Advertisement

ဘယ်အချိန်မှာပဲ ပွဲလုပ်လုပ် အသုံးတည့်နေမှာမလို့ ကုန်ကျစရိတ် နည်းအောင် လုပ်ချင်သူတွေအတွက် နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်နော်

ခုကာလက ကိုဗစ်ကာလ အိမ်မှာနေနေရပေမယ့် ပွဲတွေ ကျင်းပခွင့် ရတာနဲ့ မင်္ဂလာပွဲ လုပ်မယ်လို့ တွေးထားတဲ့သူတွေကတော့ မင်္ဂလာပွဲ စရိတ်တွေ တွေးထားသင့်တယ်လေနော်။ ကုန်ကျစရိတ်တွေ တွက်ချက်ထားတာက ဘယ်အချိန်မှာပဲ ပွဲလုပ်လုပ် အသုံးတည့်နေမှာမလို့ ကုန်ကျစရိတ် နည်းအောင် လုပ်ချင်သူတွေအတွက် နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်နော်။

ကုန်ကျစရိတ် မှန်းထားပါ

မင်္ဂလာဆောင် ကုန်ကျစရိတ်က အမြဲတမ်း မှန်းထားတာထက် ပိုပြီးတေ့ာ ကုန်ကျတတ်ပါတယ်။ ဒီတော့ ကုန်ကျစရိတ်ကို ဘယ်လောက်ထိ ဂိတ်ဆုံး ကုန်ကျခံနိုင်တယ်ဆိုတယ်ဆိုတာ သတ်မှတ်ထားပါ။ အဲဒီ ဘတ်ဂျက်ထဲ ဝင်မှ အဆင်ပြေမယ်ဆိုတာ မမေ့ပါနဲ့နော်။

မင်္ဂလာဆောင် ရာသီကို ရှောင်ပါ

မင်္ဂလာဆောင် ရာသီတွေကို ရှောင်ပါ။ သီတင်းကျွတ်နဲ့ ဒီဇင်ဘာ လတွေဟာ အများစု မင်္ဂလာဆောင်တဲ့ လတွေပါ။ ဒါဆိုရင် ခန်းမအငှားစရိတ်က သက်သာမှာဖြစ်ပါတယ်။ မင်္ဂလာပွဲ နည်းတဲ့ ရာသီမှာဆိုရင် မင်္ဂလာဆောင် ဝန်ဆောင်မှု လုပ်ငန်းတွေကလည်း Promotion ပေးလေ့ ရှိတာမို့ စုံတွဲလေးတို့ ကုန်ကျစရိတ်  နည်းမှာပါ။

denki.remixpoint.co.jp/

အဝတ်အစား

စုံတွဲလေးတို့ရေ မင်္ဂလာဆောင် အဝတ်အစား ဝတ်တဲ့အခါမှာလည်း အသစ်ချုပ်အငှား၊ အပိုင်ဝယ်တာမျိုး မလုပ်ဘဲ အငှားသာ ဝတ်ဆင်ပါ။ အငှားမင်္ဂလာဝတ်စုံ လှတဲ့ ဆိုင်လေးတွေလည်း အများကြီး ရှိတာမို့ သေချာလေး စုံစမ်းမယ်ဆိုရင် ကုန်ကျစရိတ် နည်းပြီး လှပတဲ့ မင်္ဂလာဝတ်စုံ ရမှာပါ။

သတို့သား၊ သတို့သမီးအရံ

မင်္ဂလာပွဲထွက်စီစဉ်ကြတဲ့အခါမှာ သတို့သား၊ သတို့သမီးအရံတွေရဲ့ ကုန်ကျစရိတ်ကိုလည်း ထည့်တွက်ရပါမယ်။ သတို့သား၊ သတို့သမီးအရံတွေရဲ့ အဝတ်အစားဖိုး၊ ဖိနပ်ဖိုး၊ မိတ်ကပ်ဖိုးက အစ ကိုယ်ကပဲ အစအဆုံး တာဝန်ယူရမှာမို့ ကုန်ကျစရိတ် ပိုလာနိုင်ပါတယ်။ စုံတွဲလေးတို့ ကုန်ကျစရိတ် လျှော့ချဖို့ တွေးနေရင်တော့ အရံအတွဲကို တစ်တွဲပဲ ထားတာမျိုး လုပ်ပါနော်။ ပန်းကြဲ၊ ဗန်းကိုင်တွေလည်း အတူတူပါပဲ။

www.theknot.com

ပန်းအပြင်အဆင်

ပန်းအပြင်အဆင်က မင်္ဂလာပွဲမှာ ချဲ့ရင် ချဲ့သလောက်ကို ကုန်နိုင်တာပါ။ ပန်းအစစ်တွေချည်းပဲ သုံးတာက စုံတွဲလေးတို့အတွက် ကုန်ကျစရိတ်ပိုများစေပါတယ်။ ပန်းအတု၊ စက္ကူတွေနဲ့ အလှဆင်တာမျိုးက အကုန်အကျ နည်းစေပါတယ်နော်။

တီးဝိုင်း

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်မှာ တီးဝိုင်း သီးသန့် မငှားဘဲ ကိုယ့်စိတ်ကြိုက် သီချင်းလေးတွေ စုထားပြီး ရွေးဖွင့်တာမျိုး လုပ်ပါ။ ဒါဆိုရင် ကုန်ကျစရိတ် လျှော့ချပြီးသား ဖြစ်မှာပါနော်။

Comments

0 comments