Advertisement

လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ တစ်ဆင့်ချင်းစီကို ဖြည်းဖြည်းချင်း စီစဥ◌်ရမှာမလို့ ဘယ်အချက်ကနေ စပြီး စီစဥ◌်ရမလဲဆိုတာ ပြောပြထားတယ်နော်။

မင်္ဂလာပွဲတစ်ပွဲ စီစဉ်ရတာမလွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူးနော်။မင်္ဂလာပွဲ စီစဉ်တဲ့အချိန်မှာ စိတ်ပူပင်ပြီး ဟိုလာအရင်လုပ်ရမလိုလို ဒီဟာအရင်လုပ်ရမလိုလိုနဲ့ ဘာမှ စတင်ပြီး မလုပ်ဖြစ်တာတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် Marry ကနေ သတို့သား၊ သတို့သမီးလေးတို့ မင်္ဂလာဆောင်ကိစ္စ စီစဉ်တဲ့အခါမှာ ပူပင်မှုတွေ ကင်းပြီး အဆင်ပြေစေဖို့ အဆင့်ဆင့် လုပ်ရမှာလေးတွေ ပြောပြပေးမယ်နော်။

(၁) Pre wedding ဘယ်အချိန်ရိုက်မလဲ

ခုနောက်ပိုင်းမှာ Pre wedding ရိုက်တာက အရမ်းကို ခေတ်စားလာပါတယ်။ ဘယ်အချိန် ရိုက်ရမလဲဆိုတော့ နှစ်ဖက်မိဘနဲ့ မင်္ဂလာကိစ္စပြောပြီးပြီဆိုရင်တော့ စရိုက်လို့ ရပါတယ်။ စုံတွဲလေးတို့ရေ မင်္ဂလာပွဲနီးမှတော့ မရိုက်ပါနဲ့နော်။ မင်္ဂလာပွဲ နီးတဲ့အခါမှာ လုပ်စရာအလုပ်တွေက အရမ်းကို များပါတယ်။ ပြဿနာ သေးသေးလေးတွေ စုနေပြီး စိတ်ရှုပ်နေရမှာပါ။ ဒီတော့ ဓါတ်ပုံထဲမှာ မလှတာမျိုး ဖြစ်တတ်ပါတယ်။ Pre wedding ရိုက်မယ်ဆိုရင် မင်္ဂလာပွဲနဲ့ မကပ်ပါစေနဲ့နော်။ စိတ်ကြည်ကြည်လင်လင် ဖြစ်နေတဲ့အချိန်မှာ ရိုက်ပါလို့ အကြံပြုပေးလိုက်ပါတယ်

Pre wedding

Pre wedding

(၂)ဘယ်နေရာမှာ ဆောင်မလဲ

မင်္ဂလာပွဲတစ်ပွဲ စတင်ပြီး စီစဉ်တော့မယ်ဆိုတာနဲ့ စတင် လုပ်ဆောင်ရမယ့်အရာက ဘယ်နေရာမှာ မင်္ဂလာပွဲ ကျင်းပမလဲဆိုတဲ့ အချက်တစ်ချက်ပါပဲနော်။ ဟိုတယ်၊ ခန်းမ နေရာကို အရင်ဆုံး ရှာရပါမယ်။ ဟိုတယ် ခန်းမ နေရာ ရပြီဆိုမှ ကျန်တာတွေ ရှေ့ဆက်လို့ရမှာပါ။ ခန်းမ ရပြီဆိုရင်တော့ သတို့သား၊ သတို့သမီးလေးတို့ မင်္ဂလာပွဲကို ကိုယ်တိုင်စီစဉ်မလား၊ planner နဲ့ အပ်မလားဆိုတာ သေချာလေး တွေးရမှာပါနော်။ Planner နဲ့ အပ်လိုက်တယ်ဆိုရင်တော့ အရမ်းစိတ်ပူစရာ မရှိဘူးပေါ့နော်။ မင်္ဂလာခန်းမ ရွေးမယ်ဆိုရင်တော့ ငွေကြေးနဲ့ ဖိတ်မယ့်လူဦးရေကို ကြည့်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ခန်းမနဲ့ ဖိတ်ထားတဲ့ လူဦးရေက ကွက်တိလောက်ဖြစ်မှသာ ပွဲက စည်စည်ကားကားလေးနဲ့ ကြည့်လို့ လှမှာပါ။ ကွက်တိမကျဘူးဆိုရင်တော့ ပွဲက ကျိုးတို့ကျဲတဲနဲ့ မလှနိုင်ပါဘူး။

ဖိတ်စာနဲ့ လူဦးရေ

ဖိတ်စာနဲ့ လူဦးရေ

(၃) မိတ်ကပ်နဲ့ ဝတ်စုံ

စုံတွဲလေးတို့ နှစ်ယောက်စလုံး မင်္ဂလာဆောင်တဲ့နေ့မှာ လှဖို့ဆိုရင် မိတ်ကပ်နဲ့ ဝတ်စုံက သိပ်ကိုအရေးပါပါတယ်။ စုံတွဲလေးတို့ အသားရောင်နဲ့ လိုက်ဖက်မယ့် အရောင်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်တဲ့အခါမှာလည်း ကုန်ကျစရိတ်ပေါ်ကြည့်ပြီး အပိုင်၊ အငှား၊ အသစ်ချုပ်အငှားစတာတွေ လုပ်နိုင်မှာပါ။ မိတ်ကပ်ဆိုရင်လည်း သတို့သမီးလေးတို့ မျက်နှာအချိုးအစားနဲ့ လိုက်အောင် ပြင်ပေးတတ်တဲ့ မိတ်ကပ်ဆရာ ဖြစ်ဖို့လိုပါတယ်နော်။ လှဖို့ဆိုတာ မိတ်ကပ်ဆရာနဲ့ ဆိုင်ပါတယ်။ မိတ်ကပ်ဆရာတွေကလည်း ကြိုချိတ်ရတာမို့ စုံတွဲလေးတို့ Pre wedding ရိုက်ပြီးတာနဲ့ ချိတ်ပါ။

(၄) ဖိတ်စာနဲ့ လူဦးရေ

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ တစ်ပွဲ ကျင်းပတဲ့အခါမှာ လူဦးရေက အရမ်းကို အရေးကြီးပါတယ်။ လူဦးရေကို အတိအကျ သိမှာသာ အကျွေးအမွေး၊ ပြန်ကမ်း၊ ဖိတ်စာ စီစဉ်ရတာ လွယ်ကူအဆင်ပြေမှာပါ။ ဒါကြောင့် ဖိတ်စာ ဖိတ်ဖို့ စီစဉ်တဲ့အခါမှာ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေကစပြီး နည်းနည်း ဝေးတဲ့သူ ဒီလိုမျိုး တဖြည်းဖြည်းချင်း ဆောင်ရွက်သွားပါနော်။

အလှအပရေးရာ

အလှအပရေးရာ

(၅) အလှအပရေးရာ

မင်္ဂလာပွဲမှာ စီစဉ်ထားတာတွေကတော့ လုံးဝကို အလန်းစားဖြစ်နေပြီး သတို့သမီးလေး မလှဘူးဆိုရင် ဘယ်ကောင်းမလဲနော်။ မင်္ဂလာပွဲမှာ သတို့သမီးလေး လှနေဖို့ဆိုတာ မိတ်ကပ်ဆရာရဲ့ ကျွမ်းကျင်မှုအပြင် သတို့သမီးလေးကိုယ်တိုင် အသားအရေ ကောင်းနေဖို့ လိုပါတယ်။ သတို့သမီးလေးကိုယ်တိုင် အသားအရေ ထိန်းသိမ်းထားမှသာ လှမှာပါ။ စိတ်ဖိစီးမှုတွေလည်း နည်းနိုင်သမျှ နည်းအောင် လုပ်ရမှာပါ။ ဒါမှ ဝက်ခြံထွက်တာတွေနဲ့ အိပ်ရေးပျက်တာကြောင့် မျက်ကွင်းညိုတာတွေ ဖြစ်နိုင်ပါတယ်။ အလှဆုံး သတို့သမီး ဖြစ်ဖို့ စိတ်ကို ငြိမ်အောင်ထားပါနော်။

ချစ်တို့ရေ မင်္ဂလာပွဲတစ်ပွဲ ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ တစ်ဆင့်ချင်းစီကို ဖြည်းဖြည်းချင်း စီစဥ◌်ရမှာမလို့ ဘယ်အချက်ကနေ စပြီး စီစဥ◌်ရမလဲဆိုတာ ပြောပြထားတယ်နော်။

Comments

0 comments