မင်္ဂလာပွဲတစ်ပွဲ စီစဉ်တော့မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ စတင်ကျင်းပတော့မယ်ဆိုရင် စီစဉ်သင့်တဲ့အချက်လေးတွေ တစ်လချင်းစီ သေချာလေး စီစဉ်ပေးပါ။ ဒါဆိုရင်တော့ မင်္ဂလာပွဲလေးက အဆင်ပြေမှာပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ စတင်ကျင်းပတော့မယ်ဆိုရင် စီစဉ်သင့်တဲ့အချက်လေးတွေ တစ်လချင်းစီ သေချာလေး စီစဉ်ပေးပါ။ ဒါဆိုရင်တော့ မင်္ဂလာပွဲလေးက အဆင်ပြေမှာပါ။

ချစ်သူစုံတွဲလေးတို့ မင်္ဂလာဆောင်တော့မယ်လို့ စဉ်းစားထားပြီးပြီလား၊ မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့အနေနဲ့ မင်္ဂလာပွဲတစ်ပွဲ စီစဉ်တော့မယ်ဆိုရင် လိုအပ်တာတွေ ကြိုတင်ပြီး စီစဉ်ထားဖို့ လိုပါတယ်။ ခမ်းနားပြီး အစစ အရာရာ အဆင်ပြေတဲ့ မင်္ဂလာပွဲဖြစ်ဖို့အတွက် အချိန်ယူဖို့တော့ လိုပါတယ်။ အချိန်ဘယ်လောက် ကြိုတင်ယူပြီး ပြင်ဆင်ရမယ်ဆိုတာ ပြောပြမယ်နော်။

မင်္ဂလာပွဲတစ်ပွဲ စီစဉ်တော့မယ်ဆိုရင်

ခန်းမ

စုံတွဲလေးတို့ရေ မင်္ဂလာပွဲတစ်ပွဲ စီစဉ်တော့မယ်ဆိုရင် အချိန်(၁) နှစ်လောက် ယူတာကတော့ အကောင်းဆုံးပါပဲ။ ခန်းမက နာမည်ကြီး ဟိုတယ်ဆိုရင်တော့ အချိန်စောပြီး ကြိုချိတ်ထားရမှာပါ။ ခန်းမ ရှာတဲ့အခါမှာလည်း အရင်ဆုံး လူဦးရေ ချရေးပါ။ နှစ်ဖက်မိဘတွေနဲ့ ကိုယ့်ရဲ့ဧည့်သည် အရေအတွက်ကို အရင်တွက်ပြီးမှ ခန်းမရွေးချယ်ပါ။

မိတ်ကပ်

မိတ်ကပ်ကလည်း ဟိုတယ်နေရာချိတ်ပြီးပြီဆိုရင် နောက်ထပ် အစောဆုံး ကြိုအပ်ရမယ့်သူကတော့ မိတ်ကပ်ပါ။ မိတ်ကပ်ဆရာကလည်း နာမည်ကြီးပြီး လူပြည့်တတ်တဲ့သူဆိုရင် ကြိုချိတ်ပါ။ ပုံမှန်ဆိုရင်တော့ (၃)လလောက် ကြိုချိတ်ရင် ရပါတယ်နော်။

Pre wedding (photo: arch & vow studio)

Pre wedding

သတို့သား၊ သတို့သမီးလောင်းလေးတို့ အပေါ်မှာ ပြောပြထားတဲ့ (၂) ခုကို သေချာအောင် စီစဉ်ပြီးပြီဆိုရင်တော့ Pre weddingကို စဉ်းစားလို့ ရပါပြီ။ Pre wedding အတွက် စုံစမ်းတာတွေ လုပ်ပြီး ရိုက်တာတွေ လုပ်ပါ။ Pre wedding ကတော့ မင်္ဂလာပွဲမတိုင်ခင် (၃) လလောက်မှာ ပုံတွေလက်ထဲအကုန်လုံး ရောက်သင့်ပါပြီ။

ဝတ်စုံ

စုံတွဲလေးတို့ရေ မင်္ဂလာဝတ်စုံကတော့ မင်္ဂလာဆောင်မယ့် သတို့သား၊ သတို့သမီးလေးတို့အတွက်တင်မဟုတ်ဘဲ နှစ်ဖက်မိဘနဲ့ အရံတွေအတွက်ပါ စဉ်းစားရမှာပါ။ သူတို့အတွက် ချုပ်ချိန်ကိုပါ ထည့်တွက်ရမှာမို့ အချိန်ကတော့ မင်္ဂလာပွဲမတိုင်ခင် (၅) လလောက် အလိုမှာ အပ်ပါ။

ပန်းအပြင်အဆင် (photo: Alice Lodge Photography)

ပန်းအပြင်အဆင်

ပန်းအပြင်အဆင်အတွက် မင်္ဂလာပွဲမတိုင်ခင် (၄) လလောက် အလိုမှာ ကြိုအပ်ပါ။ မအပ်ခင် ကိုယ်လိုချင်တဲ့ ဒီဇိုင်းတွေကို ကြိုရှာပါ။ ရွေးချယ်ထားတဲ့ ခန်းမမှာ လှပတဲ့ ဒီဇိုင်း ဖြစ်ဖို့နဲ့ ဝတ်စုံနဲ့ လိုက်ဖက်ဖို့ သေချာလေး ရွေးချယ်ဖို့ လိုပါတယ်။ ပန်းပညာရှင်တွေနဲ့ တွေ့ဆုံပြီး Package သေချာအပ်ပါ။ စာချုပ်ချုပ်ပါ။

ဖိတ်စာနဲ့ ပြန်ကမ်း

ဖိတ်စာနဲ့ ပြန်ကမ်းကတော့ မင်္ဂလာဆောင်မယ့်ရက်ထက် (၂) လလောက် ကြိုပြီး အပ်ရင် ရပါတယ်နော်။ ဆိုင်ရဲ့ ကြာချိန်ကိုတော့ မေးဖို့ လိုပါတယ်။ မင်္ဂလာပွဲမတိုင်ခင် (၃) ပတ်လောက် ကြိုပြီး လက်ထဲရောက်နေရင် အကောင်းဆုံးပါနော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ စတင်ကျင်းပတော့မယ်ဆိုရင် စီစဉ်သင့်တဲ့အချက်လေးတွေ တစ်လချင်းစီ သေချာလေး စီစဉ်ပေးပါ။ ဒါဆိုရင်တော့ မင်္ဂလာပွဲလေးက အဆင်ပြေမှာပါ။

 

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords