Advertisement

စုံတွဲလေးတို့ မင်္ဂလာဆောင်တော့မယ်ဆိုရင် အရင်ဆုံး ပိုက်ဆံကြိုစုရမှာပါ။ ဘယ်လို ဘယ်ပုံနည်းနဲ့ စုရင် အမြန်ဆုံး စုဗူးလေး ပြည့်မလဲဆိုတာ ပြောပြပေးထားပါတယ်နော်။

မင်္ဂလာဆောင်ပွဲ ကျင်းပတယ်ဆိုတာ ပိုက်ဆံအကုန်အကျ များပါတယ်။ မင်္ဂလာဆောင်ပွဲ ကျင်းပဖို့အတွက် ပိုက်ဆံသီးသန့်အပို ရှိထားပြီးသားသူတွေအတွက်က အဆင်ပြေပေမယ့် မင်္ဂလာဆောင်အတွက် အခုမှစစုမယ်ဆိုရင်တော့ သေချာလေး စီစစ်ဖို့ လိုပါတယ်။ မင်္ဂလာဆောင်အတွက် ပိုက်ဆံ စစုတော့မယ်ဆိုရင် လိုအပ်တဲ့အချက်လေးတွေ ပြောပြမယ်နော်။

ရည်မှန်းချက်ထားပါ

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဆောင်မှာ ကုန်ကျမယ့် ငွေပမာဏ ခန့်မှန်းလို့ ရပြီဆိုရင်တော့ တစ်လကို ဘယ်လောက် စုမယ်ဆိုပြီး ရည်မှန်းချက်ထားပါ။ မင်္ဂလာဆောင်မှာ နှစ်ယောက်တည်းရဲ့ စုထားတဲ့ ပိုက်ဆံနဲ့ပဲ ဆောင်မယ်ဆိုရင်တော့ ပိုပြီးစုဖို့လိုပါတယ်။ ဘယ်နှနှစ်နေရင် ဆောင်မယ်ဆိုတာ စဉ်းစားပြီပြီဆိုရင်တော့ အဲဒီနှစ်အတွင်းမှာ မင်္ဂလာဆောင်စရိတ်ကို အချိုးကျ တစ်လချင်းစီ စုရမှာပါ။ ပြည့်မှ မင်္ဂလာဆောင်မယ်ဆိုတာထက် မင်္ဂလာဆောင်ဖို့ ပြည့်အောင်စုမယ်လို့ တွေးထားပါ။

ဝင်ငွေ

မင်္ဂလာဆောင်ပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားဆောင်မယ်ဆိုရင်တော့ ကုန်ကျစရိတ်က အရင်ကထက် ပိုပြီး ရှိလာနိုင်တာမို့ ဝင်ငွေလည်း တစ်ခု မက ရှိသင့်ပါတယ်။ အလုပ် နှစ်ခုလောက်ကနေ ဝင်ငွေနှစ်ခု ရှိနေမယ်ဆိုရင် တစ်ခုကို အသုံးစရိတ်အဖြစ်ထားပြီး နောက်တစ်ခုကို မင်္ဂလာဆောင်စရိတ်အတွက် အေးဆေးစုလို့ ရပါတယ်နော်။

(photo: indy100.com)

အချိန်ယူပါ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်အတွက် ပိုက်ဆံစုတယ်ဆိုရင် အချိန်ယူပါ။ အခု ချက်ချင်းစု၊ အခုချက်ချင်း မင်္ဂလာပွဲ ကျင်းပချင်လို့တော့ မရဘူးပေါ့နော်။ ပိုက်ဆံစုတဲ့အခါမှာ အချိန်ယူဖို့ ကြိုးစားပါ။ အချိန်ယူမှသာ အဆင်ပြေမှာပါ။ တချို့ဆိုရင် ပိုက်ဆံမြန်မြန်စုတာ မပြည့်လို့ဆိုပြီး အချင်းချင်း ရန်ဖြစ်တာမျိုး ရှိပါတယ်။

မင်္ဂလာပွဲပုံစံ သတ်မှတ်ပါ

မင်္ဂလာပွဲကျင်းပနိုင်ဖို့ ပိုက်ဆံ စတင်စုတော့မယ်ဆိုရင် မင်္ဂလာပွဲ ပုံစံနဲ့ ဖိတ်ကြားမယ့် ဧည့်သည်အရေအတွက်ကို ပထမဆုံးအကြမ်းဖျင်း တွက်ကြည့်ပါ။ မင်္ဂလာပွဲကို လက်မှတ်ထိုး ဆွမ်းကျွေးပုံစံလုပ်မလား၊ ဘုန်းကြီးကျောင်း မင်္ဂလာခန်းမမှာ လုပ်မလား၊ ဟိုတယ်မှာပဲ ဆောင်မလား အစရှိသလို တွက်ကြည့်ပါ။ ဒီလိုဆိုရင် ကုန်ကျစရိတ် အကြမ်းဖျင်းတွက်လာမှာပါ။ သိန်းငါးဆယ်၊ သိန်းရှစ်ဆယ် အစရှိုသဖြင့် သိရမှာပါ။ ဒါမှ ငွေစုဖို့ လွယ်ကူမှာပါ။

 

Comments

0 comments