မင်္ဂလာပွဲအတွက် စီစဉ်တဲ့အခါ အရေးကြီးတဲ့ အချက် (၃) ချက်

by: Nway Nway Aung
 0 comments  11 love

အဲ့ဒိ သုံးချက်ကိုသာ သေချာ စနစ်တကျ အစီအစဉ်ချပြီး အကောင်အထည် ဖော်နိုင်ရင် မင်္ဂလာပွဲက တော်တော်လေးကို အဆင်ပြေချောမွေ့သွားမှာပါ

မင်္ဂလာ အောင်အောင်မြင်မြင် ပြီးမြောက်ဖို့အတွက် အဘက်ဘက်က လိုအပ်ပါတယ်

မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲတွေ အနေနဲ့ မင်္ဂလာပွဲ အတွက် အစီအစဉ် ဆွဲတဲ့အခါ ကြိုပြီး ပြင်ဆင်ထားရမယ့် စာရင်းထဲ ထည့်ရမှာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကို စစ်ထုတ်လိုက်ရင် သုံးချက်ပဲရှိတယ်တဲ့။ အဲ့ဒိ သုံးချက်ကိုသာ သေချာ စနစ်တကျ အစီအစဉ်ချပြီး အကောင်အထည် ဖော်နိုင်ရင် မင်္ဂလာပွဲက တော်တော်လေးကို အဆင်ပြေချောမွေ့သွားမှာပါ။ အရေးအကြီးဆုံး အချက်သုံးချက်က ဘာတွေများလဲ ဆိုတာ Marry ကနေ ပြောပြပေးမယ်နော်။

  • ဖိတ်ကြားရေး
  • အစားအသောက်
  • သတို့သမီးရဲ့ အလှအပ

တွေပဲ ဖြစ်ပါတယ်။

ဖိတ်ကြားရေး

ဖိတ်ကြားရေးနဲ့ ပတ်သက်ပြီး မလစ်ဟင်းရအောင် အခုပြောပြမယ့် အဆင့်လေးတွေ အတိုင်း လုပ်သွားကြည့်ရအောင်။

  1.  ဧည့်သည်စာရင်း လုပ်ပါ။
  2.  နှစ်ဖက် ဧည့်သည်စာရင်းကို တိုက်စစ်ပြီး တူနေတာတွေ ဖယ်ပါ။
  3.  ဧည့်သည်စာရင်း အတိအကျ သိပြီဆိုတော့ ဖိတ်စာအပ်ပါ။
  4.  ဖိတ်စာတွေ ရလာတဲ့အခါ ဖိတ်စာဝေရမယ့် လမ်းကြောင်းကို ရပ်ဝေးရပ်နီး ခွဲပါ။
  5. ဖိတ်စာဝေပါ။

အစားအသောက်

အစားအသောက်နဲ့ ပတ်သတ်ရင်လည်း အခုပြောပြမယ့် အဆင့်လေးတွေ အတိုင်းလုပ်သွားရဦးမယ်နော်။

  • ကိုယ်ပွဲကျင်းပမယ့် နေရာက စီစဉ်ပေးတဲ့ အစားအသောက်ကိုပဲ လက်ခံမလား၊ အစားအသောက်ချည်း သပ်သပ်မှာမလား ဆုံးဖြတ်ပါ။
  •  ဧည့်ခံပွဲ ကျင်းပမယ့် ဟိုတယ်၊ မင်္ဂလာ ခန်းမတို့က အစားအသောက်ကိုပဲ ကျွေးမယ်ဆိုရင် ကိုယ်နဲ့ သင့်တင့်မယ့် ဈေးနှုန်းကို ရွေးလိုက်ရုံပါပဲ။
  • အစားအသောက် သပ်သပ် စီစဉ်မယ်ဆိုရင်တော့ မင်္ဂလာပွဲအတွက် အော်ဒါလက်ခံပေးတဲ့ အစားအသောက် ဆိုင်တွေကို စုံစမ်းပါ။ များသောအားဖြင့်တော့ ဒန်ပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်း တို့ကို အော်ဒါမှာပြီး ကျွေးလေ့ရှိပါတယ်။
  • စိတ်ကြိုက် ဆိုင်တွေ့ရင် အော်ဒါမှာယူပါ။ စရံကြိုချသင့်ချထားပါ။ အစားအသောက်မှာယူတဲ့ အရေအတွက်က ဖိတ်စာအရေအတွက်ရဲ့ နှစ်ဆ ဖြစ်ရမယ်နော်။

ဝတ်စုံရွေးနေတဲ့ သတို့သမီးလောင်းလေး

သတို့သမီးလေးရဲ့ အလှအပအကြောင်း

သတို့သမီးလေးရဲ့ အလှအပတွေ အကုန်ပြည့်စုံဖို့ကလည်း အောက်ကပြောပြမယ့် အဆင့်တွေထဲက တဆင့်မှ မေ့လို့မရဘူးနော်။

  • ဝတ်စုံ ဒီဇိုင်းရွေးပါ။
  •  ဖိနပ် ဒီဇိုင်းရွေးပါ။
  •  လက်ကိုင်ပန်း ဒီဇိုင်းရွေးပါ။
  • ဝတ်စုံ ရလာရင် Fitting သေချာချပါ။

အခုပြောပြခဲ့တဲ့ အဆင့်လေးတွေကို စာအုပ်ထဲမှာ ဖြစ်ဖြစ် ဖုန်းထဲမှာ ဖြစ်ဖြစ် မှတ်ထားနော်။ တစ်ဆင့် လုပ်ပြီးတိုင်း အမှတ်အသား တစ်ခုခြစ်သွားပြီး အားလုံးလုပ်ပြီးပြီ ဆိုရင်တော့ မင်္ဂလာပွဲနေ့မှာ အဆင်မပြေဖြစ်မှာတွေ၊ လစ်ဟင်းမှုရှိမှာတွေ ပူစရာ မလိုတော့ဘူးပေါ့။

From Marry with


Comments

0 comments
Latest video
Refer to more useful articles