Advertisement

Marry ရဲ့ စုံတွဲလေးတို့ရေ အိပ်မက်ထဲက မင်္ဂလာပွဲလေး အထမြောက်ဖို့အတွက် အရေးအကြီးဆုံးက မင်္ဂလာစရိတ်ပါ။ မင်္ဂလာပွဲ ကျင်းပပြီး နှစ်ယောက်သား တစ်ဘဝလေး ထူထောင်ဖို့ အိပ်မက်လေးတွေ ခိုင်ခိုင်မာမာ ရှိကြတယ် ဆိုပေမယ့် ငွေရေးကြေးရေးကြောင့် မင်္ဂလာပွဲကို အကောင်အထည်မဖော်နိုင်သေးတဲ့ စုံတွဲလေးတွေ အတွက် မင်္ဂလာစရိတ်ကို ဘယ်လိုဖန်တီး စုဆောင်းကြမလဲ ဆိုတဲ့အကြောင်း Marry က အကြံကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

စုံတွဲတော်တော်များများက အချစ်ကိစ္စမှာ ငွေရေးကြေးရေး မပါချင်တဲ့အတွက် ပိုက်ဆံစကားပြောလေ့ ပြောထ မရှိပါဘူး။ ကိုယ့်လက်ထဲမှာ ပိုက်ဆံမရှိရင်တောင် ကိုယ့်ချစ်သူကို မရှိမှန်း မသိစေရအောင် ဖုံးတတ် ကွယ်တတ်ကြပါတယ်။ တကယ်လက်ထပ်ဖို့၊ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားတယ် ဆိုရင်တော့ ငွေရေးကြေးရေးအကြောင်း မပြောလို့ မရတော့ပါဘူး။ ဘဝတစ်ခု တည်ထောင်ရာမှာ ငွေကြေးက အဓိက အကျဆုံးနေရာကနေ ပါဝင်နေတာပါ။ မင်္ဂလာစရိတ် စုဆောင်းဖို့ အတွက်ဆိုရင်လည်း နှစ်ယောက်မှာ ဝင်ငွေ ဘယ်လောက်ရှိတယ်။ ငွေပမာဏ ဘယ်လောက်ကိုတော့ မင်္ဂလာဆောင်ဖို့ စုသင့်တယ် ဆိုတဲ့ Budget Plan ကို အတူတကွ တိုင်ပင်ရေးဆွဲဖို့ လိုအပ်ပါတယ်။

ငွေရေးကြေးရေး ကိစ္စနဲ့ ပတ်သက်ရင် နှစ်ဦးစလုံးရဲ့ အမြင်နဲ့ သဘောတူညီမှုက အရေးပါလှပါတယ်။ တစ်ချို့ စုံတွဲတွေမှာ ငွေစုတာနဲ့ ပတ်သက်ရင် မိန်းကလေးတွေကပဲ စီမံကွပ်ကဲလေ့ ရှိပါတယ်။ တစ်ချို့စုံတွဲတွေ ကျတော့လည်း ကောင်မလေးက စိတ်ကောက်တတ်လွန်းလို့ ယောကျာ်းလေးက ငွေရေးကြေးရေး ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဝင်မပြောတာ၊ တစ်ချို့တွေ ကျတော့လည်း ကောင်လေးက ဒေါသကြီးတတ်လို့ ကောင်မလေးက ငွေရေးကြေးရေးမှာ လက်ရှောင်တာတွေ ရှိတတ်ပါတယ်။

 

ဒီ အမှုအကျင့်တွေဟာ မင်္ဂလာ စရိတ်စုဆောင်းချိန်က စလို့ မိသားစု ဘဝတည်ထောင်ချိန်ထိကို ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အမှားအယွင်းတွေ ဖြစ်စေနိုင်ပါတယ်။  ဒါကြောင့် မ၈ၤလာ စရိတ်နဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ယောက်စလုံးရဲ့ အမြင်၊ဆုံးဖြတ်ချက်တွေကို လိုက်နာပေးရပါမယ်နော်။ တစ်လကို မင်္ဂလာစရိတ်အတွက် ဘယ်လောက်စုမယ် ဆိုတာက အစ နှစ်ဦးသဘောတူ သတ်မှတ်ထားတဲ့ ပမာဏ ဖြစ်ရမှာပါ။

Comments

0 comments