ဟန်းနီးမွန်းထွက်မယ့်သူတွေအတွက် အချက်(၇) ချက်

by: Phyo Pyae Thu
 0 comments  0 love

ဟန်းနီးမွန်းသွားတယ်ဆိုတာ တကယ့်ကို ချိုမြိန်တဲ့ အချိန်ကာလလေးမလို့ ဒီအချက် (၇) ချက်ကို မမေ့မလျော့ သိထားပေးနော်။ ဒါမှ ဟန်းနီးမွန်းမှာ အစစအရာရာ အဆင်ပြေမှာပါ။

ဟန်းနီးမွန်းဆိုတာ အိမ်ထောင်ဦးကာလရဲ့ ပထမဆုံး ခရီးစဉ်လေးပါ။ ပျားသကာရည်ဆမ်းသလို ချိုမြိန်မယ့် ခရီးစဉ်လေးမို့ စိတ်ရှုပ်စရာတွေ မဖြစ်ရလေအောင် ဟန်းနီိးမွန်း ထွက်မယ့်သူတွေ သိထားရမယ့် အချက်တွေ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ရအောင်နော်။

ချစ်တင်းနှောကြတဲ့အခါ (photo: https://www.mistay.in)

ချစ်တင်းနှောကြတဲ့အခါ

ဟန်းနီးမွန်း ခရီးစဉ်လေးမှာ ချစ်တင်းနှောတဲ့ ကိစ္စက မဖြစ်မနေ ပါလာမှာပါပဲနော်။ ဟန်းနီးမွန်းမှာ ချစ်တင်းနှောတာနဲ့ ပတ်သက်ပြီး နှစ်ယောက်စလုံးရဲ့ စိတ်ခံစားချက် ကောင်းမွန်နေဖို့ လိုပါတယ်နော်။ ချစ်တင်းနှောတဲ့အခါမှာ နှစ်ယောက်စလုံး ပျော်ရွှင်တက်ကြွနေဖို့ လိုသလို ဒီကိစ္စနဲ့ ပတ်သက်ပြီး မရှက်နေဖို့လည်း လိုပါတယ်။ စိတ်ကို လျှော့ထားပြီး ပျော်အောင်သာ ချစ်တင်းနှောလိုက်ပါနော်။

 ရွေးချယ်တဲ့အခါ

ဟန်းနီးမွန်းဆိုတာ သက်တောင့်သက်သာ သွားရမယ့် ခရီးစဉ်တစ်ခုပါ။ ဒီတော့ ကိုယ်မှန်းထားတဲ့ ငွေပမာဏပေါ်မူတည်ပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် ခရီးကို ရွေးပါ။ နေရာများများ ရောက်ဖို့ထက် တည်းမယ့်နေရာ၊ စားမယ့်အစားအစာတွေ ပိုပြီး အရည်အသွေး ကောင်းမွန်နေတာကို ရွေးချယ်ပါ။ စိတ်လက်အပန်းပြေမယ့် အရည်အသွေး ကောင်းမွန်တာကိုပဲ ရွေးပါနော်။

ရွေးချယ်တဲ့အခါ (photo: www.shutterstock.com)

ပစ္စည်းတွေ သယ်သွားတဲ့အခါ

သတို့သား၊ သတို့သမီးလေးတို့ရေ ပြည်တွင်းပဲသွားသွား၊ ပြည်ပပဲ သွားသွား ထည့်ရတဲ့ ပစ္စည်းပစ္စယတွေက များပါတယ်။ ဒါပေမယ့်လည်း စိတ်ပူလွန်းပြီး ပစ္စည်းတွေ အကုန်လုံး ထည့်သွားဖို့တော့ အဆင်မပြေပါဘူး။ သယ်ရမယ့် ပစ္စည်းတွေများပြီး ခရီးမတွင်ဘဲ လူပင်ပန်းစေတာကြောင့် ပျားရည်းဆမ်းမှာ စိတ်ညစ်ရမှာပါ။ ပစ္စည်းတွေကို ထိန်းသိမ်းရတဲ့ တာဝန်ကလည်း မနည်းမနောပါပဲ။ တာဝန်ပိုနေတဲ့အတွက် စိတ်ပင်ပန်းနိုင်တာမို့ အိမ်ထောင်ဘက်နဲ့ ပျော်ရွှင်ရမယ့် ကိစ္စတွေ လျော့နိုင်ပါတယ်။ နောက်တစ်ခုကတော့ ပစ္စည်းတွေ သယ်လာတာများလွန်းပြီး လိုချင်တဲ့အခါ အလွယ်တကူ ပြန်ရှာမရရင်လည်း စိတ်အနှောင့်အယှက် ဖြစ်ရမှာပါ။

