Advertisement

ကိုယ့်ရဲ့မင်္ဂလာပွဲလေး ကိုယ်မှန်းထားတဲ့ ပိုက်ဆံနဲ့ လုံလုံလောက်လောက် ဖြစ်ဖို့ဆိုရင် အခုပြောပြထားတဲ့ အချက်တွေကို အဓိကထားပြီး တွေးပါနော်။

မင်္ဂလာပွဲ တစ်ပွဲ စီစဉ်တဲ့အခါမှာ အစစ အရာရာ အဆင်ပြေ ချောမွေ့စေဖို့ ကြိုတင် ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင်လည်း Budget Plan ကို သေချာရေးဆွဲ ထားမှ သတ်မှတ်ထားတဲ့ မင်္ဂလာစရိတ်ထက် ပိုမကုန် မှာ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျ ခံသင့်တဲ့ နေရာတွေမှာ ငွေကုန်တာ ကိစ္စမရှိပေမယ့် မလိုအပ်တဲ့ နေရာတွေမှာ ပိုကုန်နေမယ်ဆိုရင်တော့ ငွေတွေကို အလဟဿ ဖြုန်းတီးရာ ရောက်နေမှာပါ။

Budget Plan ကို သေချာရေးဆွဲ ထားပါ

weddings-in-croatia.net

ငွေဖြုန်းရာ မရောက်ချင်ဘူးဆိုရင်ပထမဆုံး ငွေကို အရင် သတ်မှတ်ပါ။ မင်္ဂလာပွဲအတွက် ကိုယ်နောက်ဆုံး အကုန်အကျ ခံနိုင်တဲ့ ပမာဏတစ်ခုကို သတ်မှတ်ပေးပါ။ အဲ့ဒိဘောင်ထက် ကျော်လွန်နေမယ့် အရာတွေကို လုံးဝ မစဉ်းစားပါနဲ့။

ပြီးရင် မင်္ဂလာပွဲအတွက် လိုအပ်မယ့် စာရင်းတွေကို ချရေးပါ

နံပါတ်စဉ်တပ်ပြီး စာအုပ်ထဲမှာ အစဉ်လိုက် ချရေးပါ။ အဲ့လို ရေးထားတာတွေထဲကမှ ငွေကုန်မယ့်ဟာနဲ့ မကုန်မယ့် ဟာတွေကို ခွဲထုတ်လိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ တစ်ချို့ကိစ္စတွေမှာ မိတ်ဆွေ၊ သူငယ်ချင်းတွေက မေတ္တာနဲ့ ကူညီပေးတာမျိုး ရှိတဲ့အတွက် ငွေမကုန်ဘဲ သက်သက် သာသာ ရနိုင်တာတွေ ရှိလို့ပါ။

 ကိုယ့်စိတ်ကူး အိပ်မက်ထဲက မင်္ဂလာပွဲလေး ဖြစ်မြောက်ဖို့

ဘယ်လောက်ကုန်မလဲ ဆိုတာ စုံစမ်းပါ။ ဆိုလိုတာက ဝတ်စုံဖိုးတွေ၊ မိတ်ကပ်ဖိုး၊ လက်ဝတ်ရတနာ ဖိုးတွေကို ပြောတာပါ။ အဲ့လို စုံစမ်းပြီး မင်္ဂလာပွဲအတွက် ကုန်ကျစရိတ် စာရင်း တွက်ကြည့် ရပါမယ်။ အဲ့လို တွက်ကြည့်တဲ့အခါ ကိုယ်ရည်ရွယ်ထားတဲ့ ပမာဏ အတိုင်းဝင်ရင် အဆင်ပြေပါပြီ။ မဝင်ဘူးဆိုရင်တော့ ဘယ်နေရာမှာ ကုန်ကျစရိတ် လျှော့ချနိုင်မလဲ ဆိုတာ ပြန်စီစစ်ပါ။ ဒါမှသာ မလိုအပ်တဲ့ နေရာတွေမှာ မကုန်အောင် စီမံခန့်ခွဲနိုင်မှာပါ။

 

Tags: Budgethow to plan

Comments

0 comments