Advertisement

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ ကျင်းပတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေကို သိပြီးပြီဆိုတော့ စိတ်အေးအေးထားပြီး ပြင်ဆင်ထားရင် အဆင်ပြေမှာပါနော်။

စုံတွဲလေးတို့ရေ  ဒီနှစ် ဝါမဝင်ခင် မင်္ဂလာပွဲလေး ကျင်းပမယ်ဆိုရင် အားလုံး အဆင်ပြေစေဖို့ ကြိုတင်ပြီး ပြင်ဆင်ထားရမှာတွေ ရှိပါတယ်နော်။ အဲဒီလို ပြင်ဆင်ထားမှလည်း ပွဲနေ့မှာ စိတ်ချမ်းသာရမှာပါ။ ဘယ်လို အချက်တွေ ပြင်ဆင်ထားရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ဝတ်စုံ

သတို့သမီးလောင်းလေးတို့ ရွေးချယ်ထားပြီးသား ဝတ်စုံကို ထပ်ဝတ်ကြည့်ပါ။ ကိုယ်က အလေးချိန် လျှော့တာ တက်တာ ရှိနိုင်တယ်မဟုတ်လားနော်။ ပွဲနေ့ဝတ်ကြည့်မှ တစ်ခုခု လိုအပ်နေတယ်ဆိုရင် ပြင်ဖို့က ခက်ပြီလေ။ ဒီတော့ ပွဲရက်နီးတဲ့အချိန်မှာ နောက်တစ်ကြိမ် ပြန်ဝတ်ပြီး ပြင်ချင်သေးတယ်ဆိုရင် ပြင်လို့ရအောင်ပါ။

စုံတွဲလေးတို့ ပြင်ထားရမှာတွေ (photo: Wedding day in diary)

မိတ်ကပ်

သတို့သမီးလေးတို့ မိတ်ကပ်အစမ်းပြင်မယ့် ဝန်ဆောင်မှု ရွေးချယ်ထားတယ်ဆိုရင် အစမ်းပြင်ထားလို့ ရပါပြီ။ ကိုယ်ပြင်မယ့် မိတ်ကပ်ဆရာဆီမှာ အစမ်းပြင်ပါ။ ဆံထုံးလည်း အစမ်းထုံးပါ။ မိတ်ကပ်မတည့်တာတွေ ရှိရင် ကြိုပြောပြထားပါ။

ဝန်ဆောင်မှုတွေဆီ ဆက်သွယ်ပါ

မင်္ဂလာပွဲရက် နီးလာပြီဆိုရင် ဝန်ဆောင်မှုတွေဆီ ဆက်သွယ်ပါ။ ဟိုတယ်၊ အစားအသောက်၊ ပန်းအပြင်အဆင်၊ မင်္ဂလာကား စတဲ့ ဝန်ဆောင်မှုတွေဆီကို ကြိုတင်ပြီးတော့ ဆက်သွယ်ပါ။ Remind လုပ်ပါ။ ကိုယ်အပ်ထားတဲ့ Package တွေ ပြောပြီး ပြန်တိုက်ပါ။

ဝန်ဆောင်မှုတွေဆီ ဆက်သွယ်ပါ (photo: Hands Holding Wedding Planner Checklist Information Preparation)

ကျန်းမာရေး ဂရုစိုက်ပါ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ခါနီးမှာ ကျန်းမာရေး အထူးကောင်းမွန်နေဖို့ လိုပါတယ်နော်။ ကျန်းမာရေး ညီညွတ်အောင် စားပြီး အိပ်ရေးဝအောင် အိပ်ပါ။ ကျန်းမာရေး မကောင်းဘူးဆိုရင် ပွဲနေ့မှာ ဘယ်လိုမှ ပျော်ရွှင်ကြည်နူးနိုင်မှာ မဟုတ်ပါဘူးနော်။

ကုန်ကျစရိတ်နဲ့ တာဝန်

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ပွဲနီးပြီဆိုရင် ကုန်ကျစရိတ်လည်း စာရင်းနဲ့ ပြန်တွက်ကြည့်ပါ။ မင်္ဂလာပွဲနေ့မှာ တာဝန်ယူရမယ့် အပိုင်းနဲ့ လူကို ခွဲပါ။ တာဝန်ယူရမယ့် အပိုင်းတွေကို သေချာလေး ရှင်းအောင်လည်း ပြောပြထားပါ။ ဒါမှ မင်္ဂလာပွဲမှာ တစ်နေရာမှ မလစ်ဟင်းမှာပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ ကျင်းပတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေကို သိပြီးပြီဆိုတော့ စိတ်အေးအေးထားပြီး ပြင်ဆင်ထားရင် အဆင်ပြေမှာပါနော်။

Comments

0 comments
Advertisement