Advertisement

ဖိတ်စာစီစဉ်မယ့် စုံတွဲလေးတို့ အပေါ်က အချက်တွေ သေချာ သတိထားပေးနော်။ ဒါမှ မင်္ဂလာဆောင်ဖိတ်စာက အချိန်မှန်မှန်နဲ့ ကိုယ့်စိတ်တိုင်းကျ ဖြစ်မှာပါ။

မင်္ဂလာဆောင်ဖိတ်စာဆိုတာ ဇနီးမောင်နှံလေးတို့အတွက် အရေးကြီးတဲ့အရာပါပဲ။ ကိုယ့်ပွဲလေး စည်စည်ကားကားလေး ဖြစ်ဖို့ အထောက်အကူပြုမယ့် သဝဏ်လွှာလေးပါပဲ။ ဒီတော့ မင်္ဂလာဆောင်ဖိတ်စာနဲ့ ပတ်သက်ပြီး စီစဉ်တဲ့အခါ အမှားအယွင်း မဖြစ်အောင် စီစဉ်ဖို့ လိုပါတယ်။ ဘာတွေစီစဉ်ရမယ်ဆိုတာ ပြောပြပေးမယ်နော်။

အချိန်လုံလုံလောက်လောက်မယူတာ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ဖိတ်စာမှာ အမှားအယွင်း မရှိချင်ဘူးဆိုရင်တော့ ဖိတ်စာအတွက် အချိန်ကို လုံလုံလောက်လောက်ယူဖို့ လိုပါတယ်။ တချို့က ဖိတ်စာဆိုင်တွေက များတယ်၊ ပွဲနီးမှ ဖိတ်ရမှာဆိုပြီး အေးအေးဆေးဆေး လုပ်နေတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ဖိတ်စာမှာ အမှားအယွင်း မဖြစ်စေဖို့ဆိုတာ အချိန်သေချာပေးမှုနဲ့ ဆိုင်ပါတယ်။ အမှားပါရင် အချိန်ရရင် ပြန်ပြင်ဖို့ မီနိုင်ပါတယ်။

စာလုံးပေါင်း မစစ်တာ

ဖိတ်စာစီစဉ်တဲ့အခါမှာ စာလုံးပေါင်း အဓိက စစ်ဖို့လိုပါတယ်။ နောက်ပြီး နှစ်ဖက်မိဘဆွေမျိုး တော်စပ်မှု၊ အသုံးအနှုန်းတွေပေါ့။ နေ့ရက်၊ အချိန် စတာတွေ မစစ်ဘဲ အဆင်ပြေတယ် လုပ်လိုက်တာမျိုးပါ။ နောက်ပြီး စာလုံးပေါင်းမှားခဲ့ရင် ဘယ်လိုတာဝန်ယူမလဲဆိုတာ ကြိုတင် မေးထားပါ။

မင်္ဂလာဆောင်အတွက် ဖိတ်စာစီစဉ်ပြီဆိုရင်

မင်္ဂလာဆောင်အတွက် ဖိတ်စာစီစဉ်ပြီဆိုရင် (photo: paperlust.co)

 

ဖိတ်စာမလောက်ခဲ့ရင်

စုံတွဲလေး တော်တော်များများ ဖြစ်တဲ့ပြဿနာကတော့ ဖိတ်စာမလောက်ငှတာပါပဲ။ ဖိတ်စာမလောက်ငှတာနဲ့ ပတ်သက်ပြီး ကြိုတင် မေးမြန်းထားတာ မလုပ်တာမျိုး အထူးရှောင်ပါ။ ဖိတ်စာ မလောက်ခဲ့လို့ ထပ်ရိုက်မယ်ဆိုရင် ဘယ်လောက်ထပ်ရိုက်မှ ရိုက်ပေးမလဲဆိုတာ မေးပါ။ ကိုယ်က (၅၀) လောက်ပဲလိုတယ် ဆိုင်က အနည်းဆုံး (၁၀၀) ရိုက်မှ ရမယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ တခြားဆိုင်တွေကလည်း သူများဒီဇိုင်းလက်မခံဘူးဆိုရင် ပွဲနီးမှ စိတ်ညစ်ရနိုင်တာကြောင့် မလောက်ငှခြင်း ပြဿနာအတွက် ကြိုမေးပါ။

အပေါ်ဘက် အလှဆင်ထားတာကို ရွေးရင်

စုံတွဲလေးတို့ ဖိတ်စာစီစဉ်တဲ့အခါမှာ အပေါ်ဘက်က ဖောင်းကြွဒီဇိုင်းတွေ ဆိုရင် သယ်တဲ့အခါမှာ ဖိတ်တဲ့အခါမှာ သေချာသတိထားပါ။ ပစ္စည်း ပျက်စီးတာမျိုးတွေ မဖြစ်အောင်ပေါ့။ ဂရုစိုက်ဖို့ မှာကြားထားဖို့ မမေ့နဲ့နော်။

ဖိတ်မယ့်စာရင်းသေချာလုပ်ပါ

ဖိတ်မယ့်စာရင်းသေချာလုပ်ပါ

ဖိတ်မယ့်စာရင်းသေချာလုပ်ပါ

မင်္ဂလာဆောင် ဖိတ်တဲ့အခါမှာ လူမကျန်ခဲ့ဖို့ အရမ်းအရေးကြီးပါတယ်။ မဂင်္လာပြဲ မတိုင်ခင် (၁၅) ရက်လောက် အလိုမှာ ဖိတ်စာတွေ လက်ထဲအသင့်ရှိနေရတော့မှာပါနော်။ သတို့သားဘက်ရော၊ သတို့သမီးလေးဘက်ကပါ လူဦးရေ စာရင်း အတိအကျ တွက်ပါ။ ပြီးရင် ဖိတ်တဲ့အခါမှာ မကျန်ခဲ့စေဖို့ မြို့နယ်တူအောင် စုပါ။ ဥပမာ မြို့ထဲဆိုရင် မြို့ထဲမှာ ဖိတ်မယ့်သူတွေကို တစ်စုတည်း စုထားလိုက်ပါ။ ဖိတ်ပြီးတာနဲ့ ဖိတ်ပြီးကြောင်း စာရင်းလေး တို့မှတ် ထားပါ။ ဒါမှ ဘယ်သူတွေ ကျန်နေသေးလည်း သိရမှာပါ။

ဖိတ်စာပေါ်မှာ နာမည်ရေးခြင်း

ဧည့်သည်တွေကို ဖိတ်တဲ့အခါ ဖိတ်စာတွေမှာ ဧည့်သည်ရဲ့ နာမည်ကို ရေးကြတယ်မလား၊ ဖိတ်စာပေါ်မှာ နာမည်ရေးတဲ့အခါ အိမ်ထောင်ရှိသူဆိုရင် နှစ်ယောက်စလုံးရဲ့ နာမည်ကို ရေးပါ။ တစ်ယောက်ရဲ့ နာမည်ကို မသိဘူးဆိုရင်တောင် ဇနီးဒါမှမဟုတ် ခင်ပွန်း ထည့်ရေးပါ။ သတို့သား၊သတို့သမီးလေးတို့နဲ့ သိတဲ့သူအပြင် မိသားစုကိုပါ လာစေချင်တယ်ဆိုရင်တော့ (–နှင့်မိသားစု) လို့ ထည့်ရေးပါ။ ဒါက ယဉ်ကျေးရာ ရောက်ပြီး ကိုယ်ဘယ်သူတွေကို လာစေချင်တယ်ဆို တိတိကျကျ ပေါ်လွင်စေပါတယ်နော်။

ဖိတ်စာဆိုင်ရွေးရင်

စုံတွဲလေးတို့ရေ ဖိတ်စာဆိုင်နဲ့ ပတ်သက်တဲ့ Review တွေကို များများဖတ်ပါ။ ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို အတတ်နိုင်ဆုံး စဉ်းစားထားပါ။ ရိုးရိုးလေး ကြိုက်လား၊ ဆန်းဆန်းပြားပြား လုပ်ချင်လား၊ Handmade ကြိုက်လား၊ နောက်ဆုံးပေါ် ဒီဇိုင်းကို ရွေးမလား၊ ဒါမျိုး အကြမ်းဖျဉ်းလေး ရွေးထားပါ။ ကိုယ်လုပ်ချင်တဲ့ အကြမ်းဖျဉ်း ဒီဇိုင်းပေါ်မူတည်ပြီး ဖိတ်စာဆိုင်ကို ရွေးပါ။ ဘယ်ဆိုင်က ဘယ်လိုဒီဇိုင်းတွေမှာ အားသာလဲ ဆိုတာ လေ့လာစုံစမ်းပါ။

ကုန်ကျစရိတ်

ကုန်ကျစရိတ် (photo: procurement-academy.com)

ကုန်ကျစရိတ်

ကိုယ်လိုချင်တဲ့ ဖိတ်စာနဲ့ ကုန်ကျခံနိုင်မယ့် ကုန်ကျစရိတ်ကိုတော့ ညှိပေးမလားဆိုတာ သေချာလေး သိသင့်ပါတယ်။ ဖိတ်စာဆိုတာကလည်း ချဲ့ရင်ချဲ့သလောက် ကုန်နိုင်တယ်ဆိုတာ သိထားရပါမယ်။ ကုန်ကျစရိတ် ညှိပေးနိုင်တဲ့ ဆိုင်ကို ရွေးချယ်ပါ။

မင်္ဂလာဆောင်အတွက် ဖိတ်စာစီစဉ်မယ့် စုံတွဲလေးတို့ အပေါ်က အချက်တွေ သေချာ သတိထားပေးနော်။ ဒါမှ မင်္ဂလာဆောင်ဖိတ်စာက အချိန်မှန်မှန်နဲ့ ကိုယ့်စိတ်တိုင်းကျ ဖြစ်မှာပါ။

 

Comments

0 comments