတဲ့အတွက် အလုပ်လုပ်တဲ့ အချိန် အလုပ်ထဲ စိတ်ပါဖို့က ခက်ခဲနေမှာပါ။ ကိုယ်ခန္ဓာကလည်း မနားရသေးတဲ့အတွက် လန်းဆန်းနေမှာ မဟုတ်ဘဲ ပင်ပန်းနေတဲ့အတွက် ဟန်းနီးမွန်းထွက်ခြင်းရဲ့အရသာကို အပြည့်အဝ ခံစားနိုင်တော့မှာ မဟုတ်ပါဘူး။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords