Advertisement

မိန်းကလေးတွေ အနေနဲ့ ဒီအချက် (၇) ချက်ကို ပြင်ဆင်ဖို့ စဉ်းစားပါနော်။ ဒီအချက် (၇) ချက်ကို သေချာ ပြင်ဆင်ရင်တော့ အားလုံးအဆင်ပြေမှာပါ။

Marry က မိန်းကလေးပရိသတ်ကြီးတို့ရေ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ချင်ကြတယ်မလား။ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တဲ့နေ့ရော၊ လက်ထပ်ပြီးနောက်မှာရော အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ ရှိချင်ကြတယ်ဆိုရင်တော့ ဒီအချက်လေးတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

(၁) အလှအပ

ယောကျ်ားတော့မယ်ဆိုရင်တော့ အလှအပကိုလည်း မေ့ထားလို့ မရဘူးနော်။ မင်္ဂလာဆောင်တဲ့နေ့မှာ အလှဆုံး ဖြစ်နေဖို့ လိုတယ်မလား။ ကိုယ့်ရဲ့ မျက်နှာလေးကို ပေါင်းတင်တာ၊ ဆံပင်နဲ့ ပတ်သက်တဲ့ Treatment တွေ လုပ်တာမျိုး ပြင်ဆင်ထားပါ။ ခြေသည်းလက်သည်းတွေက အစပေါ့။

(၂)ကိုယ့်ချစ်သူအကြောင်း

ချစ်တို့ရေ မင်္ဂလာဆောင်မယ်လို့ တွေးပြီးပြီဆိုရင်တော့ ကိုယ့်လက်တွဲဖော်အကြောင်း သိလေ ကောင်းလေပါ။ မင်္ဂလာဆောင်မယ့် မိန်းကလေးတွေအနေနဲ့ ချစ်သူနဲ့ ရင်းနှီးအောင်နေပါ။ ပြီးမှရွေးချယ်ပါ။

() စိတ်ကူးထဲက ရက် သတ်မှတ်ပါ

မင်္ဂလာဆောင်မယ်ဆိုရင်တော့ အရင်ဆုံး ရက်သတ်မှတ်ရမှာမလား။ စိတ်ကူးထဲကနေ အရင်ဆုံး ရက်သတ်မှတ်ပါ။ စိတ်ကူးထဲမှာ ရက်ရပြီဆိုတော့မှ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ အချက်လေးတွေ စတင်ပြီး ကြိုတင်စဉ်းစားပါ။

ကိုယ်တိုင်စီစဉ်မလား

ကိုယ်တိုင်စီစဉ်မလား

(၃) ကိုယ်တိုင်စီစဉ်မလား

မင်္ဂလာဆောင်ပွဲလေး လုပ်တော့မယ်ဆိုရင် ကိုယ်တိုင်စီစဉ်မလား၊ Planner အပ်မလားဆိုတာ ရွေးချယ်စရာ ရှိပါတယ်။ ရက်သတ်မှတ်ထားပြီးပြီဆိုရင်တော့ ကိုယ်တိုင်စီစဉ်ဖို့ အချိန်မီလား မမီဘူးလားဆိုတာ တွက်ကြည့်နိုင်မှာပါ။ အဲဒီအချိန်ပေါ် မူတည်ပြီး ဘယ်လိုစီစဉ်မလဲဆိုတာ ကြိုတင်ပြင်ဆင်ပါ။

(၄) ဆေးစစ်ပါ

ဒါကတော့ ကိုယ်တိုင်ရော၊ ကိုယ့်ချစ်သူရောအတွက်ပါ သက်ဆိုင်တဲ့ ကိစ္စပါ။ နှစ်ယောက်စလုံး ဆေးစစ်ဖို့ လိုပါတယ်နော်။ မင်္ဂလာမဆောင်ခင်မှာ (၂) ယောက်စလုံးရဲ့ ကျန်းမာရေး အခြေအနေတွေကို သိရရင် ပိုပြီး အဆင်ပြေစေတာကြောင့်ပါ။

(၅) သားဆက်ခြားနည်း

 သားဆက်ခြားနည်းတွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ့်ယောကျ်ားနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ချစ်တင်းနှောတာတွေ ဖြစ်ဖို့ သားဆက်ခြားဖို့လည်း ကြိုတင်ပြင်ဆင်ပါ။

 သားဆက်ခြားနည်း

သားဆက်ခြားနည်း

(၇) စိတ်ဓါတ်ခွန်အား

မင်္ဂလာဆောင်တော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေထဲမှာ စိတ်ဓါတ်ခွန်အားလည်း ပါဝင်ပါတယ်။ မင်္ဂလာဆောင်ဖို့အတွက် ပြင်ဆင်နေတဲ့အချိန်မှာ နှစ်ဖက်မိဘတွေကြောင့် မပြေလည်တာတွေလည်း ဖြစ်နိုင်သလို၊ ဝန်ဆောင်မှုတွေနဲ့ အဆင်မပြေတာ၊ ညှိနှိုင်းရ ခက်တာတွေကြောင့် စိတ်ညစ်တာတွေ ဖြစ်တတ်ပါတယ်။ မင်္ဂလာဆောင်တော့မယ်ဆိုရင်တော့ ဒီအချက်ကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

မင်္ဂလာဆောင်မယ်လို့ တွေးထားတဲ့ မိန်းကလေးတွေ အနေနဲ့ ဒီအချက် (၇) ချက်ကို ပြင်ဆင်ဖို့ စဉ်းစားပါနော်။ ဒီအချက် (၇) ချက်ကို သေချာ ပြင်ဆင်ရင်တော့ အားလုံးအဆင်ပြေမှာပါ။

Comments

0 comments