Advertisement

သတို့သမီးလေးတို့ မင်္ဂလာပွဲအတွက် တစ်ဦးတည်း စဉ်းစားထားရမယ့်အချက်တွေ ရှိပါတယ်။ အဲဒါတွေ စဉ်းစားပြီးမှ သတို့သားလေးနဲ့ မိဘတွေကို တိုင်ပင်ဆွေးနွေးကြည့်ပါ

မင်္ဂလာပွဲ တစ်ပွဲ စီစဉ်တော့မယ်ဆိုရင် အများဆုံး တွေးတောရတာ သတို့သမီးလေးပဲမလားနော်။ မင်္ဂလာပွဲဆိုတာက သတို့သမီးလေးရဲ့ ပွဲပဲလေနော်။ ဒီတော့ သတို့သမီးလေး တစ်ဦးတည်း စဉ်းစားစီစဉ်ရမှာတွေ အများကြီး ရှိပါတယ်။ သတို့သမီးလေးတို့ မင်္ဂလာပွဲအတွက် တစ်ဦးတည်း စဉ်းစားထားရမယ့်အချက်တွေ ရှိပါတယ်။ အဲဒါတွေ စဉ်းစားပြီးမှ သတို့သားလေးနဲ့ မိဘတွေကို တိုင်ပင်ဆွေးနွေးကြည့်ပါ။

Wedding Theme

သတို့သမီးလေးတို့ရေ Wedding Theme လေးလည်း သေချာစဉ်းစားထားပါ။ တချို့သတို့သမီးလေးတွေဆိုရင် Hello Kitty ပုံစံလေးတွေ၊ ရှေးတုန်းက ပုံစံလေးတွေ အစရှိသလို Theme နဲ့ လုပ်တာမျိုး ရှိပါတယ်။ သတို့သမီးလေးလည်း အဲဒါမျိုး လုပ်မယ်ဆိုရင် စဉ်းစားထားပါ။

မင်္ဂလာပွဲပုံစံ

သတို့သမီးလေးတို့ စိတ်ထဲမှာ မင်္ဂလာပွဲအတွက် စိတ်ကူးယဉ်တာမျိုး ရှိကောင်း ရှိမှာပါ။ မင်္ဂလာပွဲ ပုံစံပေါ့။ ဒါပေမယ့် တကယ်ဆောင်တော့မယ်ဆိုရင်တော့ ချင့်ချိန်ရတာတွေ အများကြီးပါပဲ။ ကုန်ကျစရိတ်နဲ့ နှစ်ဖက်မိဘကိုလည်း ညှိနှိုင်းရမှာပါ။ ဒီတော့ တကယ်ဆောင်တော့မယ်ဆိုရင် အရင်က ဘာတွေပဲ စိတ်ကူးခဲ့ကူးခဲ့ အနီးစပ်ဆုံးဖြစ်မယ့်ဟာကိုပဲ တွေးပါ။ ကိုယ့်ရဲ့ ကုန်ကျစရိတ်နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် မင်္ဂလာပွဲပုံစံကို စဉ်းစားပါ။ ပြီးမှ သတို့သားလေးကို ကိုယ့်စိတ်ကူးတွေ ပြောပြပါ။

သတို့သမီးလေးတို့ ဘယ်သူနဲ့ပြင်မယ်ဆိုတာ မစဉ်းစားခင် ဘယ်လိုမိတ်ကပ်ပုံစံ ပြင်မလဲဆိုတာ စဉ်းစားပါ။ မိတ်ကပ်က အရှေ့တိုင်းပုံစံလား၊ အနောက်တိုင်းဆန်တာကို ကြိုက်လားပေါ့။ အဲဒီအချက်ကို အရင်ဆုံး စဉ်းစားထားလိုက်ပါ။ အဲဒါဆိုရင် မိတ်ကပ်ဆရာ ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာလည်း လွယ်ကူသွားပါလိမ့်မယ်။

Planning Book

သတို့သမီးလေးတို့ မင်္ဂလာပွဲလေး ကျင်းပတော့မယ်ဆိုရင် Planning Book တစ်အုပ်လုပ်ထားဖို့လည်း စဉ်းစားပါ။ အပြင်ဆိုင်တွေမှာ ဝယ်လို့ရသလို ကိုယ်တိုင်လည်း လုပ်လို့ ရပါတယ်။ အဲဒီမှာ သတို့သမီးလေးတို့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး လိုချင်တာတွေ၊ လုပ်ချင်တာတွေနဲ့ လုပ်ရမှာတွေကို စဉ်းစားမိသလောက် ချေရေးထားလိုက်ပါ။ အဲဒါဆိုရင် စီစဉ်ရတာ လွယ်သွားမှာပါ။

ဟန်းနီးမွန်း

ဟန်းနီးမွန်း

ဟန်းနီးမွန်း

သတို့သမီးလေးတစ်ဦးတည်း စဉ်းစားထားရမယ့်အချက်တွေထဲမှာ ဟန်းနီးမွန်းလည်း ပါဝင်ပါတယ်။ မင်္ဂလာပွဲအတွက် စီစဉ်နေရင်း ထည့်သွင်းစဉ်းစားထားရမယ့်အချက်တစ်ချက်ပါပဲနော်။ အနည်းဆုံး ဘယ်နေရာသွားမယ်ဆိုတာ စဉ်းစားထားပါ။ နောက်မှ သတို့သားလေးနဲ့ တိုင်ပင်ပေါ့။

ချစ်တို့ရေ မင်္ဂလာပွဲ ကျင်းပမယ်လို့ တွေးထားရင်တော့ ဒီအချက်လေးတွေ သိထားဖို့ လိုတယ်နော်။

Comments

0 comments