ကျန်းမာရေးအတွက်

ဟန်းနီးမွန်းထွက်တာက လမ်းခရီးသွားတာပဲ ဖြစ်တာကြောင့် ဆေးဝါးလေးတွေ သယ်သွားပါ။ သောက်နေကျ ဆေးတွေအပြင် လိမ်းဆေးလိုမျိုးတွေရောပေါ့။ နောက်တစ်ခုကတော့ ကိုယ်ဝန်ချက်ချင်း မယူသေးဘူးဆိုရင်လည်း စုံတွဲလေးတို့ တိုင်ပင်ပြီး ကိုယ်ဝန်တားဆေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆေးဝါး သုံးမယ်ဆိုတာ ကြိုတင်ပြင်ဆင် ယူဆောင်သွားရမှာပါနော်။

ကျန်းမာရေးအတွက် (photo: www.shutterstock.com)

ဇနီးလေးတို့ရေ ဒီအချိန်က အလှဆုံးအချိန်နဲ့ အပျော်ဆုံးအချိန်ဖြစ်ရမှာ ဖြစ်တာကြောင့် အလှပြင်ဖို့ လိုပါတယ်နော်။ အလှပြင်ပစ္စည်းလေးတွေ သယ်သွားပါ။ အများကြီးတော့ မဟုတ်ဘူးပေါ့နော်။ နှုတ်ခမ်းနီဆိုရင်လည်း အများဆုံး(၃) ချောင်းလောက်ပဲ သယ်ပါနော်။ Skin care လေးတွေလည်း သယ်သွားပါ။ ဘယ်လိုခရီးစဉ်ပဲ ဖြစ်ဖြစ် နေပူထိတာမျိုး ဖြစ်နိုင်တာကြောင့် Sunscreen ယူသွားဖို့ မမေ့ပါနဲ့။

ချရေးပါ

စုံတွဲလေးတို့ရေ ဟန်းနီိးမွန်းနဲ့ ပတ်သက်ပြီး သွားချင်တာတွေ လုပ်ချင်တာတွေ အကုန်လုံး ချရေးပါ။ ပြည်တွင်း၊ ပြည်ပ ဘယ်နေရာပဲဖြစ်ဖြစ် အကုန်လုံး ချရေးပါ။ စိတ်ကူးထဲမှာ ရှိတာတွေ အကုန်သာ ချရေးပါ။ ဒီလိုမျိုး နှစ်ယောက်စလုံးရဲ့ စိတ်ကူးစိတ်သန်းလေးတွေ ထွက်လာပြီဆိုမှ အဲဒီထဲက အကောင်းဆုံး တစ်ခုကို ရွေးချယ်ပါ။ ဒီလိုဆိုရင် ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးတွေ လျော့သွားမှာပါ။

ချရေးပါ (photo: www.shutterstock.com)

စုံစမ်းပါ

ဟန်းနီးမွန်း ခရီးစဉ်အတွက် စီစဉ်တဲ့အခါ အကုန်လုံးကို အင်တာနက်ကနေပဲ စီစဉ်လို့ ရသလို စုံစမ်းတာလည်း လုပ်လို့ ရပါတယ်။ ဟန်းနီးမွန်းအတွက် ဘယ်သွားမယ်ဆိုတဲ့ တိကျတဲ့ ဆုံးဖြတ်ချက် ရပြီဆိုရင် အဲဒီခရီးစဉ် တစ်လျှောက်လုံးအတွက် ခရီးလမ်းစဉ်၊ စားသောက်စရာ၊ နေထိုင်ရေး၊ လည်ပတ်ဖို့ သွားရေးလာရေး ဒါတွေအားလုံး စီစဉ်ရမှာ ဖြစ်ပါတယ်။

အလုပ်တွေ

ဟန်းနီးမွန်းသာ ထွက်နေတယ် စိတ်က မပြီးပြတ်တဲ့ အလုပ်တွေဆီမှာဆိုရင် ဘယ်လိုမှ ပျော်စရာ မကောင်းပါဘူးနော်။ ဟန်းနီးမွန်းအတွက် စုံစမ်း စီစဉ်ပြီးပြီဆိုရင်တော့ အလုပ်တွေ ရှင်းခဲ့ဖို့ လိုပါပြီ။ စီစဉ်ရမယ့်အချက်ထဲမှာ အလုပ်ကိစ္စတွေလည်းပါပါတယ်။

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းသွားတယ်ဆိုတာ တကယ့်ကို ချိုမြိန်တဲ့ အချိန်ကာလလေးမလို့ ဒီအချက် (၇) ချက်ကို မမေ့မလျော့ သိထားပေးနော်။ ဒါမှ ဟန်းနီးမွန်းမှာ အစစအရာရာ အဆင်ပြေမှာပါ။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords