Advertisement

အဆင်ပြေစေဖို့အတွက် တာဝန်ယူရမှာတွေ ရှိပါတယ်နော်။ သတို့သမီးလေးတို့ တာဝန်ယူရမှာတွေက ဘာတွေလဲဆိုတာ ပြောပြမယ်နော်

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲနေ့ ရောက်ပြီဆိုရင် စိတ်အပူဆုံးနဲ့ အလှဆုံး၊ အပျော်ရွှင်ဆုံး ဖြစ်မယ့်သူက သတို့သမီးလေးပဲ မလားနော်။ မင်္ဂလာပွဲနေ့မှာ အစစ အရာရာ အဆင်ပြေစေဖို့အတွက် တာဝန်ယူရမှာတွေ ရှိပါတယ်နော်။ သတို့သမီးလေးတို့ တာဝန်ယူရမှာတွေက ဘာတွေလဲဆိုတာ ပြောပြမယ်နော်။

မင်္ဂလာပွဲနေ့အတွက် ကိုယ်တိုင်တာဝန်ယူရမယ့် အချက်ကတော့ ပွဲနေ့ မိတ်ကပ်လှဖို့ပါ

မိတ်ကပ်လှဖို့

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့အတွက် ကိုယ်တိုင်တာဝန်ယူရမယ့် အချက်ကတော့ ပွဲနေ့ မိတ်ကပ်လှဖို့ပါ။ ပွဲနေ့ မိတ်ကပ်ဖို့က မိတ်ကပ်ဆရာနဲ့ သက်ဆိုင်တယ်ဆိုပေမယ့် သတို့သမီးလေးအပေါ်မှာလည်း မူတည်ပါတယ်နော်။ မိတ်ကပ်ဆရာဆီ အချိန်မီရောက်ဖို့က သတို့သမီးလေး တာဝန်ပါ။ မိတ်ကပ် လိမ်းနေစဉ်မှာ မိတ်ကပ်ဆရာနဲ့ အပြောအဆို အဆင်ပြေစေဖို့၊ မိတ်ကပ်ဆီက ငှားရမ်းမယ့် ပစ္စည်းတွေ ဘယ်အချိန်ပြန်ပေးရမလဲဆိုတာ သတို့သမီးလေး တာဝန်ယူထားရမယ့် အပိုင်းပါ။

ဝတ်စုံ

ဝတ်စုံ

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့ ဝတ်စုံအတွက် တာဝန်ယူဖို့လည်း လိုပါတယ်နော်။ ဝတ်စုံနဲ့ ပတ်သက်ပြီး အမှားအယွင်း တစ်စုံတစ်ရာမှ မဖြစ်အောင် သတို့သမီးလေးတို့ တာဝန်ယူရပါမယ်။ သတို့သားအတွက်လည်း အမြဲ သတိပေးနေပါနော်။ ဝတ်စုံနဲ့ ပုဝါ၊ ပန်းတွေ တစ်ခုမှ မကျန်အောင် မမေ့အောင် သတို့သမီးလေး တစ်ဦးတည်း တာဝန်ယူထားပါနော်။ သူများကို လွှဲထားမယ်ဆိုလည်း သေချာမှာထားပါနော်။

အပြုံး

မင်္ဂလာပွဲနေ့မနက်မှာ သတို့သမီးလေးတို့ တာဝန်ယူရမှာက အပြုံးပါ။ မင်္ဂလာပွဲနေ့ မနက်မှာ ဘယ်လို အဆင်မပြေတာတွေပဲ ဖြစ်ဖြစ် ပြုံးထားဖို့ မမေ့ပါနဲ့။ မင်္ဂလာပွဲနေ့မှာ ရိုက်မယ့် ဓါတ်ပုံတွေက နှစ်ခါပြန်မရနိုင်သလို အချိန်နဲ့ ရိုက်ရတာပါ။ ဒါကြောင့် အကောင်းဆုံး အလှဆုံးဖြစ်ဖို့အတွက် ပြုံးနေဖို့ လိုပါတယ်နော်။ တခြားသူတွေ ပြုံးနေဖို့လည်း သတို့သမီးက ပြောထားပေးနော်။

အပြုံး (photo: www.shutterstock.com)

နှုတ်ဆက်ရမယ့်သူတွေ

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့အတွက် တာဝန်ယူရမယ့် အချက်တွေထဲမှာ မဖြစ်မနေ နှုတ်ဆက်ရမယ့်သူတွေကို နှုတ်ဆက်ဖို့ပါ။ မင်္ဂလာပွဲပြီးနောက်မှာ ဘယ်သူ့က မနှုတ်ဆက်လို့ စိတ်ဆိုးတာမျိုး၊ မခေါ်တာမျိုး မဖြစ်ရလေအောင် မဖြစ်မနေ နှုတ်ဆက်ရမယ့်သူတွေကို အတိအကျ မှတ်ထားပါ။ သတို့သားဘက်က အမျိုးတွေကိုလည်း နှုတ်ဆက်ဖို့ မမေ့ပါနဲ့နော်။ ကိုယ့်ဘက်မှာ မဖြစ်မနေ နှုတ်ဆက်ရမယ့်သူတွေ ရှိရင်လည်း သတို့သားလေးကို ကြိုတင်ပြောထားနော်။

နှုတ်ဆက်ရမယ့်သူတွေ (photo: www.shutterstock.com)

စိတ်ချရမယ့်သူ

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့ မနက်မှာ စိတ်ချရမယ့်သူကို ပွဲနေ့ကိစ္စတွေ လွှဲထားဖို့လည်း မမေ့လိုက်ပါနဲ့နော်။ မင်္ဂလာပွဲနေ့မှာ သတို့သမီးလေးက အကုန်စီစဉ်နိုင်မှာ မဟုတ်တော့ဘူးလေနော်။ ပန်းအပြင်အဆင်၊ အစားအသောက် စတဲ့ ဖုန်းနံပါတ်တွေ၊ဘောင်ချာတွေ စိတ်ချရမယ့်သူတွေကိုသာ ပေးထားလိုက်ပါ။

သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့ မနက်မှာ တာဝန်ယူရမယ့် အပိုင်းတွေကို သေချာပြင်ဆင်ထားနော်။

Comments

0 comments