မင်္ဂလာဆောင်အတွက် သီချင်းတေးဂီတမှာ ဘာတွေဂရုစိုက်ရမလဲ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာပွဲအတွက် တေးသီချင်း၊ အခါတော်ပေး၊ ငွေခရုအစရှိတာတွေအားလုံးက အခမ်းအနားမှူးနဲ့ အချိတ်အဆက် မိနေဖို့ လိုပါတယ်

ခမ်းခမ်းနားနား ပြင်ဆင်ထားတဲ့ စုံတွဲလေးတို့ရဲ့ မင်္ဂလာပွဲလေး အသက်ဝင်ဖို့ဆိုရင် တေးသံသာ တေးဂီတတွေ ပါဝင်မှ ဖြစ်မှာပါ။ စီစဉ်ထားတဲ့အတိုင်း သက်ဝင်လှုပ်ရှားလာဖို့နဲ့ ပွဲကို ကြွရောက်လာကြတဲ့ ဧည့်သည်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့ တေးဂီတ စီစဉ်တဲ့အခါမှာ သေချာ ဂရုစိုက်ဖို့ လိုပါတယ်။ အမှားအယွင်း မရှိကာမှ အဆင်ပြေမှာမို့ ဘာတွေ ဂရုစိုက်ရမလဲဆိုတာ ပြောပြမယ်နော်။

မင်္ဂလာဆောင်အတွက် သီချင်းက ပွဲပေါ် မူတည်ပြီး ပုံစံအမျိုးမျိုး ကွဲပါတယ်နော်။ ဘိသိက်၊ စုလျားရစ်ပတ်နဲ့ ဧည့်ခံပွဲနဲ့ ညစာစားပွဲပါ။ စုံတွဲလေးတို့ ရွေးချယ်ထားတဲ့ မင်္ဂလာပွဲပေါ် မူတည်ပြီး လိုက်ဖက်တာကို ရွေးချယ်ရမှာပါနော်။ ရွေးချယ်ထားတဲ့ တေးဂီတအဖွဲ့နဲ့ သီချင်းတွေပေါ် အထူးစီစဉ်ထားရမှာပါ။

 

အဆိုတော်တွေ ပါမလား

မင်္ဂလာတေးသီချင်းမှာ အခါတော်ပေးဆိုမယ့်သူနဲ့ အဆိုတော်တွေ ပါဝင်မယ့် ပွဲမျိုးဆိုရင်တော့ အဆိုတော်တွေနဲ့ သေချာညှိထားဖို့ လိုပါတယ်။ အဆိုတော် သီးသန့် ထပ်ငှားမှာလား၊ တစ်ခါတည်း အပြီးအစီးပါမယ့် ဝန်ဆောင်မှုမျိုး အပ်မှာလားပေါ့။ အဆိုတော်တွေ ပါမယ်ဆိုရင်လည်း ဘယ်အချိန်မှာ ဘယ်မင်္ဂလာတေး သီဆိုမယ်ဆိုတာ သိနေပါစေနော်။

အခမ်းအနားမှူးနဲ့ အချိတ်အဆက် မိပါစေ

မင်္ဂလာပွဲအတွက် တေးသီချင်း၊ အခါတော်ပေး၊ ငွေခရုအစရှိတာတွေအားလုံးက အခမ်းအနားမှူးနဲ့ အချိတ်အဆက် မိနေဖို့ လိုပါတယ်။ အဲဒါမှသာ အခမ်းအနားမှူးစီစဉ်ထားတဲ့ မင်္ဂလာပွဲထွက်နဲ့ ကိုက်ညီအဆင်ချောမှာပါ။ တေးသီချင်းချည်းပဲ ဖွင့်မယ်ဆိုရင်လည်း ဘယ်အချိန်မှာ ဘယ်ဟာ စဖွင့်မယ်ဆိုတာ အခမ်းအနားမှူးနဲ့ တိုင်ပင်ဆွေးနွေးထားပါ။

အသံ

ဘယ်လိုတေးဂီတမျိုးပဲ ဖြစ်ဖြစ် သာယာငြိမ့်ညောင်းတာမျိုး ဖြစ်ဖို့ လိုပါတယ်နော်။ ဧည့်သည်တွေ စားပွဲဝိုင်းမှာ အချင်းချင်း စကားပြောလို့မရတဲ့အထိ သီချင်းသံက ဆူညံနေတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ ခန်းမရဲ့ အသံ Quality ကို သေချာဂရုစိုက်ပါ။ အရမ်းကျယ်နေတာ၊ အရမ်းတိုးတာ၊ အသံလာလိုက် ပျက်လိုက် ဖြစ်တာမျိုး မဖြစ်အောင် သတိထားပါ။

ဘယ်နှစ်ယောက်ရှိမလဲ

ကိုယ့်ရဲ့ မင်္ဂလာပွဲအတွက် တေးဂီတ အဖွဲ့စီစဉ်ပေးတဲ့သူ ဘယ်နှစ်ယောက်ရှိမလဲ၊ သူတို့အတွက် ဧည့်ခံကျွေးမွေးတာကို ဘယ်အချိန်မှာ စီစဉ်ပေးရမလဲ၊ ခန်းမဆီ ဘယ်နှစ်နာရီမှာ ရောက်မလဲ၊ ငွေပေးချေမှုက ဘယ်လိုမျိုးလဲ ဒါတွေကအစ သေချာအသေးစိပ် မေးပါ။ ဒါမှ တေးဂီတအတွက် စိတ်အေးရပါမယ်နော်။

မင်္ဂလာပွဲမှာ သီချင်းကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် စုံတွဲလေးတို့ ဂရုစိုက်ရမယ့် အချက်တွေကို သိထားပေးနော်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords