Advertisement

အခက်အခဲမရှိဘဲ အဆင်ပြေပြေ စီစဉ်နိုင်ဖို့ လိုပါတယ်။ ညစာစားပွဲကို အခက်အခဲ မရှိဘဲ စီစဉ်နိုင်ဖို့အတွက် အဆင့်ဆင့် လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေ ပြောပြမယ်နော်

စုံတွဲလေးတို့ရေ မင်္ဂလာပွဲကို မနက်ခင်း စုလျားရစ်ပတ်၊ ဘိသိက်ပွဲ ကျင်းပပြီးပြီဆိုရင် ညစာစားပွဲ ကျင်းပလေ့ ရှိကြတယ်မလား။ မင်္ဂလာ ညစာစားပွဲ စီစဉ်တော့မယ်ဆိုရင် နှစ်ယောက်စလုံး အခက်အခဲမရှိဘဲ အဆင်ပြေပြေ စီစဉ်နိုင်ဖို့ လိုပါတယ်။ ညစာစားပွဲကို အခက်အခဲ မရှိဘဲ စီစဉ်နိုင်ဖို့အတွက် အဆင့်ဆင့် လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေ ပြောပြမယ်နော်။

မင်္ဂလာညစာစားပွဲကို အခက်အခဲမရှိဘဲ စီစဉ်နိုင်ဖို့

ပျော်ပျော်ရွှင်ရွှင် Theme ကို ရွေးပါ

စုံတွဲလေးတို့ ညစာစားပွဲအတွက် စီစဉ်တဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင် ဖြစ်စေမယ့် Theme ကိုသာ ရွေးချယ်ပါ။ စုံတွဲလေးတို့ ဧည့်သည်တွေနဲ့အတူ ကစားလို့ ရမယ့် Game လေးတွေ ထည့်သွင်းစီစဉ်တာမျိုး လုပ်ပါ။ ဒါဆိုရင်တော့ ဘယ်လိုပုံစံ ကျင်းပလို့ ရမလဲဆိုတာ စဉ်းစားစီစဉ်ပြီးသား ဖြစ်မှာပါ။

နေရာအရင်ရှာပါ

မင်္ဂလာ ညစာစားပွဲအတွက် စီစဉ်တဲ့အခါမှာ ပွဲကျင်းပမယ့်နေရာကို အရင် ရှာပါ။ ကိုယ်ကျင်းပချင်တဲ့ Theme နဲ့ ကိုက်ညီမယ့် မင်္ဂလာနေရာ ဖြစ်ဖို့လိုပါတယ်နော်။ မင်္ဂလာနေရာ ရပြီဆိုရင်တော့ ကျန်တဲ့ အစီအစဉ်တွေ ဆက်ပြီး စီစဉ်ရလွယ်ကူမှာပါ။

အစားအသောက် (photo: www.weddingwire.com/)

အစားအသောက်

မင်္ဂလာ ညစာစားပွဲမှာ အကျွေးအမွေးက အဓိက ကျပါတယ်နော်။ မနက်ခင်း ပွဲမှာက Tea set နဲ့ အဆင်ပြေပေမယ့် ညဘက်ပွဲဆိုရင်တော့ စားဖို့အပြင် သောက်ဖို့ပါ စီစဉ်ဖို့ လိုပါတယ်။ Set နဲ့လား ဘူဖေးလားရွေးချယ်လို့ ရသလို ဟင်းအမယ်များများလည်း ရွေးချယ်ဖို့ လိုပါတယ်။ အစားအသောက် စီစဉ်တဲ့အခါမှာ ဘီယာ၊ အရက်နဲ့ လိုက်ဖက်တဲ့ ဟင်းလျာတွေ ဖြစ်ဖို့လည်း သတိထားပါ။

ဝတ်စုံ (photo: www.hellomagazine.com/)

ဝတ်စုံ

စုံတွဲလေးတို့ရေ ညစာစားပွဲအတွက် အပေါ်ကအချက်တွေ စီစဉ်ပြီးပြီဆိုရင်တော့ ဝတ်စုံနဲ့ ပတ်သက်ပြီး စီစဉ်လို့ ရပါပြီ။ နှစ်ယောက်စလုံးရဲ့ဝတ်စုံက မင်္ဂလာ ညစာစားပွဲမှာ ပေါ့ပေါ့ပါးပါး ဖြစ်ဖို့လိုပါတယ်။ တချို့ သတို့သမီးလေးတွေက ဝတ်စုံကို (၂) စုံလဲတာမျိုးလည်း ရှိတာမို့ ကြိုတင်ပြီး ပြင်ဆင်ထားပါ။

မင်္ဂလာညစာစားပွဲကို အခက်အခဲ မရှိဘဲ စီစဉ်ချင်တယ်ဆိုရင် ဒီအချက်တွေ သိထားပေးနော်။

Comments

0 comments