Advertisement

ကိုယ့်ရဲ့မင်္ဂလာပွဲ စီစဥ◌်ဖို့ အချိန်(၃) လလောက်ပဲ ရမယ်ဆိုရင် အခုပြောပြထားတဲ့ အချက်(၃) ချက်ကို အရင်ဆုံးကြိုတင်စီစဥ◌်ပါနော်။

ခုက မင်္ဂလာပွဲတွေ မကျင်းပရဘူးဆိုပေမယ့် အကျဥ◌်းချုံး ကျင်းပကြတာမျိုးတော့ ရှိကြပါတယ်။ ကိုယ့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ပဲပေါ့နော်။ အဲဒီလိုမျိုး အကျဥ◌်းချုံးပွဲလေး ကျင်းပဖို့ အချိန် (၃) လလောက်ပဲ ရတယ်ဆိုရင် ဒီအတောအတွင်း ဘာတွေ စီစဥ◌်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။ အချိန်(၃)လလောက်ပဲ ရတာဖြစ်တဲ့အတွက် သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့အနေနဲ့ နည်းနည်းတော့ စိတ်လောနေတာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအရာကို စီစဉ်ထားပြီးဆိုရင်တော့ စိတ်အေးနိုင်ပြီး ကျန်တာလေးတွေ တဖြည်းဖြည်း စီစဉ်ထားလို့ ရပါတယ်နော်။ ဘာတွေ အရင်ဆုံး စီစဉ်ရမယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။

https://www.afghanweddingcards.com/

 Pre wedding

သတို့သားနဲ့ သတို့သမီးလေးတို့ရေ Pre wedding ဓါတ်ပုံ ရိုက်ကူးခြင်းကလည်း ခုနောက်ပိုင်းမှာ အရေးကြီးတဲ့အချက်တစ်ချက်ပါပဲနော်။ မင်္ဂလာဆောင်နဲ့ ပတ်သက်ပြီး အမှတ်တရ  ပြန်ကြည့်တဲ့အခါမှာ ဓါတ်ပုံတွေက သက်သေပဲမလားနော်။ ဒီတော့ Pre wedding ဓါတ်ပုံတွေက အရေးကြီးပါတယ်။ ခုခေတ်မှာက ရွေးချယ်စရာတွေကလည်း များတာမို့ စုံတွဲလေးတို့ review များများ ဖတ်ပြီး အမြန်ဆုံး ရွေးချယ် အပ်နှံဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ မင်္ဂလာပွဲနေ့ ဓါတ်ပုံပါ။ အမှတ်တရ ပြန်ကြည့်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဓါတ်ပုံတွေ လှဖို့လိုပါတယ်။ ဓါတ်ပုံရိုက်ပေးမယ့်သူကိုလည်း အမြန်ဆုံး ချိတ်ဖို့ လိုပါတယ်နော်။

မိတ်ကပ်

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ လှနေဖို့ဆိုရင် မိတ်ကပ်ဆရာတွေကလည်း အရေးပါတဲ့အချက်တစ်ချက်ပါပဲ။ ခုက မင်္ဂလာပွဲတွေ ကျင်းပခွင့် မရဘူးဆိုတော့ သတို့သမီးလေးတို့ မိတ်ကပ်ဆရာ ချိတ်ရတော့လွယ်နိုင်ပါတယ်။ ဒါပေမယ့် မိတ်ကပ်ဆရာက ပြင်ပေးပါ့မလားဆိုတာလည်း ရှိသေးတာပေါ့နော်။ ကျန်းမာရေး အခြေအနေတွေက စိတ်ပူနေရဆဲမလို့ ကြိုတင်ပြီး မိတ်ကပ်ဆရာကို မေးထားဖို့တော့ လိုပါတယ်နော်။ ကိုယ့်အိမ်ကို လာပြင်မလား၊ ဆိုင်မှာသွားပြင်ရမလားဆိုတာလည်း ကြိုတင်ဆုံးဖြတ်ထားဖို့ လိုပါတယ်။

https://www.afghanweddingcards.com/

ဝတ်စုံနဲ့ ဖိတ်စာ

မင်္ဂလာပွဲ ကျင်းပဖို့ အချိန်(၃) လလောက်ပဲ ရတယ်ဆိုရင်တော့ မင်္ဂလာဝတ်စုံကို အသစ်ချုပ်ဖို့ အချိန်မမီနိုင်ပါဘူး။ သတို့သမီးလေးတို့ ခန့်မှန်းထားတဲ့ ကုန်ကျစရိတ်တွေထဲက သင်တော့်မယ့် ဝတ်စုံပုံစံလေးတွေ ငှားပါ။ ထိုင်မသိမ်းပဲ ဖြစ်ဖြစ် အနောက်တိုင်းဝတ်စုံပဲဖြစ်ဖြစ် ငှားလို့ရပြီး အချိန်တိုအတွင်း စီစဉ်လို့ ရနိုင်ပါတယ်။ ဖိတ်စာကလည်း ဝေရမယ့် အချိန်နဲ့ ရိုက်ရမယ့်ကြာချိန်ကြောင့် အနည်းဆုံး (၂) ပတ်လောက်ကြိုတင်ပြီး စီစဉ်သင့်ပါတယ်နော်။

 

Comments

0 comments