Advertisement

မင်္ဂလာဆောင်မှာ ဧည့်သည်တွေအတွက် အကျွေးအမွေး စီစဉ်ပြီဆိုရင် လိုအပ်တဲ့ ဒီအချက်တွေ မမေ့နဲ့နော်။ ဒါမှ ဧည့်သည်တွေအတွက် အဆင်ပြေမှာပါ။

မင်္ဂလာဆောင်မယ့် သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာဆောင်ကို ကြွရောက်မယ့် ဧည့်သည်တွေအတွက် ဧည့်ဝတ်ကျေချင်တယ်ဆိုရင် အကျွေးအမွေးကို သေချာစီစဉ်ထားမှ ဖြစ်မယ်နော်။ မင်္ဂလာဆောင်မှာ ဧည့်သည်တွေအတွက် အကျွေးအမွေး စီစဉ်တယ်ဆိုရင် ဒီအချက်တွေ လိုတယ်နော်။

အကျွေးအမွေး စီစဉ်တဲ့အခါ

စုံတွဲလေးတို့ရေ ခုနောက်ပိုင်းမှာ မင်္ဂလာပွဲအတွက် အကျွေးအမွေးကဏ္ဍကို ခန်းမ၊ ဟိုတယ်စတဲ့ ကျင်းပမယ့် နေရာတွေက စီစဉ်ပေးလေ့ ရှိပါတယ်။ စုံတွဲလေးတို့က အကျွေးအမွေးကို ကိုယ်တိုင်ပဲ မှာယူချင်တယ်ဆိုရင်တော့ အဲဒိလို ခွင့်ပြုမယ့် ခန်းမ၊ ဟိုတယ်တွေကို ရွေးချယ်ရမှာပါ။

အဲဒိလို မဟုတ်ဘဲ ဟိုတယ်၊ ခန်းမတွေကပဲ စီစဉ်မယ်ဆိုရင်တော့ ဧည့်ခံမယ့် အစားအစာတွေ ကောင်းရဲ့လား၊ ကိုယ့်စိတ်တိုင်းကျ ဖြစ်နိုင်မလားဆိုတာကို သေချာလေး မေးမြန်းပါ။ တစ်ခါတလေမှာ ကိုယ်က အပ်လိုက်ပေမယ့် ဧည့်သည်တွေအတွက် အဆင်မပြေတာတွေ ရှိနိုင်ပါတယ်။ အစားအသောက်ကောင်းတဲ့ ခန်းမ ဖြစ်မဖြစ် သေချာ စုံစမ်းပါ။

အရသာ မြည်းစမ်းခွင့်

အကျွေးအမွေး စီစဉ်တဲ့အခါမှာ နောက်ထပ် ဂရုစိုက်ရမယ့် အချက်ကတော့ ခန်းမက စီစဉ်ပေးတဲ့ အစားအစာတွေကို မြည်းစမ်းခွင့် ရမလားဆိုတာပါ။ ဒါမှ အရသာကို သေချာလေး သိနိုင်မှာပါ။ ဒီအချက်က အပြင်ကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် မှာယူရင် စိတ်ကြိုက်ရွေးလို့ရပေမယ့် ခန်းမတွေမှာက ဆိုင်ရွေးလို့ မရဘူးလေနော်။ ဒီတော့ အရသာနဲ့ စီစဉ်ပေးမယ့် ပန်းကန်ခွက်ယောက်တွေရော လှပသလားဆိုတာမေးပါနော်။

အရသာ မြည်းစမ်းခွင့်

အရသာ မြည်းစမ်းခွင့်(photo: www.weddingsonline.ie)

ကိုယ့်အစီအစဉ်နဲ့ကိုယ် မှာယူရင်

စုံတွဲလေးတို့ရေ အကျွေးအမွေးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် မှာယူမယ်ဆိုရင် ကြိုတင်ပြီး ဆိုင်တွေ ရွေးချယ် မြည်းစမ်းထားရမှာ ဖြစ်ပြီး စရံလည်း ကြိုတင်ချပါ။ သတိထားရမယ့် အချက်တချက်ကတော့ အချိန်တိကျဖု့ိပါ။ ဧည့်ခံပွဲအတွက် အစားအသောက်တွေက ကြိုတင်ပြီး ရောက်ရမှာဖြစ်ပါတယ်။ သူတို့ဆီက ပွဲပြင်ပေးမယ့်သူ ပါ မပါ extra charges ထပ်ပေးရမလားဆိုတာတွေပါ မေးပါနော်။ ဒါမှ ပွဲနေ့မှာ အဆင်ပြေမှာပါ။

ထမင်းနဲ့ ပတ်သက်တာတွေ မကျွေးချင်ရင်

အကယ်လို့ ထမင်းနဲ့ ပတ်သက်တာတွေ မကျွေးချင်ဘူးဆိုရင်တော့ ရွေးချယ်စရာအနေနဲ့ ရွှေတောင်ခေါက်ဆွဲ ရှိပါတယ်။ ရွှေတောင်ခေါက်ဆွဲကလည်း မင်္ဂလာဆောင်မှာ အကျွေးများတဲ့ အစားအသောက်တစ်မျိုးပါပဲ။ ရွှေတောင်ခေါက်ဆွဲဆိုရင်တော့ (၁၅၀၀) ကျပ်ကနေ (၁၈၀၀) ကျပ် ဝန်းကျင်လောက် ရှိပါတယ်။ ပြင်ပကနေ မှာယူတာမျိုး လုပ်ဆောင်ရမှာပါနော်။

ဘယ်လိုအစားအစာမျိုး ရွေးချယ်မလဲ

ဘယ်လိုအစားအစာမျိုး ရွေးချယ်မလဲ www.weddingsonline.ie

ဘယ်လိုအစားအစာမျိုး ရွေးချယ်မလဲ

မင်္ဂလာပွဲအချိန်ဟာ မနက်အစောဆိုရင် ကော်ဖီနဲ့ မုန့်မျိုးစုံ ဒါမှမဟုတ် ဒံပေါက်လိုမျိုးထမင်းပါတာတွေနဲ့ ဧည့်ခံတာ အဆင်ပြေနိုင်ပေမယ့် မင်္ဂလာပွဲအချိန်ဟာ နေ့လည်ခင်းဖြစ်နေတယ်ဆိုရင်တော့ ဒံပေါက်လိုမျိုး ထမင်းပါတဲ့ အစားအစာနဲ့ပဲ ကျွေးမွေးဖို့ သင့်တော်ပါတယ်နော်။ ကော်ဖီ၊ မုန့်နဲ့ ဧည့်ခံမယ်ဆိုရင်တော့ ဧည့်သည်တွေအတွက် အဆင်မပြေဖြစ်နိုင်ပါတယ်။ Dinner ဆိုရင်တော့ အသားဟင်း စုံစုံလင်လင် ဟင်းပွဲတွေကို ဦးစားပေး ရွေးချယ်ရမှာဖြစ်ပြီး ဝိုင်၊ ဘီယာတို့ ပါဝင်သင့်ပါတယ်နော်။

မင်္ဂလာဆောင်မှာ ဧည့်သည်တွေအတွက် အကျွေးအမွေး စီစဉ်ပြီဆိုရင် လိုအပ်တဲ့ ဒီအချက်တွေ မမေ့နဲ့နော်။ ဒါမှ ဧည့်သည်တွေအတွက် အဆင်ပြေမှာပါ။

Comments

0 comments