Advertisement

မင်္ဂလာပွဲမှာ နှစ်ယောက်သား စိတ်တူကိုယ်တူဆင်နွှဲပြီး အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့ သတို့သားလောင်းတို့လည်း ပြင်ဆင်ထားရမယ်နော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲမှာ သတို့သမီးရော၊ သတို့သားရော ကြည့်ကောင်းပြီး ကျက်သရေ ရှိနေဖို့ လိုတယ်မလား။ ဒီ့အတွက် သတို့သားရော၊ သတို့သမီးရော ပြင်ဆင်ထားရမှာပါ။ သတို့သားလေးတို့ ပြင်ရမယ့် အချက်တွေကိုတော့ သိထားပေးနော်။ ပွဲနေ့မတိုင်ခင် ဖြည်းဖြည်းချင်း လုပ်ဆောင်ထားပါ။

 

တကိုယ်ရည်စာ ပြင်ဆင်ရမှာတွေ

မင်္ဂလာပွဲအတွက် စီစဉ်ကြတဲ့အခါမှာ အားလုံးက သတို့သမီးလေး အဆင်ပြေရဲ့လားဆိုပြီးပဲ စိတ်ရောက်နေဖို့ များပါတယ်။ သတို့သားလေးတွေမှာက ပြင်ဆင်စရာများများစားစား မရှိတာကြောင့်ပါ။ဒါပေမယ့်လည်း ပြင်ဆင်ရမှာတွေတော့ ရှိပါတယ်။ အတွင်းခံ၊ စွပ်ကျယ်စတာတွေ ကိုယ့်ဘာသာပြင်ဆင်ထားပါ။ သတို့သားလေးတို့ရေ မင်္ဂလာပွဲနီးလေ သတို့သမီးလေးက စိတ်လှုပ်ရှားလေ ဖြစ်တာကြောင့် စိတ်အလိုလိုက်ပေးဖို့နဲ့ ဖျောင်းဖျပြောဆိုပေးဖို့လည်း ကြိုတင်တွေးထားပါနော်။

ကြည့်ကောင်းနေစေဖို့

သတို့သားလေးတို့ရေ မင်္ဂလာပွဲနေ့အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေထဲမှာ အသားအရေ ထိန်းသိမ်းတာလည်း ပါဝင်ပါတယ်။ သတို့သမီးက မင်္ဂလာပွဲနေ့မှာ လှပနေမှာဆိုတော့ လိုက်ဖက်ညီအောင် သတို့သားလည်း လှနေသင့်ပါတယ်နော်။ ဒါကြောင့် တကိုယ်ရည် သန့်ရှင်းရေးနဲ့ အသားအရေကို ဂရုစိုက်သင့်ပါတယ်နော်။

ကြည့်ကောင်းနေစေဖို့

ကြည့်ကောင်းနေစေဖို့ (photo: freepik)

ကူညီပေးပါ

သတို့သားလောင်းလေးတို့ရေ ကူညီတယ်ဆိုတဲ့နေရာမှာ ကားမောင်းပြီး လိုက်ပို့ပေးရုံ၊ လိုက်ဆိုလိုက် သွားဆိုသွားတာမျိုး မလုပ်ပါနဲ့။ အားတက်သရော ကူညီပါ။ ကိုယ့်ဇနီးလောင်းလေးကို ဘာတွေ ပြီးပြီလဲ၊ ဘယ်အရာတွေ ကိုယ်တစ်ယောက်တည်း လုပ်လို့ ရမလဲ မေးပြီး တတ်နိုင်သလောက် လုပ်ပါ။

ပွဲနေ့အတွက်

သတို့သားလေးတို့ရေ မင်္ဂလာပွဲနေ့အတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ပွဲနေ့မှာ ကိုယ့်အတွက် လိုအပ်တာတွေကို ကိုယ်တိုင်သိနေပါစေ။ တကိုယ်ရည်စာ ပစ္စည်းတွေကို ကိုယ်တိုင်စိစစ်ပြီး သယ်ပါ။ ရှိသမျှ အကုန်သတို့သမီးလေးပဲ သယ်လာပေး ဆိုတာမျိုး မဖြစ်ပါစေနဲ့။ သတို့သမီးလေးက တစုတစည်းတည်း သယ်လာပေးမယ်ဆိုရင်တောင် ဘာတွေ ကျန်နေသေးလဲ၊ စုံရဲ့လား ဒါမျိုး သတိထားပေးနေပါ။

ရေများများသောက်ပါ

ရေများများသောက်ပါ (photo: freepik)

ရေများများသောက်ပါ

သတို့သားလေးတို့ ရေများများ သောက်ဖို့လည်း မမေ့လိုက်ပါနဲ့နော်။ ရေများများ သောက်တာက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခန္ဓာကိုယ်အတွက် ကောင်းစေတာမို့ ပွဲနီးမှ ကိုယ်ခံအားနည်းတာ၊ နေမကောင်းတာမျိုး မဖြစ်အောင်ပါ။

မင်္ဂလာပွဲမှာ နှစ်ယောက်သား စိတ်တူကိုယ်တူဆင်နွှဲပြီး အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့ သတို့သားလောင်းတို့လည်း ပြင်ဆင်ထားရမယ်နော်။

Comments

0 comments