မင်္ဂလာဆောင် ကုန်ကျစရိတ် လျှော့ချမယ်တွေးနေသူတွေအတွက်

by: Phyo Pyae Thu
 0 comments  3 love

 ပြောပြထားတဲ့ အချက်လေးတွေအတိုင်း ကုန်ကျစရိတ်ကို လျှော့လို့ ရတယ်နော်။

မင်္ဂလာပွဲ စီစဉ်တဲ့အခါမှာ ကုန်ကျစရိတ်က မှန်းထားတာထက် ပိုပြီးတော့ ကုန်ကျတတ်ပါတယ်။ ကိုယ်က ပွဲအစအဆုံးကို သိန်း(၂၀) လောက် မှန်းထားပေမယ့် တကယ်တမ်း စာရင်းချုပ်တဲ့အခါ (၂၅) သိန်းလောက် ဖြစ်နေတာမျိုးတွေ ရှိပါတယ်။ ပွဲစီစစဉ်တဲ့အခါ မင်္ဂလာစရိတ်ကို ပိုပိုလိုလိုလေး ဖယ်ထားဖို့ လိုပါတယ်။ ကုန်ကျစရိတ်ကို လျှော့ချမယ်လို့ တွေးထားတဲ့သူတွေအတွက်ကတော့ မင်္ဂလာပွဲ စီစဉ်တဲ့အခါမှာ သေချာလေး စီစဉ်တတ်ဖို့ လိုပါတယ်နော်။ ဒါမှ ကုန်ကျစရိတ်နည်းပြီး လှပတဲ့ မင်္ဂလာပွဲလေး ဖြစ်မှာပါ။ ဘယ်လိုစီစဉ်ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

သေချာ စာရင်းတွက်ဖို့ လိုပါတယ် (Photo: Toronto Star)

မင်္ဂလာဆောင် ရာသီကို ရှောင်ပါ

မင်္ဂလာဆောင် ရာသီတွေကို ရှောင်ပါ။ သီတင်းကျွတ်နဲ့ ဒီဇင်ဘာ လတွေဟာ အများစု မင်္ဂလာဆောင်တဲ့ လတွေပါ။ ဒါဆိုရင် ခန်းမအငှားစရိတ်က သက်သာမှာဖြစ်ပါတယ်။ မင်္ဂလာပွဲ နည်းတဲ့ ရာသီမှာဆိုရင် မင်္ဂလာဆောင် ဝန်ဆောင်မှု လုပ်ငန်းတွေကလည်း Promotion ပေးလေ့ ရှိတာမို့ စုံတွဲလေးတို့ ကုန်ကျစရိတ်  နည်းမှာပါ။

အဝတ်အစား

စုံတွဲလေးတို့ရေ မင်္ဂလာဆောင် အဝတ်အစား ဝတ်တဲ့အခါမှာလည်း အသစ်ချုပ်အငှား၊ အပိုင်ဝယ်တာမျိုး မလုပ်ဘဲ အငှားသာ ဝတ်ဆင်ပါ။ အငှားမင်္ဂလာဝတ်စုံ လှတဲ့ ဆိုင်လေးတွေလည်း အများကြီး ရှိတာမို့ သေချာလေး စုံစမ်းမယ်ဆိုရင် ကုန်ကျစရိတ် နည်းပြီး လှပတဲ့ မင်္ဂလာဝတ်စုံ ရမှာပါ။

ပန်းအပြင်အဆင် (photo: Quora)

သတို့သား၊ သတို့သမီးအရံ

မင်္ဂလာပွဲထွက်စီစဉ်ကြတဲ့အခါမှာ သတို့သား၊ သတို့သမီးအရံတွေရဲ့ ကုန်ကျစရိတ်ကိုလည်း ထည့်တွက်ရပါမယ်။ သတို့သား၊ သတို့သမီးအရံတွေရဲ့ အဝတ်အစားဖိုး၊ ဖိနပ်ဖိုး၊ မိတ်ကပ်ဖိုးက အစ ကိုယ်ကပဲ အစအဆုံး တာဝန်ယူရမှာမို့ ကုန်ကျစရိတ် ပိုလာနိုင်ပါတယ်။ စုံတွဲလေးတို့ ကုန်ကျစရိတ် လျှော့ချဖို့ တွေးနေရင်တော့ အရံအတွဲကို တစ်တွဲပဲ ထားတာမျိုး လုပ်ပါနော်။ ပန်းကြဲ၊ ဗန်းကိုင်တွေလည်း အတူတူပါပဲ။

ပန်းအပြင်အဆင်

ပန်းအပြင်အဆင်က မင်္ဂလာပွဲမှာ ချဲ့ရင် ချဲ့သလောက်ကို ကုန်နိုင်တာပါ။ ပန်းအစစ်တွေချည်းပဲ သုံးတာက စုံတွဲလေးတို့အတွက် ကုန်ကျစရိတ်ပိုများစေပါတယ်။ ပန်းအတု၊ စက္ကူတွေနဲ့ အလှဆင်တာမျိုးက အကုန်အကျ နည်းစေပါတယ်နော်။

တီးဝိုင်း

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်မှာ တီးဝိုင်း သီးသန့် မငှားဘဲ ကိုယ့်စိတ်ကြိုက် သီချင်းလေးတွေ စုထားပြီး ရွေးဖွင့်တာမျိုး လုပ်ပါ။ ဒါဆိုရင် ကုန်ကျစရိတ် လျှော့ချပြီးသား ဖြစ်မှာပါနော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ စီစဉ်နေရင်း ငွေမော လူမော မဖြစ်ချင်ဘူးဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေအတိုင်း ကုန်ကျစရိတ်ကို လျှော့လို့ ရတယ်နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords