မင်္ဂလာပွဲနေ့အတွက် ဒါတွေစီစဉ်ထားပါ

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့မှာ အဆင်မပြေတာတွေ၊ စိတ်ညစ်ရတာနဲ့ လစ်ဟင်းတာတွေ မဖြစ်စေဖို့အတွက် အခု ပြောပြထားတဲ့ အချက်တွေကို သေချာစီစဉ်ထားဖို့ လိုပါတယ်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့မှာ ဧည့်သည်တွေ အများကြီးလည်း ရှိနေမှာ ဖြစ်သလို နှစ်ဖက်မိဘနဲ့ ဆွေမျိုးတွေလည်း ရှိနေမှာပါ။ မင်္ဂလာပွဲနေ့အချိန်ဆိုတာ ပြန်မရနိုင်တဲ့ အမှတ်တရ ကာလလေး ဖြစ်တာမို့ စုံတွဲလေးတို့ သေချာ စီစဉ်ထားရမှာပါ။ ဒါမှသာ ဧည့်သည်တွေနဲ့ နှစ်ဖက်မိဘတွေကြားမှာ မျက်နှာပျက်ရတာမျိုး မဖြစ်မယ့်အပြင် စိတ်ချမ်းချမ်းသာသာနဲ့ ပြီးမြောက်မှာပါ။

ငွေအပ်ထားဖို့ မမေ့ပါနဲ့

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲနေ့မှာ ငွေကို တယောက်ယောက်ဆီမှာ အပ်ထားပါ။ မင်္ဂလာပွဲနေ့မှာ ဝန်ဆောင်မှုတွေကို ရှင်းရမယ့် ပိုက်ဆံကို တစ်ယောက်ယောက်နဲ့ လွှဲထားပေးထားပါ။ ဒါမှ စိတ်အေးအေးနဲ့ မင်္ဂလာပွဲထွက်လို့ ရမှာပါနော်။

မင်္ဂလာပွဲနေ့အတွက် (photo: www.wedding.com)

လမ်းညွှန်ပေးဖို့ မမေ့ပါနဲ့

စုံတွဲလေးတို့ရေ မင်္ဂလာခန်းမကို ကျွမ်းကျွမ်းကျင်ကျင် သိတဲ့ဧည့်သည်တွေ ရှိသလို မသိတဲ့သူတွေလည်း ရှိနေမှာပါ။ လမ်းညွှန်ဆိုင်းဘုတ် သေချာ ရှိလား၊ ခန်းမအဝမှာရော နာမည်နဲ့ဓါတ်ပုံလေးတွေ ချိတ်ထားမလား စတာတွေ စီစဉ်ထားပါ။ ဒါမှမဟုတ် ဖိတ်စာမှာ လမ်းညွှန်ချက် ထည့်ပေးပါနော်။ နောက်ပြီး ကိုယ့်ဖုန်းကိုလည်း လမ်းညွှန်ပေးနိုင်တဲ့သူဆီမှာ ထားပါ။

ကူညီပေးမယ့်သူတွေအတွက် (photo: www.wedding.com)

ကူညီပေးမယ့်သူတွေအတွက်

စုံတွဲလေးတို့ မင်္ဂလာပွဲမှာ ကူညီပေးတဲ့သူတွေ ရှိမှာပါ။ ဘက်ပေါင်းစုံ နေရာကနေ အစစ အရာရာ ကူညီပေးမယ့်သူတွေကို မေ့ထားလို့ မရပါဘူးနော်။ မင်္ဂလာပွဲနေ့မှာ လက်ဖွဲ့ခုံနေရာမှာ တာဝန်ယူပေးတဲ့သူတွေ၊ ဧည့်သည်တွေကို ဧည့်ခံပေးတဲ့သူ၊ မင်္ဂလာကားမောင်းတဲ့သူ၊ အားလုံးအဆင်ပြေအောင် ကြီးကြပ်ပေးတဲ့သူ စတဲ့ ကူညီပေးတဲ့သူတွေကို ကျွေးမွေးဖို့ မမေ့ပါနဲ့နော်။ မင်္ဂလာပွဲနေ့မှာ သူတို့စားဖို့ သီးသန့်စီစဉ်ပေးထားမျိုး လုပ်ဖို့ မမေ့ပါနဲ့နော်။

လက်ဖွဲ့နဲ့ပြန်ကမ်းနေရာ (photo: www.wedding.com)

လက်ဖွဲ့နဲ့ပြန်ကမ်းနေရာ

ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေကို မေတ္တာလက်ဆောင် ပြန်ကမ်းပေးမယ့်နေရာမှာ ထားမယ့်သူကိုလည်း ကြိုတင်ပြီး အကူအညီတောင်းထားရမှာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ပြန်ကမ်းနေရာမှာ ရှိနေမယ့်သူက မင်္ဂလာပွဲကို ကြွရောက်မယ့်သူ တော်တော်များများနဲ့ သိနေတာမျိုး ဖြစ်နေရင် ပိုကောင်းပါတယ်။ ဒါမှ မြင်လိုက်တာနဲ့ ဖော်ဖော်ရွှေရွှေ နှုတ်ဆက်ပြီးသား ဖြစ်မယ်လေနော်။ ပြန်ကမ်းနေရာမှာ နေမယ့်သူကို ပြန်ကမ်းပေးတဲ့အခါ မပေးမိရ မရှိလေအောင် ပေးပေးဖို့လည်း ကြိုတင်ပြီး အကူအညီ တောင်းထားပါနော်။

ဧည့်သည်တွေကို ဧည့်ခံပေးမယ့်သူတွေ

မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်ပေးမယ့် ဧည့်သည်တွေကို တစ်ယောက်ချင်းစီ ကိုယ်နဲ့ သိသိ မသိသိ ဧည့်ခံပေးဖို့ ကြိုတင်ပြီး အကူအညီတောင်းထားပါ။ ဧည့်သည်တွေ သုံးဆောင်တဲ့ အခါမှာလည်း လိုလေသေးမရှိအောင် စီစဉ်ပေးဖို့ မိသားစုဝင်တွေကို အကူအညီတောင်းပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့မှာ အဆင်မပြေတာတွေ၊ စိတ်ညစ်ရတာနဲ့ လစ်ဟင်းတာတွေ မဖြစ်စေဖို့အတွက် အခု ပြောပြထားတဲ့ အချက်တွေကို သေချာစီစဉ်ထားဖို့ လိုပါတယ်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords